Skip to content
Opens in a new window
Listen to this chapter • 8:59

[1] ယေရှု​သည် ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် တပည့်​တော်​တို့​နှင့်အတူ ကေဒြုန်​ချောင်း​တစ်ဖက်​သို့ ထွက်သွား​တော်မူ​၏။ ထို​အရပ်​၌ ဥယျာဉ်​တစ်ခု​ရှိ​၍ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ ထို​ဥယျာဉ်​ထဲသို့​ဝင်​တော်မူ​၏။

[2] ယေရှု​သည် ထို​အရပ်​တွင် တပည့်​တော်​တို့​နှင့် မကြာခဏ​စုဝေး​လေ့​ရှိ​သောကြောင့် ကိုယ်တော်​ကို​အပ်နှံ​မည့်​သူ ယုဒ​သည်​လည်း ထို​အရပ်​ကို​သိ​ထား​၏။

[3] သို့ဖြစ်၍ ယုဒ​သည် တပ်ဖွဲ့​တစ်​ဖွဲ့​ကို​လည်းကောင်း၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​ဖာရိရှဲ​များ​က စေလွှတ်​လိုက်​သော​အစောင့်​တပ်သား​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ထို​အရပ်​သို့​ရောက်လာ​၏။ ထို​သူ​တို့​သည် မီးအိမ်၊ မီးရှူး​နှင့် လက်နက်​များ​ကို​ကိုင်ဆောင်​ထား​ကြ​၏။

[4] ယေရှု​သည် မိမိ​၌​ဖြစ်လာ​မည့်​အရာ​အလုံးစုံ​တို့​ကို သိ​နှင့်​တော်မူ​သောကြောင့် ထွက်လာ​၍“ မည်သူ့ ကို ရှာ ကြ သနည်း ” ​ဟု မေး​တော်မူ​လျှင်

[5] သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ပြန်​ပြော​ကြ​၏။ ကိုယ်တော်​က​လည်း“ ငါ ဖြစ် သည် ” ​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​ကို​အပ်နှံ​သူ ယုဒ​သည်​လည်း ထို​သူ​တို့​နှင့်အတူ​ရပ်​လျက်​နေ​၏။

[6] ထိုသို့ ကိုယ်တော်​က“ ငါ ဖြစ် သည် ” ​ဟု မိန့်​တော်မူ​သောအခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်၌​လဲကျ​ကြ​၏။

[7] ထို့ကြောင့် ကိုယ်တော်​သည် နောက်တစ်ဖန် သူ​တို့​အား“ မည်သူ့ ကို ရှာ ကြ သနည်း ” ​ဟု မေး​တော်မူ​လျှင် သူ​တို့​က “နာဇရက်​မြို့သား​ယေရှု​ကို​ရှာ​သည်”​ဟု ဆို​ကြ​၏။

[8] ယေရှု​က​လည်း“ ငါ ဖြစ် သည် ဟု သင် တို့ အား ငါ ပြော ခဲ့ ပြီ ။ သို့ဖြစ်၍ သင် တို့ သည် ငါ့ ကို ရှာ ကြ လျှင် ဤ သူ တို့ သွား ပါလေစေ ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[9] ထိုသို့​မိန့်​တော်မူ​သည်​မှာ“ အကျွန်ုပ် ထံ ကိုယ်တော် ပေးအပ် တော်မူ သော သူ တို့ တွင် မည်သူမျှ အကျွန်ုပ် မ ဆုံးရှုံး ခဲ့ ပါ ” ​ဟု ကိုယ်တော်​မြွက်ဆို​ခဲ့​သော​စကား ပြည့်စုံ​စေရန်​ဖြစ်​၏။

[10] ထိုစဉ်တွင် ရှိမုန်​ပေတရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ ထို​အစေအပါး​၏​အမည်​ကား မာလခု​ဖြစ်​၏။

