[1] သင် တို့ စိတ် မ ပျက် စေရန် ဤ အရာ များ ကို သင် တို့ အား ငါ ပြော ထား ၏ ။
[2] လူ တို့ သည် သင် တို့ ကို ဝတ်ပြု စည်းဝေး ကျောင်း မှ ထုတ်ပယ် ကြ လိမ့်မည် ။ ထိုမျှမက သင် တို့ ကို သတ် သော သူ တိုင်း မိမိ တို့ သည် ဘုရား ဝတ် ကို ပြု နေ သည် ဟု ထင်မှတ် သော အချိန် ကာလ ရောက်လာ တော့မည် ။
[3] သူ တို့ သည် ခမည်းတော် ကို လည်းကောင်း ၊ ငါ့ ကို လည်းကောင်း မ သိ သောကြောင့် ထိုသို့ ပြု ကြ လိမ့်မည် ။
[4] ထို အချိန် ကာလ ရောက်လာ သောအခါ ငါ သည် ဤသို့ ပြော ခဲ့ ကြောင်း သင် တို့ သတိရ စေရန် ဤ အကြောင်းအရာ များ ကို သင် တို့ အား ပြော ထား ၏ ။ ငါ သည် သင် တို့ နှင့်အတူ ရှိ နေ သောကြောင့် ဤ အကြောင်းအရာ များ ကို အစအဦး ၌ သင် တို့ အား မ ပြော ခဲ့ ပေ ။
[5] ယခု မူကား ငါ့ ကို စေလွှတ် တော်မူ သော အရှင် ထံသို့ ငါ သွား တော့မည် ။ သို့သော် သင် တို့ ထဲမှ မည်သူ က မျှ ‘ ကိုယ်တော် သည် မည်သည့် အရပ် သို့ သွား မည်နည်း ’ ဟု ငါ့ အား မ မေး ကြ ။
[6] ထို့ပြင် ဤ အကြောင်းအရာ များ ကို သင် တို့ အား ငါ ပြော သောကြောင့် သင် တို့ စိတ်နှလုံး သည် ဝမ်းနည်း ခြင်း နှင့် ပြည့် လျက် ရှိ ၏ ။
[7] သို့သော် ငါ သည် သင် တို့ အား ဟုတ်မှန်ရာ ကို ပြော မည် ။ ငါ သွား ရ ခြင်း သည် သင် တို့ အတွက် အကျိုး ရှိ ၏ ။ အဘယ်ကြောင့် ဆိုသော် ငါ မ သွား လျှင် ကူညီ မစ သူ သည် သင် တို့ ထံသို့ လာ မည် မ ဟုတ် ။ ငါ သွား လျှင် မူကား ထို အရှင် ကို သင် တို့ ထံသို့ ငါ စေလွှတ် မည် ။
[8] ထို အရှင် ရောက်လာ သောအခါ လောကီသား တို့ အား အပြစ် အကြောင်း ၊ ဖြောင့်မတ် ခြင်း အကြောင်း နှင့် တရား စီရင် ခြင်း အကြောင်း တို့ ကို ဖော်ပြ မည် ။
[9] သူ တို့ သည် ငါ့ ကို မ ယုံကြည် ကြ သောကြောင့် အပြစ် အကြောင်း ကို လည်းကောင်း ၊
[10] ငါ သည် ခမည်းတော် ထံသို့ သွား ၍ သင် တို့ သည် ငါ့ ကို တွေ့မြင် ရ တော့မည် မ ဟုတ် သောကြောင့် ဖြောင့်မတ် ခြင်း အကြောင်း ကို လည်းကောင်း ၊
[11] ဤ လောက ကို အုပ်ချုပ် သူ သည် တရား စီရင် ခြင်း ခံရ ပြီ ဖြစ် သောကြောင့် တရား စီရင် ခြင်း အကြောင်း ကို လည်းကောင်း ဖော်ပြ မည် ။
[12] သင် တို့ အား ငါ ပြော စရာ များစွာ ရှိ သေး သော်လည်း သင် တို့ သည် ယခု မ ခံယူ နိုင် ကြ ။
[13] သို့ရာတွင် သမ္မာတရား ၏ ဝိညာဉ် တော် ရောက်လာ သောအခါ သမ္မာတရား အလုံးစုံ ထဲသို့ သင် တို့ ကို လမ်းပြ ပို့ဆောင် တော်မူ လိမ့်မည် ။ အကြောင်းမူကား ထို ဝိညာဉ် တော် သည် မိမိ ဆန္ဒ အလျောက် မြွက်ဆို တော် မ မူ ဘဲ ကြား ရ သမျှ တို့ ကို မြွက်ဆို တော်မူ ၍ နောင် ဖြစ်လာ မည့် အရာ တို့ ကို သင် တို့ အား ဖော်ပြ တော်မူ လိမ့်မည် ။
