Skip to content
Opens in a new window
Listen to this chapter • 10:20

[1] ပသခါ​ပွဲတော်​မတိုင်မီ ခြောက်​ရက်​အလို​တွင် ယေရှု​သည် ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။ ထို​ရွာ​သည် သေ​သော​သူ​တို့​ထဲမှ ယေရှု​ထမြောက်​စေ​ခဲ့​သော လာဇရု ​နေထိုင်​ရာ​အရပ်​ဖြစ်​၏။

[2] လူ​တို့​သည် ထို​အရပ်​၌ ကိုယ်တော်​အတွက် ညစာ​ကို​ပြင်ဆင်​ကြ​ပြီး မာသ​သည် ဧည့်ဝတ်​ပြု​နေ​၏။ ကိုယ်တော်​နှင့်အတူ စားပွဲ​၌​ထိုင် ​နေ​သူ​များ​ထဲတွင် လာဇရု​လည်း​ပါ​၏။

[3] ထိုအခါ မာရိ​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​နှစ်ဆယ်​သား ​ကို​ယူ​၍ ယေရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီးလျှင် မိမိ​ဆံပင်​နှင့် ခြေ​တော်​ကို​သုတ်​လေ​၏​။ ထို​ဆီမွှေး​၏​ရနံ့​သည်​လည်း တစ်​အိမ်​လုံး​ပျံ့နှံ့​သွား​၏။

[4] သို့သော် တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်ပြီး ကိုယ်တော်​ကို​အပ်နှံ​တော့မည့်​သူ ယုဒ​ဣရှကာရုတ်​က

[5] “အဘယ်ကြောင့် ဤ​ဆီမွှေး​ကို ဒေနာရိ ​သုံးရာ​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​အား မ​ပေးကမ်း​ခဲ့​သနည်း”​ဟု ဆို​၏။

[6] ထိုသို့​ဆို​ခြင်း​မှာ သူ​သည် ဆင်းရဲသား​တို့​၏​အကျိုး​ကို ထောက်ထား​ငဲ့ညှာ​၍​မ​ဟုတ်​ဘဲ မိမိ​သည် သူခိုး​ဖြစ်​ပြီး ငွေ​အိတ်​ကို​ထိန်းသိမ်း​ရင်း ထည့်​ဝင်​ငွေ​ကို နှိုက်​ယူ​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။

[7] ထို့ကြောင့် ယေရှု​က“ ငါ့ ကို သင်္ဂြိုဟ် မည့် နေ့ အတွက် သူ သည် ဤ ဆီမွှေး ကို သိမ်း ထား ခဲ့ သည် ဖြစ်၍ သူ ပြု လို ရာ ပြု ပါစေ ။

[8] အကြောင်းမူကား ဆင်းရဲသား တို့ သည် သင် တို့ တွင် အစဉ် ရှိ ကြ ၏ ။ ငါ မူကား သင် တို့ တွင် အစဉ် ရှိ သည် မ ဟုတ် ” ​ဟု မိန့်​တော်မူ​၏။

[9] များစွာ​သော​ဂျူး​လူမျိုး​အစုအဝေး​သည် ထို​အရပ်​၌ ယေရှု​ရှိ​တော်မူ​ကြောင်း​ကို ကြားသိ​သဖြင့် ယေရှု​ကြောင့်​သာ​မ​ဟုတ်​ဘဲ သေ​သော​သူ​တို့​ထဲမှ ကိုယ်တော်​ထမြောက်​စေ​တော်မူ​သော လာဇရု​ကို​လည်း​တွေ့မြင်​ရ​ရန် ရောက်လာ​ကြ​၏။

[10] ထို့ကြောင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် လာဇရု​ကို​လည်း​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။

[11] အဘယ်ကြောင့်​ဆိုသော် များစွာ​သော​ဂျူး​လူမျိုး​တို့​သည် လာဇရု​ကြောင့် သူ​တို့​ကို​စွန့်ခွာ​၍ ယေရှု​ကို​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။

[12] နောက်တစ်နေ့​တွင် ပွဲတော်​သို့​ရောက်လာ​သည့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ယေရှု​ကြွလာ​တော်မူ​မည်​ဟု​ကြားသိ​သဖြင့်

[13] စွန်ပလွံ​ခက်​များ​ကို​ကိုင်ဆောင်​လျက် ကိုယ်တော်​ကို​ကြိုဆို​ရန် ထွက်သွား​ကြ​၍ “ဟောရှဏ္ဏ၊ ထာဝရ​ဘုရား​၏​နာမ​တော်​အားဖြင့် ကြွလာ​တော်မူ​သော​အရှင်၊ အစ္စရေး​ဘုရင်​သည်မင်္ဂလာရှိ ​စေ ​သတည်း ”​ဟု ကြွေးကြော်​ကြ​၏။

