[1] ထို့နောက် ဂျူးလူမျိုးတို့၏ပွဲတော်ရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။
[2] ဂျေရုဆလင်မြို့၌ သိုးတံခါးအနီးတွင် ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒ ဟုခေါ်သည့် မုခ်ဆောင်ငါးဆောင်ရှိသောရေကန်တစ်ကန်ရှိ၏။
[3] ထိုမုခ်ဆောင်တို့၌ မျက်မမြင်များ၊ ခြေမသန်စွမ်းသူများ၊ အကြောသေချည့်နဲ့သူများနှင့် နာမကျန်းဖြစ်သူအမြောက်အမြားတို့သည် လဲလျောင်းနေကြ၏။ [သူတို့သည် ရေလှုပ်ရှားခြင်းကို စောင့်မျှော်နေခြင်းဖြစ်၏။
[4] အကြောင်းမှာ ကောင်းကင်တမန်သည် ရေကန်သို့ တစ်ခါတစ်ရံဆင်းလာပြီး ရေကိုလှုပ်ရှားစေတတ်၏။ ထိုသို့ ရေလှုပ်ရှားသည့်နောက် ရေထဲသို့ အဦးဆုံးဆင်းသောသူသည် မည်သည့်ရောဂါစွဲကပ်နေသည်ဖြစ်စေ ရောဂါပျောက်ကင်းတတ်၏။]
[5] ထိုနေရာတွင် သုံးဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်သူတစ်ဦးရှိ၏။
[6] ထိုသူလဲလျောင်းနေသည်ကို ယေရှုမြင်တော်မူ၍ ကာလကြာမြင့်စွာခံစားနေရသောအဖြစ်ကိုသိသဖြင့်“ သင် သည် အကောင်း ပကတိ ဖြစ် လို သလော ” ဟု မေးတော်မူ၏။
[7] နာမကျန်းဖြစ်သူက “သခင်ဘုရား၊ ရေလှုပ်ရှားသောအခါ အကျွန်ုပ်ကို ရေကန်ထဲသို့ချပေးမည့်သူမရှိပါ။ အကျွန်ုပ်ဆင်းသွားမည်ပြုစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ထက် အလျင်ဦးစွာဆင်းသွားပါသည်”ဟု ပြန်လျှောက်လေ၏။
[8] ယေရှုကလည်း“ ထ လော့ ။ သင့် အိပ်ရာ ကို ဆောင်ယူ ၍ လမ်းလျှောက် လော့ ” ဟု မိန့်တော်မူလျှင်
[9] ထိုသူသည် ချက်ချင်းအကောင်းပကတိဖြစ်လာ၍ မိမိ၏အိပ်ရာကိုဆောင်ယူလျက် လမ်းလျှောက်လေ၏။ ထိုနေ့ကား ဥပုသ်နေ့ဖြစ်၏။
[10] သို့ဖြစ်၍ ဂျူးလူမျိုး တို့က “ယနေ့သည် ဥပုသ်နေ့ဖြစ်၏။ သင်သည် ကိုယ့်အိပ်ရာကိုဆောင်ယူခြင်းမှာ တရားတော်နှင့်မညီ” ဟု ရောဂါပျောက်ကင်းသောထိုသူအား ပြောဆိုကြ၏။
[11] ထိုသူကလည်း “အကျွန်ုပ်ကိုအကောင်းပကတိဖြစ်စေသောသူက ‘သင့်အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့’ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့သည်”ဟု ပြန်ပြောလေ၏။
[12] ဂျူးလူမျိုး တို့ကလည်း “‘အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့’ဟု သင့်အားဆိုသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။
[13] သို့ရာတွင် အကောင်းပကတိဖြစ်လာသောသူသည် ထိုသို့မိန့်တော်မူသောသူမှာ မည်သူဖြစ်သည်ကိုမသိ။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ လူအစုအဝေးရှိနေစဉ် ယေရှုသည် မထင်မရှားထွက်သွားတော်မူသောကြောင့်ဖြစ်၏။
