Skip to content
Opens in a new window
Listen to this chapter • 7:43

[1] ပသခါ​ပွဲတော်​မတိုင်မီ​၌ ယေရှု​သည် ဤ​လောက​မှ​ထွက်ခွာ​ပြီး ခမည်းတော်​ထံသို့​သွား​ရ​မည့် မိမိ​အချိန်​ရောက်လာ​သည်​ကို သိ​တော်မူ​၍ ဤ​လောက​၌​ရှိ​သော မိမိ​လူ​တို့​ကို​ချစ်​တော်မူ​လျက် အဆုံး​တိုင်အောင်​ချစ်​တော်မူ​၏။

[2] ညစာ​ကို​စား​ကြ​စဉ် မာရ်နတ်​သည် ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​၏​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ကို​အပ်နှံ​ရန် အကြံ​သွင်း​ပေး​နှင့်​ပြီ​ဖြစ်​၏။

[3] ယေရှု​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​လက်​သို့ ခမည်းတော်​ပေးအပ်​တော်မူ​သည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ဘုရားသခင်​ထံသို့​ပြန်​သွား​တော့မည်​ကို​လည်းကောင်း သိ​တော်မူ​သဖြင့်

[4] ညစာ​စားပွဲ​မှ​ထ​၍ ဝတ်ရုံ​တော်​ကို​ချွတ်​ပြီးလျှင် ပဝါ​ကို​ယူ​လျက် မိမိ​ခါး​၌​စည်း​တော်မူ​၏။

[5] ထို့နောက် ဇလုံ​၌​ရေ​ထည့်​၍ တပည့်​တော်​တို့​၏​ခြေ​ကို​ဆေး​ပြီးမှ ခါး​၌​စည်း​ထား​သော​ပဝါ​ဖြင့် သုတ်​တော်မူ​၏။

[6] ဤသို့ဖြင့် ရှိမုန်​ပေတရု​ထံ​ရောက်​တော်မူ​သောအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေ​ကို ဆေး​တော်မူ​မည်​လော”​ဟု လျှောက်​လေ​၏။

[7] ယေရှု​က​လည်း“ သင် သည် ငါ ပြု နေ သော အရာ ကို ယခု နား မ လည် သော်လည်း နောင် အခါ သဘောပေါက် လိမ့်မည် ” ​ဟု ပြန်​၍​မိန့်​တော်မူ​လျှင်

[8] ပေတရု​က “အကျွန်ုပ်​၏​ခြေ​ကို လုံးဝ​ဆေး​တော်​မ​မူ​ပါ​နှင့်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ သင့် ကို ငါ မ ဆေး ရ လျှင် သင် သည် ငါ နှင့် မ သက်ဆိုင် ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[9] ထိုအခါ ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ခြေ​ကို​သာ​မ​ဟုတ်​ဘဲ လက်​နှင့်​ဦးခေါင်း​တို့​ကို​ပါ ဆေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

[10] ယေရှု​က​လည်း“ ရေချိုး ပြီး သော သူ သည် တစ်ကိုယ်လုံး စင်ကြယ် သည် ဖြစ် ၍ ခြေ မှလွဲ၍ ဆေး ရန် မ လို ။ သင် တို့ သည် စင်ကြယ် ကြ ၏ ။ သို့သော် သင် တို့ အားလုံး မ ဟုတ် ” ​ဟု မိန့်​တော်မူ​၏။

[11] ကိုယ်တော်​သည် မိမိ​ကို မည်သူ​အပ်နှံ​မည်​ကို​သိ​တော်မူ​သောကြောင့်“ သင် တို့ အားလုံး စင်ကြယ် သည် မ ဟုတ် ” ​ဟု မိန့်​တော်မူ​ခြင်း​ဖြစ်​၏။

[12] ထိုသို့ သူ​တို့​၏​ခြေ​ကို​ဆေး​ပြီး​သောအခါ ကိုယ်တော်​သည် ဝတ်ရုံ​တော်​ကို​ပြန်​ဝတ်​၍ တစ်ဖန်​ထိုင် ​တော်မူ​ပြီးလျှင် တပည့်​တော်​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“ သင် တို့ ၌ ငါ ပြု ခဲ့ သော အရာ ကို နားလည် ကြ သလော ။

[13] သင် တို့ သည် ငါ့ ကို ဆရာ ဟူ၍ လည်းကောင်း ၊ သခင် ဘုရား ဟူ၍ လည်းကောင်း ခေါ် ကြ ၏ ။ ငါ သည် ထို အတိုင်း ဖြစ် သောကြောင့် သင် တို့ ထိုသို့ ခေါ် ကြ သည် မှာ လျောက်ပတ် ပေ ၏ ။

[14] ထို့ကြောင့် သခင် ဘုရား လည်း ဖြစ်၍ ဆရာ လည်း ဖြစ် သော ငါ သည် သင် တို့ ၏ ခြေ ကို ဆေး လျှင် သင် တို့ သည် လည်း အချင်းချင်း တို့ ၏ ခြေ ကို ဆေး ကြ ရ မည် ။