[14] ယေရှု​သည် မြည်း​ငယ်​ကို​တွေ့​၍ စီး​တော်မူ​၏။

[15] ဤသည်ကား “ဇိအုန်​သမီး၊ မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​၏​ရှင်ဘုရင်​သည် မြည်း​ကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏” ​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။

[16] ဤ​အရာ​များ​ကို တပည့်​တော်​တို့​သည် အစ​က နား​မ​လည်​ခဲ့​ကြ။ သို့သော် ယေရှု​ဘုန်း​တော်​ထင်ရှား​ခြင်း​ရှိ​တော်မူ​သောအခါ​မှသာ ဤ​အရာ​များ​သည် ကိုယ်တော်​ကို​ရည်ညွှန်း​၍ ရေး​ထား​ခဲ့​ခြင်း​ဖြစ်​ပြီး လူ​တို့​သည် ကိုယ်တော်​အပေါ် ထို​အတိုင်း​ပြု​ခဲ့​ကြောင်း​ကို ပြန်လည်​သတိရ​ကြ​၏။

[17] ယေရှု​သည် လာဇရု​ကို သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​စဉ်​က ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သော လူထု​ပရိသတ်​တို့​သည် ထို​အကြောင်း​ကို သက်သေခံ​ကြ​၏။

[18] လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ဆီးကြို​ကြ​ခြင်း​မှာ ဤသို့​သော​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​ကြောင်း ကြားသိ​ခဲ့​ကြ​သောကြောင့်​လည်း​ဖြစ်​၏။

[19] ထို့ကြောင့် ဖာရိရှဲ​တို့​က “တွေ့​သလော။ သင်​တို့​လုပ်ရပ်​တစ်ခုမျှ​အကျိုး​မ​ရှိ။ ကြည့်​ပါ။ တစ်ကမ္ဘာလုံး သူ့​နောက်​သို့​လိုက်​သွား​ကြ​ပြီ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

[20] ပွဲတော်​တွင် ဝတ်ပြု​ကိုးကွယ်​ရန် တက်​လာ​ကြ​သော​သူ​တို့​ထဲ၌ ဂရိ​လူမျိုး​အချို့​ပါ​၏။

[21] သူ​တို့​သည် ဂါလိလဲ​နယ်၊ ဗက်ဇဲဒ​မြို့သား ဖိလိပ္ပု​ထံ​ချဉ်းကပ်​၍ “ဆရာ၊ အကျွန်ုပ်​တို့​သည် ယေရှု​ကို​တွေ့မြင်​လို​ပါ​သည်”​ဟု တောင်းဆို​ကြ​၏။

[22] ဖိလိပ္ပု​သည်​သွား​၍ အန္ဒြေ​ကို​ပြောပြ​ပြီးလျှင် အန္ဒြေ​နှင့်​ဖိလိပ္ပု​တို့​သည်​လာ​၍ ယေရှု​ထံ​လျှောက်ထား​ကြ​၏။

[23] ထိုအခါ ယေရှု​က“ လူ့သား ကို ဘုန်း တော် ထင်ရှား စေ မည့် အချိန် ရောက်လာ ပြီ ။

[24] သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ ဂျုံ စေ့ တစ် စေ့ သည် မြေ ၌ ကျ ၍ မ ပျက်စီး လျှင် တစ်စေ့တည်း ရှိ နေ ၏ ။ ပျက်စီး လျှင် မူကား များစွာ သော အသီး ကို ဖြစ်ထွန်း စေ တတ် ၏ ။

[25] မိမိ အသက် ကို တွယ်တာ သော သူ သည် အသက် ဆုံးရှုံး လိမ့်မည် ။ ဤ လောက ၌ မိမိ အသက် ကို မုန်း သော သူ မူကား ထို အသက် ကို ထာဝရ အသက် အတွက် စောင့်ရှောက် လိမ့်မည် ။

[26] မည်သူမဆို ငါ ၏ အမှု ကို ဆောင်ရွက် မည် ဆို လျှင် ထို သူ သည် ငါ့ နောက် သို့ လိုက် ရ မည် ။ ထိုအခါ ငါ ရှိ ရာ အရပ် ၌ ငါ ၏ အမှုဆောင် လည်း ရှိ လိမ့်မည် ။ မည်သူမဆို ငါ ၏ အမှု ကို ဆောင်ရွက် မည် ဆို လျှင် ထို သူ ကို ခမည်းတော် သည် ချီးမြှောက် တော်မူ လိမ့်မည် ။

