[1] ယေရှုသည် လမ်း၌ကြွတော်မူစဉ် မွေးရာပါမျက်မမြင်တစ်ဦးကို တွေ့တော်မူ၏။
[2] ထိုအခါ တပည့်တော်တို့က “ရဗ္ဗိ ၊ မည်သူက အပြစ်ပြုသောကြောင့် ဤသူသည် မျက်မမြင်အဖြစ်မွေးလာရသနည်း။ သူကိုယ်တိုင်လော၊ သို့မဟုတ် သူ၏မိဘလော”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
[3] ယေရှုက“ ဤ သူ အပြစ် ပြု သောကြောင့် မ ဟုတ် ၊ သူ့ မိဘ က အပြစ် ပြု သောကြောင့် လည်း မ ဟုတ် ။ သူ ၌ ဘုရားသခင် ၏ အမှု တော် များ ထင်ရှား စေရန် အတွက် သာ ဖြစ် ၏ ။
[4] ငါ တို့ သည် ငါ့ ကို စေလွှတ် တော်မူ သော အရှင် ၏ အမှု တော် များ ကို နေ့ အချိန် ရှိ စဉ် လုပ်ဆောင် ရ မည် ။ မည်သူမျှ အလုပ် မ လုပ် နိုင် သော ည အချိန် ရောက် လာ လိမ့်မည် ။
[5] ငါ သည် ဤ လောက ၌ ရှိ နေ စဉ် ဤ လောက ၏ အလင်း ဖြစ် ၏ ” ဟု ပြန်၍မိန့်တော်မူ၏။
[6] ထိုသို့မိန့်တော်မူပြီးနောက် မြေပေါ်သို့တံတွေးထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးလျှင် မျက်မမြင်၏မျက်စိကို ထိုရွှံ့နှင့်လူးလျက်
[7] “ ရှိလောင် ရေကန် သို့ သွား ၍ ဆေး လော့ ” ဟု မိန့်တော်မူ၏။ (ရှိလောင်၏အဓိပ္ပာယ်မှာ စေလွှတ်ခြင်းခံရသူ ဟူ၍ဖြစ်၏။) ထို့ကြောင့် သူသည်သွား၍ဆေးလိုက်ရာ မျက်စိမြင်လျက်ပြန်လာ၏။
[8] ထိုအခါ အိမ်နီးချင်းများနှင့် ယခင်က သူသည် သူတောင်းစား ဖြစ်ခဲ့ကြောင်းကို သိမြင်သောသူများက “ဤသူသည် ထိုင်လျက်တောင်းစားနေခဲ့သူမဟုတ်လော”ဟု ဆိုကြ၏။
[9] လူအချို့တို့က “ထိုသူပင်ဖြစ်သည်”ဟု ဆိုကြ၏။ အချို့တို့ကလည်း “မဟုတ်ပါ။ ထိုသူနှင့်တူရုံသာဖြစ်သည်”ဟု ဆိုကြ၏။ သူကိုယ်တိုင်က “အကျွန်ုပ်ပင်ဖြစ်သည်”ဟု ဆို၏။
[10] လူတို့ကလည်း “သို့ဖြစ်လျှင် သင်သည် မည်ကဲ့သို့မျက်စိမြင်လာသနည်း”ဟု မေးမြန်းကြ၏။
[11] ထိုသူက “ယေရှုဟုခေါ်သောသူတစ်ဦးသည် ရွှံ့လုပ်၍ အကျွန်ုပ်၏မျက်စိကိုလူးလျက်‘ ရှိလောင် ရေကန် သို့ သွား ၍ ဆေး လော့ ’ ဟု ဆိုသည့်အတိုင်း အကျွန်ုပ်သွား၍ဆေးလိုက်ရာ မျက်စိမြင်လာပါသည်”ဟု ဖြေကြား၏။
[12] သူတို့ကလည်း “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြသော် သူက “အကျွန်ုပ်မသိပါ”ဟု ဆို၏။
[13] လူတို့သည် ယခင်က မျက်မမြင်ဖြစ်ခဲ့သောထိုသူကို ဖာရိရှဲတို့ထံသို့ခေါ်သွားကြ၏။
[14] ယေရှုသည် ရွှံ့လုပ်၍ ထိုသူကိုမျက်စိမြင်အောင်ပြုလုပ်တော်မူသောနေ့ကား ဥပုသ်နေ့ဖြစ်၏။
[15] ထို့ကြောင့် ဖာရိရှဲတို့သည်လည်း သူ၏မျက်စိမြင်လာခဲ့ပုံကို သူ့အား မေးမြန်းကြပြန်၏။ သူကလည်း “ထိုသူသည် အကျွန်ုပ်၏မျက်စိပေါ်တွင် ရွှံ့ကိုလူး၍ အကျွန်ုပ်ဆေးလိုက်ရာ မျက်စိမြင်လာပါသည်”ဟု ဆို၏။
