[1] သင် တို့ စိတ် ပူပန် ခြင်း မ ရှိ ကြ နှင့် ။ ဘုရားသခင် ကို ယုံကြည် ကြ လော့ ။ ငါ့ ကို လည်း ယုံကြည် ကြ လော့ ။
[2] ငါ့ ခမည်းတော် ၏ အိမ် တော် ၌ နေ စရာ များစွာ ရှိ ၏ ။ မ ရှိ ပါက မ ရှိ ကြောင်း သင် တို့ အား ငါ ပြော ခဲ့ ပေ လိမ့်မည် ။ သင် တို့ အတွက် နေရာ ပြင်ဆင် ရန် ငါ သွား မည် ။
[3] ထိုသို့ သွား ၍ သင် တို့ အတွက် နေရာ ပြင်ဆင် ပြီးလျှင် ငါ ရှိ ရာ အရပ် ၌ သင် တို့ လည်း ရှိ စေရန် တစ်ဖန် ပြန်လာ ၍ သင် တို့ ကို ငါ့ ထံသို့ ခေါ်ယူ သိမ်းဆည်း မည် ။
[4] ငါ သွား ရာ အရပ် သို့ ရောက် သော လမ်း ကို သင် တို့ သိ ကြ ၏ ” ဟု မိန့်တော်မူ၏။
[5] သောမက “သခင်ဘုရား၊ ကိုယ်တော်သည် မည်သည့်အရပ်သို့ ကြွတော်မူမည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍ ထိုလမ်းကို မည်သို့သိနိုင်ပါမည်နည်း”ဟု လျှောက်လျှင်
[6] ယေရှုက“ ငါ သည် လမ်း ၊ သမ္မာတရား နှင့် အသက် ဖြစ် ၏ ။ ငါ့ ကို အမှီ မ ပြု လျှင် မည်သူမျှ ခမည်းတော် ထံသို့ မ ရောက် နိုင် ရာ ။
[7] သင် တို့ သည် ငါ့ ကို သိ ခဲ့ လျှင် ငါ့ ခမည်းတော် ကို လည်း သိ ခဲ့ ကြ ပေ လိမ့်မည် ။ ယခု မှစ၍ သင် တို့ သည် ခမည်းတော် ကို သိ လျက် မြင် ရ ကြ လေ ပြီ ” ဟု မိန့်တော်မူ၏။
[8] ဖိလိပ္ပုက “သခင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့အတွက် လုံလောက်ပါပြီ”ဟု လျှောက်လေ၏။
[9] ယေရှုက“ ဖိလိပ္ပု ၊ ငါ သည် သင် တို့ နှင့်အတူ ဤမျှလောက် ကြာမြင့် စွာ ရှိ လျက် နှင့် ပင် သင် သည် ငါ့ ကို မ သိ ခဲ့ သလော ။ ငါ့ ကို မြင် သော သူ သည် ခမည်းတော် ကို မြင် လေ ပြီ ။ သို့ဖြစ်လျှင် ‘ ခမည်းတော် ကို အကျွန်ုပ် တို့ အား ပြ တော်မူ ပါ ’ ဟု သင် မည်သို့ ဆို နိုင် သနည်း ။
[10] ငါ သည် ခမည်းတော် ၌ ရှိ ၍ ခမည်းတော် သည် ငါ ၌ ရှိ တော်မူ သည် ကို သင် မ ယုံ သလော ။ သင် တို့ အား ငါ ပြောဆို သော စကား တို့ ကို ငါ့ ဆန္ဒ အလျောက် ငါ ပြောဆို သည် မ ဟုတ် ။ ငါ ၌ တည် နေ တော်မူ သော ခမည်းတော် သည် သူ ၏ အမှု တော် များ ကို ပြု တော်မူ ခြင်း သာ ဖြစ် ၏ ။
[11] ငါ သည် ခမည်းတော် ၌ ရှိ ၍ ခမည်းတော် သည် ငါ ၌ ရှိ ကြောင်း ကို ယုံ ကြ လော့ ။ မ ယုံ နိုင် လျှင် ငါ ပြု သော အမှု များ ကို ထောက်၍ ယုံ ကြ လော့ ။