[11] ယေရှု​က​လည်း“ ဓား ကို ဓားအိမ် ထဲသို့ ပြန် သွင်း လော့ ။ ငါ့ အား ခမည်းတော် ပေး တော်မူ သော ခွက် ကို ငါ မ သောက် ဘဲ နေ ရ မည် လော ” ​ဟု ပေတရု​အား မိန့်​တော်မူ​၏။

[12] ထိုအခါ တပ်ဖွဲ့​တစ်​ဖွဲ့၊ တပ်မှူးကြီး​နှင့် ဂျူး​လူမျိုး​အစောင့်​တပ်သား​တို့​သည် ယေရှု​ကို​ဖမ်းဆီး​၍ ချည်နှောင်​ကြ​ကာ

[13] အန္နတ်​ထံသို့ ဦးစွာ​ခေါ်ဆောင်​သွား​ကြ​၏။ အကြောင်းမူကား အန္နတ်​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​၏​ယောက္ခမ​ဖြစ်​၏။

[14] ထို​ကယာဖ​သည် “လူ​တစ်​ဦး​က လူထု​ကိုယ်စား​အသေခံ​ခြင်း​သည် ပို၍​ကောင်း​၏” ​ဟု ဂျူး​လူမျိုး ​တို့​အား အကြံပေး​ခဲ့​သူ​ဖြစ်​၏။

[15] ရှိမုန်​ပေတရု​နှင့် အခြား​တပည့်​တော်​တစ်​ပါး​သည် ယေရှု​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။ ထို​တပည့်​တော်​သည် ယဇ်ပုရောဟိတ်​မင်း​၏​အသိ​ဖြစ်​၍ ယေရှု​နှင့်အတူ ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​ထဲသို့ ဝင်​လေ​၏။

[16] ပေတရု​မူကား ခြံ​တံခါး​အပြင်​ဘက်​၌ ရပ်​နေ​၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်​မင်း​၏​အသိ​ဖြစ်​သော ထို​တပည့်​တော်​သည်​ထွက်လာ​၍ တံခါးစောင့်​မိန်းမ​အား​ပြော​ပြီးလျှင် ပေတရု​ကို အထဲသို့​ခေါ်သွား​လေ​၏။

[17] ထိုအခါ တံခါးစောင့်​ဖြစ်​သော ထို​အစေခံ​မိန်းမ​က ပေတရု​အား “သင်​သည်​လည်း ထို​သူ​၏​တပည့်​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု ဆို​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ဆို​လေ​၏။

[18] ထို​ကာလ​သည်​ချမ်းအေး​သောကြောင့် အစေအပါး​တို့​နှင့် အစောင့်​တပ်သား​တို့​သည် မီးခဲ​ဖို​ပြီး ရပ်​လျက်​မီးလှုံ​နေ​ကြ​၏။ ပေတရု​သည်​လည်း သူ​တို့​နှင့်အတူ​ရပ်​၍ မီးလှုံ​နေ​၏။

[19] ထိုစဉ်တွင် ယဇ်ပုရောဟိတ်​မင်း​သည် ယေရှု​အား တပည့်​တော်​တို့​နှင့်​ပတ်သက်၍​လည်းကောင်း၊ သူ​၏​သွန်သင်​ချက်​နှင့်​ပတ်သက်၍​လည်းကောင်း မေးမြန်း​၏။

[20] ယေရှု​က​လည်း“ ငါ သည် လောက ၌ ထင်ရှား စွာ ဟောပြော ခဲ့ ၏ ။ ဂျူး လူမျိုး အပေါင်း တို့ စုဝေး ရာ ဝတ်ပြု စည်းဝေး ကျောင်း ​နှင့် ဗိမာန် တော် ၌ အစဉ်အမြဲ သွန်သင် ခဲ့ ၏ ။ မည်သည့် အရာ ကို မျှ လျှို့ဝှက် စွာ မ ဟောပြော ခဲ့ ပေ ။