[16] ထိုအခါ ဖာရိရှဲအချို့တို့က “ဤသူသည် ဥပုသ်နေ့ကိုမစောင့်ထိန်းသောကြောင့် ဘုရားသခင်ထံမှလာသောသူမဟုတ်”ဟု ဆိုကြ၏။ သို့သော် အချို့တို့က “အပြစ်သားဖြစ်သောသူတစ်ဦးသည် ဤသို့သောနိမိတ်လက္ခဏာများကို မည်သို့ပြုနိုင်မည်နည်း”ဟု ဆိုကြသဖြင့် သူတို့ထဲတွင်ကွဲပြားခြင်းရှိ၏။
[17] ထို့ကြောင့် ဖာရိရှဲတို့သည် ထိုမျက်မမြင်အား “သင့်ကိုမျက်စိမြင်စေသောသူ၏အကြောင်းကို သင်မည်သို့ဆိုမည်နည်း”ဟု နောက်တစ်ဖန်မေးမြန်းကြလျှင် “ပရောဖက်ဖြစ်သည်”ဟု ဖြေကြားလေ၏။
[18] သို့ဖြစ်လင့်ကစား ယခင်က မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်လာပြီဟူသော ထိုသူ၏အကြောင်းကို ဂျူးလူမျိုး တို့သည် မယုံကြသဖြင့် နောက်ဆုံးတွင် မျက်စိမြင်လာသော ထိုသူ၏မိဘတို့ကိုခေါ်၍
[19] “ဤသူသည် မွေးရာပါမျက်မမြင်ဖြစ်သည်ဟု သင်တို့ဆိုသော သင်တို့၏သားမှန်သလော။ မှန်သည်ဆိုလျှင် သူသည် ယခု မည်သို့မျက်စိမြင်လာသနည်း”ဟု မေးမြန်းကြ၏။
[20] မိဘတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့၏သားမှန်သည်ကိုလည်းကောင်း၊ မွေးရာပါမျက်မမြင်ဖြစ်သည်ကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
[21] သို့သော် ယခု မည်သို့မျက်စိမြင်လာသည်ကို အကျွန်ုပ်တို့မသိကြပါ။ သူ့ကိုမျက်စိမြင်အောင် မည်သူပြုလုပ်ပေးခဲ့သည်ကိုလည်း မသိကြပါ။ သူ့ကိုမေးကြပါလော့။ သူသည် အရွယ်ရောက်နေပါပြီ။ သူ့အကြောင်းကို သူကိုယ်တိုင်ပြောပြပါလိမ့်မည်”ဟု ပြန်ပြောကြ၏။
[22] သူ၏မိဘတို့သည် ဂျူးလူမျိုး တို့ကိုကြောက်၍ ဤသို့ပြောဆိုကြခြင်းဖြစ်၏။ အကြောင်းမူကား ဂျူးလူမျိုး တို့သည် မည်သူမဆို ယေရှုကို ခရစ်တော်ဖြစ်ကြောင်းဝန်ခံလျှင် ဝတ်ပြုစည်းဝေးကျောင်း မှ ထုတ်ပယ်မည်ဟု သဘောတူဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
[23] ထိုအကြောင်းကြောင့် သူ၏မိဘတို့က “သူသည် အရွယ်ရောက်နေပါပြီ။ သူ့ကိုမေးကြပါလော့”ဟု ဆိုကြခြင်းဖြစ်၏။
[24] ထိုအခါ ဂျူးလူမျိုး တို့သည် မျက်မမြင်ဖြစ်ခဲ့သူကို ဒုတိယအကြိမ်ခေါ်၍ “ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလော့။ ထိုသူသည် အပြစ်သားဖြစ်ကြောင်းကို ငါတို့သိ၏”ဟု ဆိုကြ၏။
[25] သူကလည်း “ထိုသူသည် အပြစ်သားဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိပါ။ အကျွန်ုပ်သိသောအရာတစ်ခုမှာ အကျွန်ုပ်သည် မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်ရသည့်အကြောင်းဖြစ်သည်”ဟု ဖြေကြားလေ၏။
[26] ထိုသူတို့ကလည်း “သူသည် သင်၌ မည်သည့်အရာကိုပြုသနည်း။ သင်၏မျက်စိကိုမည်ကဲ့သို့မြင်စေသနည်း”ဟု မေးမြန်းကြလျှင်