[27] ယခု ငါ့ စိတ် ပူပန် လျက် ရှိ ၏ ။ ငါ မည်သို့ လျှောက် ရ ပါ မည်နည်း ။ ‘ အို အဖ ၊ ဤ အချိန် နာရီ မှ အကျွန်ုပ် ကို ကယ်တင် တော်မူ ပါ ’ ဟူ၍ လျှောက် ရ ပါ မည် လော ။ သို့ရာတွင် ငါ သည် ဤ အတွက် ကြောင့် ယခု အချိန် နာရီ သို့ ရောက်လာ ခဲ့ ၏ ။

[28] ‘ အို အဖ ၊ ကိုယ်တော် ၏ နာမ တော် အား ဘုန်း တော် ထင်ရှား စေ တော်မူ ပါ ’ ” ​ဟု မြွက်ဆို​တော်မူ​၏။ ထိုအခါ “ငါ​သည် ဘုန်း​တော်​ထင်ရှား​စေ​ခဲ့​ပြီ။ နောက်တစ်ဖန်​လည်း ထင်ရှား​စေ​ဦး​မည်”​ဟု ကောင်းကင်​မှ​အသံ​တော်​လာ​၏။

[29] အနီးနား​၌​ရပ်​နေ​၍ ထို​အသံ​ကို​ကြား​ကြ​သော လူထု​ပရိသတ်​တို့​က “မိုးချုန်း​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “ကောင်းကင်တမန်​က သူ့​ကို​မြွက်ဆို​သည်”​ဟု ဆို​ကြ​၏။

[30] ယေရှု​က​လည်း“ ဤ အသံ တော် သည် ငါ့ အတွက် မ ဟုတ် ဘဲ သင် တို့ အတွက် လာ ၏ ။

[31] ယခု သည် ဤ လောက ၏ တရား စီရင် ခြင်း ကာလ ဖြစ် ၏ ။ ဤ လောက ကို အုပ်ချုပ် သူ သည် ယခု နှင်ထုတ် ခြင်း ခံရ မည် ။

[32] ငါ သည် လည်း မြေ မှ မြှောက် ထား ခြင်း ခံရ သောအခါ လူ ခပ်သိမ်း တို့ ကို ငါ့ ထံသို့ ဆွဲငင် မည် ” ​ဟု မိန့်​တော်မူ​၏။

[33] ဤသို့​မိန့်​တော်မူ​ခြင်းမှာ မိမိ​သည်​မည်သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အသေခံ​ရ​မည်​ကို အရိပ်အမြွက်​မိန့်​တော်မူ​ခြင်း​ဖြစ်​၏။

[34] ထိုအခါ လူထု​ပရိသတ်​က “ခရစ်တော်​သည် ကာလ​အစဉ်အဆက်​တည်​တော်မူ​၏ ​ဟု ပညတ်​တရား​ကျမ်း​အားဖြင့် အကျွန်ုပ်​တို့​ကြားသိ​ထား​သည်။ သို့ဖြစ်လျှင် သင်​သည် အဘယ်ကြောင့် ‘လူ့သား​သည် မြှောက်​ထား​ခြင်း​ခံ​ရ​မည်’​ဟု ဆို​သနည်း။ ဤ​လူ့သား​ဆို​သူ​မှာ မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။

[35] ယေရှု​က​လည်း“ အလင်း သည် သင် တို့ တွင် နောက်ထပ် ခဏ ရှိ ဦး မည် ။ သင် တို့ အား မှောင်မိုက် မ လွှမ်းမိုး စေရန် အလင်း ရှိ ခိုက် သွားလာ ကြ လော့ ။ မှောင်မိုက် ၌ သွားလာ သော သူ သည် မိမိ မည်သည့် အရပ် သို့ သွား သည် ကို မ သိ ။

[36] သင် တို့ သည် အလင်း ၏ သား များ ဖြစ် ကြ ရန် သင် တို့ တွင် အလင်း ရှိ ခိုက် အလင်း ကို ယုံကြည် ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် ဤ​အရာ​များ​ကို ဟောပြော​တော်မူ​ပြီးနောက် ထွက်သွား​၍ သူ​တို့​ကို တိမ်းရှောင်​လျက်​နေ​တော်မူ​၏။

[37] ယေရှု​သည် ဤမျှလောက်​များပြား​သော နိမိတ်​လက္ခဏာ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြု​တော်မူ​သော်လည်း သူ​တို့​သည် ကိုယ်တော်​ကို​မ​ယုံကြည်​ကြ​ပေ။

[38] ဤသည်ကား “အို ထာဝရ​ဘုရား၊ အကျွန်ုပ်​တို့​၏​သတင်း​စကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း။ ထာဝရ​ဘုရား​၏​လက်ရုံး​တော်​သည် မည်သူ့​ထံ ဖော်ပြ​ခြင်း​ခံရ​ပါ​သနည်း” ​ဟု ပရောဖက်​ဟေရှာယ​ဟောပြော​ထား​သော​စကား ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်အကြောင်း​တည်း။