[21] သင် သည် အဘယ်ကြောင့် ငါ့ ကို မေးမြန်း သနည်း ။ လူ တို့ အား မည်သို့ ငါ ဟောပြော ခဲ့ သည် ကို ကြားနာ သော သူ တို့ ထံ မေးမြန်း လော့ ။ ငါ ပြောဆို ခဲ့ သော အရာ များ ကို ထို သူ တို့ သိ ကြ ၏ ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[22] ထိုသို့​မိန့်​တော်မူ​သောအခါ အနီး​၌​ရပ်​နေ​သော အစောင့်​တပ်သား​တစ်​ဦး​က “ယဇ်ပုရောဟိတ်​မင်း​ကို ဤသို့​ပြန်​ပြော​ရ​သလော”​ဟု ဆို​လျက် ယေရှု​ကို​ရိုက်ပုတ်​လေ​၏။

[23] ယေရှု​က​လည်း“ ငါ ပြော သော အရာ မမှန် လျှင် မမှန် သည့် အကြောင်း ကို ထောက်ပြ လော့ ။ မှန် သည် ဆိုလျှင် အဘယ်ကြောင့် ငါ့ ကို ရိုက် သနည်း ” ​ဟု ထို​သူ​အား မိန့်​တော်မူ​၏။

[24] ထို့နောက် အန္နတ်​သည် ကိုယ်တော်​ကို​ချည်နှောင်​ထား​သည့်​အတိုင်း ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ပို့​လိုက်​၏။

[25] ရှိမုန်​ပေတရု​မူကား ရပ်​လျက်​မီးလှုံ​နေ​ဆဲ​ဖြစ်​၏။ ထိုအခါ လူ​တို့​က “သင်​သည်​လည်း ထို​သူ​၏​တပည့်​များ​ထဲမှ​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု မေး​ကြ​လျှင် ပေတရု​က “မ​ဟုတ်​ပါ”​ဟု ငြင်းဆို​လေ​၏။

[26] ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ဖြစ်​ပြီး ပေတရု​ခုတ်​၍ နားရွက်​ပြတ်​သော​သူ​၏​ဆွေမျိုး​လည်း​ဖြစ်​သူ​က “သင့်​ကို ထို​သူ​နှင့်အတူ ဥယျာဉ်​ထဲ၌ ငါ​မြင်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု ဆို​လေ​၏။

[27] ထိုအခါ ပေတရု​သည် ပြန်​၍​ငြင်းဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။

[28] ထို့နောက် သူ​တို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ရုံးတော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။ အချိန်​ကား နံနက်​စောစော​အချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်ညူး​ခြင်း​နှင့်​ကင်းလွတ်​၍ ပသခါ​ပွဲတော်​ကို​စား​နိုင်​ရန် ရုံးတော်​ထဲသို့​မ​ဝင်​ဘဲ​နေ​ကြ​၏။

[29] ထို့ကြောင့် ပိလတ်​မင်း​သည် သူ​တို့​ရှိ​ရာ​အပြင်​သို့ ထွက်လာ​၍ “သင်​တို့​သည် ဤ​သူ​အပေါ်၌ မည်သည့်​စွပ်စွဲ​ချက်​ကို တင်​ကြ​သနည်း”​ဟု မေး​လေ​၏။

[30] သူ​တို့​က​လည်း “ဤ​သူ​သည် အပြစ်​ကျူးလွန်​သူ​မ​ဟုတ်​လျှင် သူ့​ကို အရှင့်​ထံသို့ အပ်နှံ​ကြ​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​၍​လျှောက်​ကြ​၏။

[31] ထိုအခါ ပိလတ်​မင်း​က “သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ သင်​တို့​၏​ပညတ်​တရား​အတိုင်း စီရင်​ကြ​ပါ”​ဟု ဆို​၏။ ဂျူး​လူမျိုး ​တို့​က​လည်း “အကျွန်ုပ်​တို့​၌ မည်သူ့​ကို​မျှ ကွပ်မျက်​ပိုင်​ခွင့်​မ​ရှိ​ပါ”​ဟု လျှောက်​ကြ​၏။