[12] သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ ငါ့ ကို ယုံကြည် သော သူ သည် ငါ ပြု သော အမှု တို့ ကို ပြု လိမ့်မည် ။ ထို ထက် ပို၍ ကြီးမြတ် သော အမှု တို့ ကို လည်း ပြု လိမ့်မည် ။ အကြောင်းမူကား ငါ သည် ခမည်းတော် ထံသို့ သွား မည် ဖြစ် ၏ ။
[13] ခမည်းတော် သည် သား တော် အားဖြင့် ဘုန်း တော် ထင်ရှား မည့် အကြောင်း ငါ ၏ နာမ ၌ သင် တို့ တောင်းလျှောက် သမျှ ကို ငါ ပြု မည် ။
[14] သင် တို့ သည် ငါ ၏ နာမ ၌ တစ်စုံတစ်ခု ကို တောင်းလျှောက် လျှင် ငါ သည် ထို အရာ ကို ပြု မည် ။
[15] သင် တို့ သည် ငါ့ ကို ချစ် လျှင် ငါ ၏ ပညတ် ချက် များ ကို စောင့်ထိန်း ကြ လိမ့်မည် ။
[16] ငါ သည် လည်း ခမည်းတော် ကို တောင်းလျှောက် သဖြင့် ခမည်းတော် သည် အခြား သော ကူညီ မစ သူ တစ် ပါး ကို သင် တို့ နှင့်အတူ ကာလ အစဉ်အဆက် ရှိ စေရန် သင် တို့ အား ပေး တော်မူ မည် ။
[17] ထို အရှင် မှာ သမ္မာတရား ၏ ဝိညာဉ် တော် ဖြစ် ၏ ။ ဤ လောက သည် ထို အရှင် ကို မြင် လည်း မ မြင် ၊ သိ လည်း မ သိ သောကြောင့် ထို အရှင် ကို မ ခံယူ မ ရရှိ နိုင် ။ သို့သော် ထို အရှင် သည် သင် တို့ နှင့်အတူ တည် နေ ၍ သင် တို့ ၌ ရှိ နေ မည် ဖြစ် သောကြောင့် သင် တို့ သည် ထို အရှင် ကို သိ ကြ ၏ ။
[18] ငါ သည် သင် တို့ ကို မိဘမဲ့ အဖြစ် ပစ်ထား မည် မ ဟုတ် ။ သင် တို့ ထံသို့ ငါ ပြန်လာ ဦး မည် ။
[19] နောက်ထပ် ခဏ ကြာ လျှင် ဤ လောက သည် ငါ့ ကို မြင် ရ တော့မည် မ ဟုတ် ။ သင် တို့ မူကား ငါ့ ကို မြင် ရ ကြ လိမ့်မည် ။ ငါ သည် အသက်ရှင် သောကြောင့် သင် တို့ သည် လည်း အသက်ရှင် ရ ကြ လိမ့်မည် ။
[20] ထို နေ့ တွင် ငါ့ ခမည်းတော် ၌ ငါ ရှိ သည် ကို လည်းကောင်း ၊ သင် တို့ သည် ငါ ၌ ရှိ ၍ ငါ သည် သင် တို့ ၌ ရှိ သည် ကို လည်းကောင်း သင် တို့ သိ ကြ လိမ့်မည် ။
[21] ငါ ၏ ပညတ် ချက် များ ကို ရရှိ ၍ ၎င်း တို့ ကို စောင့်ထိန်း သော သူ သည် ငါ့ ကို ချစ် သော သူ ဖြစ် ၏ ။ ငါ့ ကို ချစ် သော သူ အား ငါ့ ခမည်းတော် သည် ချစ် တော်မူ မည် ။ ငါ သည် လည်း ထို သူ ကို ချစ် ၍ သူ့ ထံ၌ မိမိကိုယ်ကို ထင်ရှား စေ မည် ” ဟု မိန့်တော်မူ၏။