[14] ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌တွေ့၍“ ကြည့် လော့ ။ သင် သည် အကောင်း ပကတိ ဖြစ် လေ ပြီ ။ နောက်တစ်ဖန် အပြစ် မ ပြု နှင့် ။ သို့မဟုတ် လျှင် ပို၍ ဆိုးရွား သော အရာ သည် သင့် အပေါ် သက်ရောက် လိမ့်မည် ” ဟု မိန့်တော်မူ၏။
[15] ထိုသူသည်သွား၍ မိမိကိုအကောင်းပကတိဖြစ်စေခဲ့သူမှာ ယေရှုဖြစ်ကြောင်း ဂျူးလူမျိုး တို့အား ပြောကြားလေ၏။
[16] ယေရှုသည် ဤအရာများကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့် ဂျူးလူမျိုး တို့သည် ကိုယ်တော်ကို လိုက်လံညှဉ်းဆဲကြ၏။
[17] သို့ရာတွင် ယေရှုက“ ငါ့ ခမည်းတော် သည် ယခု တိုင်အောင် အလုပ် လုပ် တော်မူ သည် ဖြစ်၍ ငါ သည် လည်း အလုပ် လုပ် ၏ ” ဟု သူတို့အားပြန်၍မိန့်တော်မူ၏။
[18] ထိုအတွက်ကြောင့် ဂျူးလူမျိုး တို့သည် ကိုယ်တော်ကိုသတ်ရန် ပို၍ကြိုးစားရှာကြံကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်နေ့ကိုဖောက်ဖျက်သည်သာမက ဘုရားသခင်ကိုမိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့်တန်းတူထားသောကြောင့်ဖြစ်၏။
[19] ထိုအခါ ယေရှုက“ သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ သား တော် သည် ခမည်းတော် ပြု တော်မူ သော အရာ ကို မြင် ၍ ပြု ခြင်း မှတစ်ပါး အခြား မည်သည့် အရာ ကို မျှ မိမိ ဆန္ဒ အလျောက် မ ပြု နိုင် ။ အကြောင်းမူကား ခမည်းတော် ပြု တော်မူ သမျှ အတိုင်း သား တော် လည်း ပြု ၏ ။
[20] ခမည်းတော် သည် သား တော် ကို ချစ် တော်မူ သောကြောင့် မိမိ ပြု တော်မူ သမျှ တို့ ကို သား တော် အား ပြ တော်မူ ၏ ။ သင် တို့ အံ့သြ ခြင်း ရှိ ကြ စေရန် ဤ ထက် ကြီးမြတ် သော အမှု တို့ ကို လည်း သား တော် အား ပြ တော်မူ လိမ့်မည် ။
[21] ခမည်းတော် သည် သေလွန် သော သူ တို့ ကို ထမြောက် စေ ၍ အသက်ရှင် စေ တော်မူ သကဲ့သို့ သား တော် သည် လည်း မိမိ အလိုရှိ သော သူ တို့ ကို အသက်ရှင် စေ ၏ ။
[22] လူ အပေါင်း တို့ သည် ခမည်းတော် ကို ရိုသေ သကဲ့သို့ သား တော် ကို ရိုသေ ကြ ရန် ခမည်းတော် သည် မည်သူ့ ကို မျှ တရား စီရင် တော် မ မူ ဘဲ တရား စီရင် ခြင်း အခွင့် ရှိသမျှ ကို သား တော် အား ပေးအပ် တော်မူ ပြီ ။ သား တော် ကို မ ရိုသေ သော သူ သည် သား တော် ကို စေလွှတ် တော်မူ သော ခမည်းတော် ကို မ ရိုသေ ။