[32] ဤသည်ကား မိမိ​သည် မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခဲ့​သော ယေရှု​၏​စကား​ပြည့်စုံ​စေ​မည့်​အကြောင်း​တည်း။

[33] ထို့ကြောင့် ပိလတ်​မင်း​သည် ရုံးတော်​ထဲသို့ ပြန်​ဝင်​၍ ယေရှု​ကို​ခေါ်​ပြီးလျှင် “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။

[34] ယေရှု​က“ သင် သည် ကိုယ့် ဆန္ဒ အလျောက် ဤသို့ မေး သလော ၊ သို့မဟုတ် အခြား သော သူ တို့ သည် သင့် အား ငါ့ အကြောင်း ကို ပြော ကြ သလော ” ​ဟု ပြန်​၍​မေး​တော်မူ​၏။

[35] ပိလတ်​မင်း​က “ငါ​သည် ဂျူး​လူမျိုး​ဖြစ်​သလော။ သင်​၏​အမျိုးသား​ချင်း​နှင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် သင့်​ကို ငါ့​ထံ​အပ်နှံ​ကြ​ပြီ။ သင်​မည်သည့်​အရာ​ကို​ပြု​မိ​သနည်း”​ဟု မေး​လေ​၏။

[36] ယေရှု​က“ ငါ့ နိုင်ငံ သည် ဤ လောက နှင့် မ စပ်ဆိုင် ။ ငါ့ နိုင်ငံ သည် ဤ လောက နှင့် စပ်ဆိုင် ခဲ့ လျှင် ငါ သည် ဂျူး လူမျိုး ​တို့ လက် သို့ အပ်နှံ ခြင်း မ ခံရ ရန် ငါ့ လူ တို့ သည် တိုက်ခိုက် ခဲ့ ကြ ပေ လိမ့်မည် ။ သို့သော် ယခု တွင် ငါ့ နိုင်ငံ သည် ဤ နေရာ မှ ဖြစ်တည် သည် မဟုတ် ” ​ဟု မိန့်​တော်မူ​၏။

[37] ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“ သင် ဆို သည့် အတိုင်း ငါ သည် ဘုရင် ပေ တည်း ။ ငါ သည် သမ္မာတရား ဘက် ၌ သက်သေခံ ရန် မွေးဖွား ခြင်း ကို ခံ ၍ ထို အတွက် ပင် ဤ လောက သို့ ကြွလာ ၏ ။ သမ္မာတရား နှင့် စပ်ဆိုင် သော သူ တိုင်း ငါ့ အသံ ကို နားထောင် ၏ ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[38] ပိလတ်​မင်း​က “သမ္မာတရား​ဆို​သည်​မှာ အဘယ်​နည်း”​ဟု ဆို​ပြီးလျှင် ဂျူး​လူမျိုး​တို့​ရှိ​ရာ​သို့ တစ်ဖန်​ထွက်သွား​၍ “ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့။

[39] သို့ရာတွင် ပသခါ​ပွဲတော်​၌ လူ​တစ်​ဦး​ကို သင်​တို့​အတွက် ငါ​လွှတ်​ပေး​ရ​မည့်​ထုံးစံ​ရှိ​သည် ​ဖြစ်​၍ ဂျူး​လူမျိုး​တို့​၏​ဘုရင်​ကို သင်​တို့​အတွက် လွှတ်​ပေး​စေ​လို​သလော”​ဟု သူ​တို့​အား​မေး​လေ​၏။

[40] ထိုအခါ သူ​တို့​က “သူ့​ကို​မ​လွှတ်​ဘဲ ဗာရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု ပြန်၍​အော်ဟစ်​လျှောက်​ထား​ကြ​၏။ ဗာရဗ္ဗ​ကား ဓားပြ​ဖြစ်​၏။

ရှင်ယောဟန်ခရစ်ဝင် — Chapters