[22] ယုဒဣရှကာရုတ်မဟုတ်သောယုဒက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ထံ မိမိကိုယ်ကိုထင်ရှားစေရန်ကြံရွယ်တော်မူသော်လည်း လောကီသားတို့ထံ မထင်ရှားစေသည်မှာ မည်သို့နည်း”ဟု မေးလျှောက်၏။
[23] ယေရှုကလည်း“ မည်သူမဆို ငါ့ ကို ချစ် လျှင် ငါ့ စကား ကို လိုက်နာ စောင့်ထိန်း လိမ့်မည် ။ ငါ့ ခမည်းတော် သည် လည်း ထို သူ ကို ချစ် တော်မူ သဖြင့် ငါ တို့ သည် သူ့ ထံသို့ လာ ၍ သူ နှင့်အတူ နေထိုင် မည် ။
[24] ငါ့ ကို မ ချစ် သော သူ သည် ငါ့ စကား ကို လိုက်နာ စောင့်ထိန်း ခြင်း မ ရှိ ။ သင် တို့ ကြား ရ သော စကား သည် ငါ ၏ စကား မ ဟုတ် ဘဲ ငါ့ ကို စေလွှတ် တော်မူ သော ခမည်းတော် ၏ စကား ဖြစ် ၏ ။
[25] သင် တို့ နှင့်အတူ ရှိ နေ စဉ် ဤ အရာ များ ကို ငါ ဟောပြော ခဲ့ ပြီ ။
[26] သို့သော် ငါ့ နာမ ၌ ခမည်းတော် စေလွှတ် တော်မူ မည့် ကူညီ မစ သူ တည်းဟူသော သန့်ရှင်း သော ဝိညာဉ် တော် သည် အရာ ခပ်သိမ်း တို့ ကို သင် တို့ အား သွန်သင် တော်မူ ၍ ငါ ပြောဆို ခဲ့ သမျှ သော အရာ တို့ ကို သင် တို့ အား ပြန်လည် သတိရ စေ တော်မူ လိမ့်မည် ။
[27] ငါ သည် ငြိမ်သက် ခြင်း ကို သင် တို့ ၌ ထားခဲ့ ၏ ။ ငါ ၏ ငြိမ်သက် ခြင်း ကို သင် တို့ အား ငါ ပေး ၏ ။ ဤ လောက ပေး သည့် အတိုင်း သင် တို့ အား ငါ ပေး သည် မ ဟုတ် ။ သင် တို့ စိတ် ပူပန် ခြင်း မ ရှိ ကြ နှင့် ။ ကြောက်ရွံ့ ခြင်း လည်း မ ရှိ ကြ နှင့် ။
[28] ငါ သည် သွား သော်လည်း သင် တို့ ထံသို့ ပြန်လာ ဦး မည် ဟု ငါ ပြော ခဲ့ သည် ကို သင် တို့ ကြား ရ ကြ ပြီ ။ သင် တို့ သည် ငါ့ ကို ချစ် ကြ လျှင် ခမည်းတော် ထံသို့ ငါ သွား သည့် အတွက် ဝမ်းမြောက် ကြ လိမ့်မည် ။ အကြောင်းမူကား ခမည်းတော် သည် ငါ့ ထက် ကြီးမြတ် တော်မူ ၏ ။
[29] ထို အခြင်းအရာ ဖြစ်ပျက် လာ သောအခါ သင် တို့ ယုံကြည် ကြ စေရန် မ ဖြစ်ပျက် မီ က ပင် သင် တို့ ကို ယခု ငါ ပြော ထား ၏ ။
[30] ငါ သည် သင် တို့ နှင့် များစွာ ပြော တော့မည် မ ဟုတ် ။ အကြောင်းမူကား ဤ လောက ကို အုပ်ချုပ် သူ သည် ရောက်လာ တော့မည် ။ သူ သည် ငါ့ အပေါ်၌ မည်သည့် အခွင့် အာဏာ မျှ မ ရှိ ။
[31] သို့ရာတွင် ငါ သည် ခမည်းတော် ကို ချစ် ကြောင်း ဤ လောက အား သိ စေရန် ငါ့ ကို ခမည်းတော် မိန့်မှာ တော်မူ သည့် အတိုင်း ငါ ပြု ၏ ။ ထ ကြ လော့ ။ ဤ အရပ် မှ သွား ကြ ကုန်စို့ ။