[14] ထို အရှင် သည် ငါ နှင့်ဆိုင်သော အရာ ကို ယူ ၍ သင် တို့ အား ဖော်ပြ မည် ဖြစ် သောကြောင့် ငါ့ ဘုန်း ကို ထင်ရှား စေ မည် ။
[15] ခမည်းတော် ၌ ရှိ သော အရာ အားလုံး တို့ သည် ငါ နှင့်ဆိုင်သော အရာ ဖြစ် ၏ ။ ထို့ကြောင့် ဝိညာဉ် တော် သည် ငါ နှင့်ဆိုင်သော အရာ ကို ယူ ၍ သင် တို့ အား ဖော်ပြ မည် ဟု ငါ ဆို ခဲ့ ၏ ။
[16] ခဏ ကြာ လျှင် သင် တို့ သည် ငါ့ ကို မြင် ရ ကြ တော့မည် မ ဟုတ် ။ သို့ရာတွင် နောက်ထပ် ခဏ ကြာ လျှင် ငါ့ ကို ပြန် တွေ့မြင် ရ ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[17] ထိုအခါ တပည့်တော်အချို့တို့သည် “‘ ခဏ ကြာ လျှင် သင် တို့ သည် ငါ့ ကို မြင် ရ ကြ မည် မ ဟုတ် ။ သို့ရာတွင် နောက်ထပ် ခဏ ကြာ လျှင် ငါ့ ကို ပြန် တွေ့မြင် ရ ကြ လိမ့်မည် ’ ဟူ၍လည်းကောင်း၊‘ ငါ သည် ခမည်းတော် ထံသို့ သွား တော့မည် ’ ဟူ၍လည်းကောင်း ငါတို့အား မိန့်တော်မူသောဤစကားမှာ မည်သို့နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
[18] တစ်ဖန် သူတို့က “‘ ခဏ ကြာ လျှင် ’ ဟူ၍ မိန့်တော်မူသောဤစကားမှာ မည်သို့နည်း။ ကိုယ်တော်မိန့်တော်မူသောအရာကို ငါတို့နားမလည်ကြ”ဟု ပြောဆိုကြ၏။
[19] ယေရှုသည် မိမိအား တပည့်တော်တို့မေးလျှောက်လိုကြသည်ကို သိမြင်တော်မူလျှင်“ ‘ ခဏ ကြာ လျှင် သင် တို့ သည် ငါ့ ကို မြင် ရ ကြ မည် မ ဟုတ် ။ သို့ရာတွင် နောက်ထပ် ခဏ ကြာ လျှင် ငါ့ ကို ပြန် တွေ့မြင် ရ ကြ လိမ့်မည် ’ ဟု ငါ ပြော သော စကား နှင့် ပတ်သက်၍ အချင်းချင်း မေးမြန်း ပြောဆို နေ ကြ သလော ။
[20] သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ သင် တို့ သည် ငိုကြွေး လျက် မြည်တမ်း ကြ လိမ့်မည် ။ ဤ လောက မူကား ဝမ်းမြောက် လိမ့်မည် ။ သင် တို့ သည် ဝမ်းနည်း ကြ သော်လည်း သင် တို့ ၏ ဝမ်းနည်း ခြင်း သည် ဝမ်းမြောက် ခြင်း ဖြစ် သွား လိမ့်မည် ။
[21] အမျိုးသမီး တစ် ဦး သည် သားဖွား သောအခါ မွေးဖွား ချိန် ရောက်လာ သောကြောင့် ပူဆွေး ခြင်း ရှိ တတ် ၏ ။ သို့ရာတွင် ကလေး မွေးဖွား ပြီး သောအခါ ဤ လောက တွင် လူ တစ် ယောက် မွေးဖွား သည့် အတွက် ဝမ်းမြောက် ခြင်း ရှိ သဖြင့် ခံစား ခဲ့ ရ သော ဒုက္ခ ဝေဒနာ ကို သတိ မ ရ တော့ ပေ ။
[22] ထို့အတူ သင် တို့ သည် ယခု ဝမ်းနည်း ခြင်း ရှိ ကြ သော်လည်း ငါ သည် သင် တို့ နှင့် တစ်ဖန် ပြန် တွေ့ မည် ဖြစ် သောကြောင့် သင် တို့ ၏ စိတ်နှလုံး သည် ဝမ်းမြောက် ခြင်း ဖြင့် ပြည့်စုံ ကြ လိမ့်မည် ။ ထို ဝမ်းမြောက် ခြင်း ကို မည်သူမျှ သင် တို့ ထံမှ မ နုတ်ယူ နိုင် ရာ ။