[24] သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ ငါ့ စကား ကို နားထောင် ၍ ငါ့ ကို စေလွှတ် တော်မူ သော သူ ကို ယုံကြည် သော သူ သည် ထာဝရ အသက် ကို ရရှိ သည် ဖြစ်၍ အပြစ် စီရင် ခြင်း ကို မ ခံရ ဘဲ သေ ခြင်း မှ အသက်ရှင် ခြင်း သို့ ကူးပြောင်း ပြီ ဖြစ် ၏ ။
[25] သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ သေလွန် သော သူ တို့ သည် ဘုရားသခင် သား တော် ၏ အသံ ကို ကြား ၍ ကြား သော သူ တို့ သည် အသက်ရှင် မည့် အချိန် ရောက် လာ မည် ဖြစ်ရာ ယခု ပင် ရောက် လာ လေ ပြီ ။
[26] အကြောင်းမူကား ခမည်းတော် သည် မိမိ ၌ အသက် ကို ပိုင်ဆိုင် တော်မူ သည် နည်းတူ သား တော် အား လည်း မိမိ ၌ အသက် ကို ပိုင်ဆိုင် ခွင့် ပေး တော်မူ ၏ ။
[27] သား တော် သည် လူ့သား ဖြစ် သောကြောင့် ခမည်းတော် သည် တရား စီရင် ပိုင်ခွင့် ကို လည်း သား တော် အား ပေး အပ် တော်မူ ပြီ ။
[28] ဤ အမှုအရာ ကို အံ့သြ ခြင်း မ ရှိ ကြ နှင့် ။ သင်္ချိုင်း များ ၌ ရှိ သော သူ အပေါင်း တို့ သည် သား တော် ၏ အသံ ကို ကြား ၍
[29] ထွက်လာ မည့် အချိန် ရောက် လာ လိမ့်မည် ။ ကောင်း သော အမှု ကို ပြု သော သူ တို့ သည် အသက်ရှင် ခြင်း နှင့်ဆိုင်သော ရှင်ပြန် ထမြောက် ခြင်း သို့ လည်းကောင်း ၊ ဆိုးညစ် သော အမှု ကို ပြုကျင့် သော သူ တို့ သည် အပြစ် စီရင် ခြင်း နှင့်ဆိုင်သော ရှင်ပြန် ထမြောက် ခြင်း သို့ လည်းကောင်း အသီးသီး ထွက်လာ ကြ လိမ့်မည် ။
[30] ငါ သည် ကိုယ့် ဆန္ဒ အလျောက် မည်သည့် အရာ ကို မျှ မ ပြု နိုင် ။ ငါ သည် ကြား ရ သည့် အတိုင်း သာ တရား စီရင် ၍ ကိုယ့် အလို မ ဟုတ် ဘဲ ငါ့ ကို စေလွှတ် တော်မူ သော အရှင် ၏ အလို တော် ကို လိုက်နာ သောကြောင့် ငါ ၏ စီရင် ဆုံးဖြတ် ချက် သည် ဖြောင့်မတ် ၏ ။
[31] ငါ သည် ကိုယ့် အကြောင်း ကို သက်သေခံ လျှင် ငါ ၏ သက်သေခံ ချက် သည် မှန်ကန် မှု မ ရှိ ။
[32] ငါ့ အကြောင်း ကို သက်သေခံ သည့် အခြား သော အရှင် တစ် ပါး ရှိ ၏ ။ ထို အရှင် ပေး သည့် ငါ နှင့် ပတ်သက် သော သက်သေခံ ချက် သည် မှန်ကန် ကြောင်း ကို ငါ သိ ၏ ။
[33] သင် တို့ သည် ယောဟန် ထံသို့ လူ ကို စေလွှတ် ကြ ရာ သူ သည် သမ္မာတရား ဘက် ၌ သက်သေခံ ခဲ့ ၏ ။
[34] ထိုသို့ဆိုသော် လူ ၏ သက်သေခံ ချက် ကို ငါ ခံယူ သည် မ ဟုတ် ။ သို့ရာတွင် သင် တို့ ကယ်တင် ခြင်း ခံရ ရန် ဤ အရာ များ ကို ငါ ပြော ၏ ။