[39] သူ​တို့​မ​ယုံကြည်​နိုင်​သည့်​အကြောင်းမှာ ဟေရှာယ​က

[40] “သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​၍ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည့်​အဖြစ်​မျိုး​မ​ရှိ​စေရန် ဘုရားသခင်​သည် သူ​တို့​၏​မျက်စိ​ကို ကွယ်​စေ​တော်မူ​၍ သူ​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​တော်မူ​၏” ​ဟု ထပ်မံ​၍ ဟောပြော​ခဲ့​သောကြောင့်​ဖြစ်​၏။

[41] ဟေရှာယ​သည် ယေရှု​၏​ဘုန်း​အသရေ​တော်​ကို​မြင်​ရ​သောကြောင့် ဤသို့​ပြောဆို​ပြီး ကိုယ်တော်​၏​အကြောင်း​ကို ဟောပြော​ခဲ့​ခြင်း​ဖြစ်​၏။

[42] မည်သို့ပင်ဖြစ်စေ အကြီးအကဲ​တို့​တွင်​လည်း ကိုယ်တော်​ကို​ယုံကြည်​သော​သူ​များစွာ​ရှိ​ကြ​၏။ သို့သော် သူ​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း ​မှ ထုတ်ပယ်​ခြင်း​ခံရ​မည်​ကို စိုးရိမ်​သဖြင့် ဖာရိရှဲ​တို့​ကြောင့် ဖွင့်​မ​ပြော​ဘဲ​နေ​ကြ​၏။

[43] အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ပေး​သော​ဘုန်း​အသရေ​ထက် လူ​တို့​ပေး​သော​ဘုန်း​အသရေ​ကို ပို၍​နှစ်သက်​ကြ​၏။

[44] တစ်ဖန် ယေရှု​က“ ငါ့ ကို ယုံကြည် သော သူ သည် ငါ့ ကို ယုံကြည် သည် မ ဟုတ် ဘဲ ငါ့ ကို စေလွှတ် တော်မူ သော အရှင် ကို ယုံကြည် ၏ ။

[45] ငါ့ ကို မြင် သော သူ သည် လည်း ငါ့ ကို စေလွှတ် တော်မူ သော အရှင် ကို မြင် ၏ ။

[46] ငါ့ ကို ယုံကြည် သော သူ တိုင်း မှောင်မိုက် ထဲ၌ မ နေ ရ စေရန် ငါ သည် အလင်း အဖြစ် ဤ လောက သို့ ကြွလာ ပြီ ။

[47] တစ်စုံတစ်ယောက် သည် ငါ့ စကား တို့ ကို ကြား လျက် မ စောင့်ထိန်း ​လျှင် လည်း ငါ သည် ထို သူ ကို ပြစ်ဒဏ် မ စီရင် ။ အကြောင်းမူကား ဤ လောက ကို ပြစ်ဒဏ် စီရင် ရန် ငါ လာ သည် မ ဟုတ် ။ ဤ လောက ကို ကယ်တင် ရန် ငါ လာ ၏ ။

[48] ငါ့ ကို ငြင်းပယ် ၍ ငါ့ စကား တို့ ကို လက် မ ခံ သော သူ အား ပြစ်ဒဏ် စီရင် သော သူ ရှိ ၏ ။ ငါ ဟောပြော ခဲ့ သည့် တရား စကား က ပင် နောက်ဆုံး သော နေ့ ၌ ထို သူ ကို ပြစ်ဒဏ် စီရင် လိမ့်မည် ။

[49] အကြောင်းမူကား ငါ သည် ကိုယ့် ဆန္ဒ အလျောက် ဟောပြော သည် မ ဟုတ် ဘဲ ငါ့ ကို စေလွှတ် တော်မူ သော ခမည်းတော် ကိုယ်တိုင် ငါ မည်သို့ မြွက်ဆို ၍ မည်သို့ ဟောပြော ရ မည် ကို ငါ့ အား အမိန့် ပေး တော်မူ ၏ ။

[50] ခမည်းတော် ၏ အမိန့် တော် သည် ထာဝရ အသက် ဖြစ် ကြောင်း ကို ငါ သိ ၏ ။ ထို့ကြောင့် ငါ ဟောပြော သော အရာ တို့ ကို ခမည်းတော် က ငါ့ အား မိန့် တော်မူ သည့် အတိုင်း ငါ ဟောပြော ၏ ” ​ဟု ကြွေးကြော်​တော်မူ​၏။

ရှင်ယောဟန်ခရစ်ဝင် — Chapters