Skip to content
Opens in a new window
Listen to this chapter • 5:10

[1] ငါ သည် စစ်မှန် သော စပျစ် ပင် ဖြစ် ၏ ။ ငါ့ ခမည်းတော် ကား ဥယျာဉ်မှူး ဖြစ် တော်မူ ၏ ။

[2] ငါ ၌ အသီး မ သီး သော အကိုင်းအခက် ရှိသမျှ ကို ခမည်းတော် သည် ခုတ် ပစ် တော်မူ ၏ ။ အသီး သီး သော အကိုင်းအခက် ရှိသမျှ ကို မူ ပို၍ အသီး သီး စေရန် ကိုင်းဖြတ် ပြုပြင် တော်မူ ၏ ။

[3] သင် တို့ အား ငါ ဟောပြော သော တရား စကား အားဖြင့် သင် တို့ သည် စင်ကြယ် လျက် ရှိ ကြ ပြီ ။

[4] ငါ ၌ တည် နေ ကြ လော့ ။ ငါ သည် လည်း သင် တို့ ၌ တည် နေ မည် ။ စပျစ် ကိုင်း သည် စပျစ် ပင် ၌ မ တည် မ နေ လျှင် အလိုအလျောက် အသီး မ သီး နိုင် သကဲ့သို့ သင် တို့ သည် လည်း ငါ ၌ မ တည် မ နေ လျှင် အသီး မ သီး နိုင် ။

[5] ငါ သည် စပျစ် ပင် ဖြစ် ၏ ။ သင် တို့ သည် အကိုင်းအခက် များ ဖြစ် ကြ ၏ ။ မည်သူမဆို ငါ ၌ တည် နေ ၍ ငါ သည် လည်း သူ ၌ တည် နေ လျှင် ထို သူ သည် များစွာ သော အသီး ကို သီး တတ် ၏ ။ ငါ နှင့် ကင်းကွာ လျှင် သင် တို့ သည် မည်သည့် အရာ ကို မျှ မ ပြု နိုင် ကြ ။

[6] တစ်စုံတစ်ဦး သည် ငါ ၌ မ တည် မ နေ လျှင် အကိုင်းအခက် ကဲ့သို့ အပြင် သို့ လွှတ်ပစ် ခြင်း ခံရ ၍ ညှိုးနွမ်း ခြောက်သွေ့ သွား ရ ၏ ။ လူ တို့ သည် ၎င်း တို့ ကို စုစည်း လျက် မီး ထဲသို့ ပစ်ချ လိုက် ကြ သဖြင့် လောင်ကျွမ်း သွား ၏ ။

[7] သင် တို့ သည် ငါ ၌ တည် နေ ၍ ငါ့ စကား တို့ သည် သင် တို့ ၌ တည် နေ လျှင် သင် တို့ လိုချင် သမျှ တို့ ကို တောင်း ကြ လော့ ။ တောင်း လျှင် သင် တို့ အတွက် ပြည့်စုံ စေ တော်မူ လိမ့်မည် ။

[8] သင် တို့ သည် များစွာ သော အသီး ကို သီး လျက် ငါ ၏ တပည့် များ ဖြစ် ခြင်း အားဖြင့် ငါ့ ခမည်းတော် သည် ဘုန်း ထင်ရှား တော်မူ ၏ ။

[9] ခမည်းတော် သည် ငါ့ ကို ချစ် တော်မူ သကဲ့သို့ ငါ သည် သင် တို့ ကို ချစ် ၏ ။ ငါ ၏ ချစ် ခြင်း မေတ္တာ ၌ တည် နေ ကြ လော့ ။

[10] ငါ သည် ငါ့ ခမည်းတော် ၏ ပညတ် ချက် များ ကို စောင့်ထိန်း ၍ ခမည်းတော် ၏ ချစ် ခြင်း မေတ္တာ တော် ၌ တည် နေ သကဲ့သို့ သင် တို့ သည် ငါ ၏ ပညတ် ချက် များ ကို စောင့်ထိန်း လျှင် ငါ ၏ ချစ် ခြင်း မေတ္တာ ၌ တည် နေ ကြ လိမ့်မည် ။

[11] သင် တို့ ၌ ငါ ၏ ဝမ်းမြောက် ခြင်း တည် နေ ၍ သင် တို့ ၏ ဝမ်းမြောက် ခြင်း သည် ပြည့်ဝ စုံလင် မည့် အကြောင်း ဤ အရာ များ ကို သင် တို့ အား ငါ ပြော ၏ ။

[12] ငါ ၏ ပညတ် ချက် ကား ငါ သည် သင် တို့ ကို ချစ် သကဲ့သို့ သင် တို့ အချင်းချင်း ချစ် ကြ လော့ ဟူ၍ ဖြစ် ၏ ။

[13] မိမိ ၏ မိတ်ဆွေ များ အတွက် ကိုယ့် အသက် ကို စွန့် ခြင်း ထက် ပို၍ မြတ် သော ချစ် ခြင်း မေတ္တာ သည် မည်သူ ၌ မျှ မ ရှိ ။

[14] သင် တို့ အား ငါ ပညတ် သည့် အရာ တို့ ကို သင် တို့ ကျင့်သုံး လျှင် သင် တို့ သည် ငါ ၏ မိတ်ဆွေ များ ဖြစ် ကြ ၏ ။