[23] ထို နေ့ ၌ သင် တို့ သည် မည်သည့် အရာ ကို မျှ ငါ့ အား မေးမြန်း ကြ လိမ့်မည် မ ဟုတ် ။ သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ သင် တို့ သည် တစ်စုံတစ်ခု ကို ငါ ၏ နာမ ၌ ခမည်းတော် ထံ တောင်းလျှောက် ကြ လျှင် ခမည်းတော် သည် ပေး တော်မူ မည် ။
[24] သင် တို့ သည် ယခု တိုင်အောင် ငါ့ နာမ ၌ မည်သည့် အရာ ကို မျှ မ တောင်း ကြ သေး ။ သင် တို့ ၏ ဝမ်းမြောက် ခြင်း ပြည့်ဝ စုံလင် စေရန် တောင်း ကြ လော့ ။ တောင်း လျှင် ရ ကြ လိမ့်မည် ။
[25] ဤ အရာ များ ကို ပုံ ဥပမာ အားဖြင့် သင် တို့ အား ငါ ဟောပြော ခဲ့ သော်လည်း ပုံ ဥပမာ အားဖြင့် မ ဟောပြော တော့ ဘဲ ခမည်းတော် ၏ အကြောင်း ကို သင် တို့ အား အတိအလင်း ငါ ဖော်ပြ မည့် အချိန် ကာလ ရောက်လာ တော့မည် ။
[26] ထို နေ့ တွင် သင် တို့ သည် ငါ့ နာမ ၌ တောင်းလျှောက် ကြ လိမ့်မည် ။ သင် တို့ အတွက် ခမည်းတော် ထံ ငါ တောင်း ပေး မည် ဟု ငါ မ ဆို ပေ ။
[27] အကြောင်းမူကား သင် တို့ သည် ငါ့ ကို ချစ် ၍ ငါ သည် ဘုရားသခင် ထံမှ ကြွလာ သည် ကို ယုံကြည် ကြ သောကြောင့် ခမည်းတော် ကိုယ်တော် တိုင် သင် တို့ ကို ချစ် တော်မူ ၏ ။
[28] ငါ သည် ခမည်းတော် ထံမှ ကြွလာ ၍ ဤ လောက သို့ ရောက် ခဲ့ ၏ ။ တစ်ဖန် ဤ လောက မှ ထွက်ခွာ ၍ ခမည်းတော် ထံသို့ သွား တော့ မည် ” ဟု မိန့်တော်မူ၏။
[29] တပည့်တော်တို့က “ယခု ကိုယ်တော်သည် ပုံဥပမာကိုမဆောင်တော့ဘဲ အတိအလင်းမြွက်ဆိုတော်မူ၏။
[30] ကိုယ်တော်သည် အလုံးစုံတို့ကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော်ကို မေးလျှောက်စရာမလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါပြီ။ ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာတော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်ကြပါ၏”ဟု လျှောက်ကြ၏။
[31] ယေရှုကလည်း“ ယခု သင် တို့ ယုံကြည် ကြ သလော ။
[32] ကြည့်ရှု လော့ ။ သင် တို့ သည် တစ်ကွဲတစ်ပြား စီ ဖြစ် လျက် မိမိ တို့ အိမ် သို့ အသီးသီး ပြန်သွား ကြ ကာ ငါ့ ကို တစ်ကိုယ်တည်း ပစ်ထား မည့် အချိန် ရောက်လာ မည် ဖြစ် ရာ ယခု ပင် ရောက်လာ လေ ပြီ ။ သို့ရာတွင် ခမည်းတော် သည် ငါ နှင့်အတူ ရှိ တော်မူ သောကြောင့် ငါ သည် တစ်ကိုယ်တည်း မ ဟုတ် ။
[33] သင် တို့ သည် ငါ့ အားဖြင့် ငြိမ်သက် ခြင်း ရှိ ကြ စေရန် ဤ အရာ များ ကို သင် တို့ အား ငါ ဟောပြော ပြီ ။ သင် တို့ သည် ဤ လောက ၌ ဆင်းရဲ ဒုက္ခ နှင့် ကြုံတွေ့ ကြ ရ လိမ့်မည် ။ သို့သော် မစိုးရိမ် ကြ နှင့် ။ ငါ သည် ဤ လောက ကို အောင်နိုင် ပြီ ” ဟု ပြန်၍မိန့်တော်မူ၏။