[27] သူက “သင်တို့ကိုအကျွန်ုပ်ပြောပြီးပြီ။ သို့သော် သင်တို့နားမထောင်ကြ။ အဘယ်ကြောင့် ထပ်၍ကြားလိုကြသနည်း။ သင်တို့သည်လည်း ထိုသူ၏တပည့်ဖြစ်လိုကြသလော”ဟု ပြန်ပြော၏။
[28] ထိုအခါ ဂျူး လူမျိုးတို့က “သင်သည် သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ၏တပည့်များဖြစ်ကြ၏။
[29] ဘုရားသခင်သည် မောရှေအား အမိန့်ရှိတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူကား မည်သည့်အရပ်မှလာသည်ကို ငါတို့မသိ”ဟု သူ့ကိုပုတ်ခတ်ပြောဆိုကြ၏။
[30] သူကလည်း “အကျွန်ုပ်၏မျက်စိကိုဖွင့်ပေးလျက်နှင့်ပင် ထိုသူမည်သည့်အရပ်မှလာသည်ကို သင်တို့မသိကြသည်မှာ အံ့ဩဖွယ်ကောင်း၏။
[31] ဘုရားသခင်သည် အပြစ်သားတို့ကိုနားညောင်းတော်မမူ။ သို့သော် မည်သူမဆို ဘုရားသခင်ကိုရိုသေလေးမြတ်၍ အလိုတော်ကိုဆောင်ရွက်လျှင် ထိုသူကိုဘုရားသခင်နားညောင်းတော်မူကြောင်း အကျွန်ုပ်တို့သိကြပါ၏။
[32] မွေးရာပါမျက်မမြင်ဖြစ်သောသူကို တစ်စုံတစ်ယောက်က မျက်စိမြင်စေခဲ့သည်ဟူသောအကြောင်းကို ကမ္ဘာဦးမှစ၍ မကြားခဲ့ဖူးပါ။
[33] ထိုသူသည် ဘုရားသခင်ထံမှလာသောသူမဟုတ်လျှင် မည်သည့်အရာကိုမျှ ပြုနိုင်ခဲ့မည်မဟုတ်”ဟု ဆို၏
[34] ဂျူး လူမျိုးတို့ကလည်း “သင်သည် တစ်ကိုယ်လုံးအပြစ်နှင့်ပြည့်နှက်ပြီး မွေးဖွားလာသူဖြစ်လျက်နှင့် ငါတို့ကိုသွန်သင်မည်လော”ဟု ပြန်၍ပြောဆိုကာ သူ့ကို အပြင်သို့နှင်ထုတ်လိုက်ကြ၏။
[35] ဂျူး လူမျိုးတို့သည် သူ့ကို အပြင်သို့နှင်ထုတ်လိုက်ကြောင်း ယေရှုကြားတော်မူ၍ သူ့ကိုတွေ့ရှိလျှင်“ သင် သည် လူ့သား ကို ယုံကြည် သလော ” ဟု မေးတော်မူ၏။
[36] သူကလည်း “သခင်ဘုရား၊ သူ့ကိုယုံကြည်နိုင်ရန် ထိုသူမည်သူဖြစ်သည်ကို သိလိုပါ၏”ဟု ပြန်လျှောက်လေ၏။
[37] ယေရှုက“ သင် သည် သူ့ ကို မြင် ပြီး သည် သာမက ယခု သင် နှင့် စကား ပြော နေ သော သူ သည် လူ့သား ပင် ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[38] ထိုသူကလည်း “အကျွန်ုပ်ယုံကြည်ပါ၏ သခင်ဘုရား”ဟု လျှောက်လျက် ကိုယ်တော်ကိုရှိခိုးလေ၏။
[39] ထိုအခါ ယေရှုက“ ငါ သည် မ မြင် သော သူ တို့ ကို မြင် စေ ၍ မြင် နေ သော သူ တို့ ကို မျက်စိကွယ် စေရန် ဟူသော တရား စီရင် ခြင်း အတွက် ဤ လောက သို့ ကြွလာ ၏ ” ဟု မိန့်တော်မူ၏။
[40] ကိုယ်တော်နှင့်အတူရှိနေသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင် “အကျွန်ုပ်တို့သည်လည်း မျက်မမြင်များဖြစ်ကြသလော”ဟု မေးလျှောက်ကြ၏။
[41] ယေရှုကလည်း“ သင် တို့ သည် မျက်မမြင် များ ဖြစ် ခဲ့ ကြ လျှင် သင် တို့ ၌ အပြစ် ရှိ ခဲ့ မည် မ ဟုတ် ။ သို့ရာတွင် ‘ ငါ တို့ မြင် သည် ’ ဟု သင် တို့ ယခု ဆို နေ ကြ သဖြင့် သင် တို့ ၏ အပြစ် သည် တည်မြဲ တည် ၏ ။