[15] ငါ သည် သင် တို့ ကို ကျွန် ဟူ၍ ခေါ် တော့မည် မ ဟုတ် ။ အကြောင်းမူကား ကျွန် သည် မိမိ သခင် ပြု နေ သော အရာ ကို မ သိ ။ ငါ့ ခမည်းတော် ထံမှ ကြားနာ ခဲ့ သော အရာ အားလုံး ကို သင် တို့ အား ငါ သိ စေ ခဲ့ ပြီ ဖြစ် သောကြောင့် သင် တို့ ကို မိတ်ဆွေ ဟူ၍ ငါ ခေါ် ၏ ။

[16] သင် တို့ သည် ငါ့ ကို ရွေးကောက် ကြ သည် မ ဟုတ် ။ ငါ သာလျှင် သင် တို့ ကို ရွေးကောက် သဖြင့် သင် တို့ သည် သွား လျက် အသီး ကို သီး ၍ သင် တို့ ၏ အသီး တည်မြဲ မည့် အကြောင်း နှင့် ငါ့ နာမ ၌ ခမည်းတော် အား တောင်းလျှောက် သမျှ တို့ ကို သင် တို့ အား ခမည်းတော် ပေး တော်မူ မည့် အကြောင်း သင် တို့ ကို ငါ ခန့်ထား ၏ ။

[17] သင် တို့ အချင်းချင်း ချစ် ကြ လော့ ဟူသော ဤ ပညတ် ကို သင် တို့ အား ငါ ပေး ၏ ။

[18] လောကီသား တို့ သည် သင် တို့ ကို မုန်း လျှင် သင် တို့ ကို မ မုန်း မီ ငါ့ ကို မုန်း ကြ သည် ကို သိမှတ် ကြ လော့ ။

[19] သင် တို့ သည် ဤ လောက နှင့် ဆိုင် ခဲ့ လျှင် လောကီသား တို့ သည် မိမိ တို့ နှင့်ဆိုင်သော သင် တို့ ကို ချစ် ခဲ့ ကြ ပေ လိမ့်မည် ။ သို့သော် သင် တို့ သည် ဤ လောက နှင့် မ ဆိုင် ။ ငါ သည် သင် တို့ ကို ဤ လောက မှ ရွေးကောက် ခဲ့ ပြီ ဖြစ် သောကြောင့် လောကီသား တို့ သည် သင် တို့ ကို မုန်း ကြ ၏ ။

[20] ‘ ကျွန် သည် သူ့ သခင် ထက် ကြီးမြတ် သည် မ ဟုတ် ’ ​ဟု သင် တို့ အား ငါ ပြော ခဲ့ သည့် စကား ကို သတိရ ကြ လော့ ။ လူ တို့ သည် ငါ့ ကို ညှဉ်းဆဲ ခဲ့ လျှင် သင် တို့ ကို လည်း ညှဉ်းဆဲ ကြ လိမ့်မည် ။ ငါ့ စကား ကို လိုက်နာ စောင့်ထိန်း ခဲ့ လျှင် သင် တို့ ၏ စကား ကို လည်း လိုက်နာ စောင့်ထိန်း ကြ လိမ့်မည် ။

[21] သို့ရာတွင် သူ တို့ သည် ငါ့ ကို စေလွှတ် တော်မူ သော အရှင် ကို မ သိ ကြ သဖြင့် ငါ ၏ နာမ ကြောင့် သင် တို့ အပေါ် ထို အမှုအရာ အားလုံး တို့ ကို ပြု ကြ လိမ့်မည် ။

[22] ငါ သည် လာ ၍ သူ တို့ အား မ ဟောပြော ခဲ့ လျှင် သူ တို့ ၌ အပြစ် မ ရှိ ။ သို့သော် ယခု အခါ သူ တို့ သည် မိမိ တို့ ၏ အပြစ် အတွက် ဆင်ခြေ ပေး ၍ မ ရ နိုင် ကြ ။

[23] ငါ့ ကို မုန်း သော သူ သည် ငါ့ ခမည်းတော် ကို လည်း မုန်း ၏ ။

[24] အခြား မည်သူမျှ မ ပြု ဖူး သော အမှု များ ကို သူ တို့ ရှေ့၌ ငါ မ ပြု ခဲ့ လျှင် သူ တို့ ၌ အပြစ် မ ရှိ ။ ယခု မူကား သူ တို့ သည် ထို အမှု တို့ ကို မြင် ရ လျက် နှင့် ပင် ငါ နှင့် ငါ့ ခမည်းတော် ကို မုန်း ကြ ၏ ။

[25] ဤသို့ ဖြစ် ခြင်းမှာ သူ တို့ ၏ ပညတ် တရား ကျမ်း ၌ ‘ ထို သူ တို့ သည် အကြောင်းမဲ့ ငါ့ ကို မုန်း ကြ ၏ ’ ​ဟု ရေး ထား သော စကား ပြည့်စုံ စေရန် ဖြစ် ၏ ။

[26] ခမည်းတော် ထံမှ သင် တို့ ထံသို့ ငါ စေလွှတ် မည့် ကူညီ မစ သူ တည်းဟူသော ခမည်းတော် ထံမှ လာ သည့် သမ္မာတရား ၏ ဝိညာဉ် တော် ရောက်လာ သောအခါ ငါ့ အကြောင်း ကို သက်သေခံ လိမ့်မည် ။

[27] သင် တို့ သည် လည်း အစအဦး က ပင် ငါ နှင့်အတူ ရှိ ကြ သောကြောင့် သက်သေခံ ကြ လိမ့်မည် ။

ရှင်ယောဟန်ခရစ်ဝင် — Chapters