[35] ယောဟန် သည် တောက်လောင် ၍ ထွန်းလင်း သော ဆီမီး ဖြစ် ၏ ။ သင် တို့ သည် သူ ၏ အလင်း ၌ ခေတ္တ ခဏ ရွှင်မြူး လို ကြ ၏ ။
[36] ငါ ၌ မူကား ယောဟန် ထက် ကြီးမြတ် သော သက်သေခံ ချက် ရှိ ၏ ။ ငါ ပြီးမြောက် အောင် ဆောင်ရွက် ရန် ငါ့ အား ခမည်းတော် ပေးအပ် တော်မူ သော အမှု များ ဖြစ် သည့် ယခု ငါ ပြု နေ သော အမှု များ က ပင် ခမည်းတော် သည် ငါ့ အား စေလွှတ် တော်မူ ကြောင်း ကို သက်သေခံ ကြ ၏ ။
[37] ငါ့ ကို စေလွှတ် တော်မူ သော ခမည်းတော် ကိုယ်တိုင် သည် လည်း ငါ့ အကြောင်း ကို သက်သေခံ တော်မူ ၏ ။ သင် တို့ မူကား တစ်ခါမျှ သူ ၏ အသံ တော် ကို မ ကြား ၊ အဆင်း သဏ္ဌာန် တော် ကို လည်း မ မြင် ဖူး ကြ ။
[38] သူ ၏ နှုတ်ကပတ် တော် သည် လည်း သင် တို့ ၌ မ တည် မ ရှိ ။ အဘယ်ကြောင့် ဆိုသော် ခမည်းတော် စေလွှတ် တော်မူ သော သူ ကို သင် တို့ မ ယုံကြည် ကြ သောကြောင့် ဖြစ် ၏ ။
[39] သင် တို့ သည် ကျမ်းစာ အားဖြင့် ထာဝရ အသက် ကို ရရှိ မည် ဟု ထင်မှတ် ၍ ကျမ်းစာ ကို စူးစမ်း လေ့လာ နေ ကြ ၏ ။ ထို ကျမ်းစာ က ပင် ငါ့ အကြောင်း ကို သက်သေခံ လျက် ရှိ ၏ ။
[40] သို့သော် သင် တို့ သည် အသက် ကို ရရှိ ရန် ငါ့ ထံသို့ မ လာ လို ကြ ။
[41] ငါ သည် လူ တို့ ပေး သော ဘုန်း အသရေ ကို မ ခံ မ ယူ ။
[42] မည်သို့ပင်ဖြစ်စေ သင် တို့ ၌ ဘုရားသခင် ကို ချစ် သော စိတ် မ ရှိ ကြောင်း ကို ငါ သိ ၏ ။
[43] ငါ သည် ငါ့ ခမည်းတော် ၏ နာမ အားဖြင့် ရောက်လာ သော်လည်း သင် တို့ သည် ငါ့ ကို လက် မ ခံ ကြ ။ အခြား သော သူ သည် မိမိ ကိုယ်ပိုင် နာမ အားဖြင့် ရောက်လာ လျှင် ထို သူ ကို သင် တို့ လက်ခံ ကြ လိမ့်မည် ။
[44] အချင်းချင်း ပေး သော ဘုန်း အသရေ ကို ခံယူ ကြ ပြီး တစ်ဆူတည်း သော ဘုရားသခင် ပေး သော ဘုန်း အသရေ ကို မ လိုလား သော သင် တို့ သည် မည်သို့ ယုံကြည် နိုင် ကြ မည်နည်း ။
[45] ငါ သည် ခမည်းတော် ရှေ့၌ သင် တို့ ကို စွပ်စွဲ မည် ဟု မ ထင် ကြ နှင့် ။ သင် တို့ ကို စွပ်စွဲ သူ မှာ သင် တို့ မျှော်လင့် အားထား သော မောရှေ ပင် ဖြစ် ၏ ။
[46] မောရှေ သည် ငါ့ အကြောင်း ကို ရေး ထား သည် ဖြစ်၍ သင် တို့ သည် မောရှေ ကို ယုံကြည် ခဲ့ လျှင် ငါ့ ကို လည်း ယုံကြည် ခဲ့ ကြ ပေ လိမ့်မည် ။
[47] သို့ရာတွင် မောရှေ ၏ ကျမ်း များ ကို သင် တို့ မ ယုံကြည် ကြ လျှင် ငါ ၏ စကား တို့ ကို မည်သို့ ယုံကြည် ကြ မည်နည်း ” ဟု မိန့်တော်မူ၏။