[15] သင် တို့ ၌ ငါ ပြု သကဲ့သို့ သင် တို့ သည် လည်း ပြု ကြ ရန် စံနမူနာ ကို ငါ ပြ ခဲ့ ၏ ။

[16] သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ ကျွန် သည် သူ့ သခင် ထက် ကြီးမြတ် သည် မ ဟုတ် ။ စေတမန် သည် လည်း သူ့ ကို စေလွှတ် သော သူ ထက် ကြီးမြတ် သည် မ ဟုတ် ။

[17] ဤ အရာ များ ကို သင် တို့ သိမှတ် ၍ ထို အတိုင်း ကျင့်သုံး လျှင် သင် တို့ သည် မင်္ဂလာရှိ ကြ ၏ ။

[18] သင် တို့ အားလုံး ကို ငါ ရည်ညွှန်း ပြောဆို သည် မ ဟုတ် ။ ငါ ရွေးကောက် သော သူ တို့ ကို ငါ သိ ၏ ။ သို့သော် ‘ ငါ့ မုန့် ကို စား သော သူ ​သည် ငါ့ ကို ဖနောင့် နှင့် ပေါက် လေ ၏ ’ ​ဟူသော ကျမ်းချက် သည် ပြည့်စုံ ရ မည် ။

[19] ထို အခြင်းအရာ ဖြစ်ပျက် လာ သောအခါ ငါ သည် ထို အရှင် ဖြစ် ကြောင်း သင် တို့ ယုံကြည် ကြ ရန် ထို အခြင်းအရာ မ ဖြစ်ပျက် မီ ယခု က ပင် သင် တို့ အား ငါ ပြော နှင့် ပြီ ။

[20] သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ ငါ စေလွှတ် သော သူ ကို လက်ခံ သော သူ သည် ငါ့ ကို လက်ခံ ၏ ။ ငါ့ ကို လက်ခံ သော သူ သည် လည်း ငါ့ ကို စေလွှတ် တော်မူ သော အရှင် ကို လက်ခံ ၏ ” ​ဟု မိန့်​တော်မူ​၏။

[21] ယေရှု​သည် ဤ​အကြောင်းအရာ​များ​ကို မိန့်​တော်မူ​ပြီး​သောအခါ စိတ်​တော်​ပူပန်​လျက်“ သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ သင် တို့ အထဲမှ တစ် ယောက် သည် ငါ့ ကို အပ်နှံ လိမ့်မည် ” ​ဟု သက်သေခံ​လျက် မိန့်​တော်မူ​၏။

[22] တပည့်​တော်​တို့​သည် မည်သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ကို တွေးမရ​ဖြစ်​သဖြင့် တစ်ဦး​ကို​တစ်ဦး​ကြည့်​နေ​ကြ​၏။

[23] တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သည့် ယေရှု​ချစ်​တော်မူ​သော​သူ​သည် ကိုယ်တော်​၏​ရင်ခွင်​တော်​နား​မှာ ထိုင်​လျက်​နေ​သဖြင့်

[24] မည်သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ကို​မေး​ရန် ရှိမုန်​ပေတရု​က ထို​တပည့်​တော်​အား အချက်ပြ​လေ​၏။

[25] သို့ဖြစ်၍ ထို​တပည့်​တော်​သည် သူ့​နေရာ​မှ ယေရှု​၏​ရင်ခွင်​တော်​သို့ ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ထို​သူ​သည် မည်သူ​နည်း”​ဟု မေးလျှောက်​လေ​၏။

[26] ယေရှု​က​လည်း“ ထို သူ ကား မုန့် တစ် ဖဲ့ ကို ငါ နှစ် ၍ ပေး သော သူ ဖြစ် ၏ ” ​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် မုန့်​တစ်​ဖဲ့​ကို​နှစ်​ပြီးမှ ၎င်း​ကို​ယူ​၍ ရှိမုန်​၏​သား ယုဒ​ဣရှကာရုတ်​အား ပေး​တော်မူ​၏။

[27] ထို​မုန့်​တစ်​ဖဲ့​ကို​ခံယူ​ပြီး​သောအခါ စာတန်​သည် သူ့​အထဲသို့​ဝင်​လေ​၏။ ထို့ကြောင့် ယေရှု​သည် ယုဒ​အား“ သင် ပြု နေ သည့် အမှု ကို အမြန် ပြု လော့ ” ​ဟု မိန့်​တော်မူ​၏။

[28] သို့သော် ကိုယ်တော်​သည် ယုဒ​အား အဘယ်ကြောင့် ထိုသို့​မိန့်​တော်မူ​သည်​ကို စားပွဲ​၌​ထိုင်​နေ​သော​သူ​တို့​တွင် မည်သူမျှ​မ​သိ​ကြ​ပေ။

[29] အချို့​တို့​က ယုဒ​သည် ငွေ​အိတ်​ကို​ကိုင်​ရ​သည်​ဖြစ်၍ ယေရှု​က ပွဲတော်​အတွက်​လိုအပ်​သော​အရာ​များ​ကို ဝယ်ယူ​လော့၊ သို့မဟုတ် ဆင်းရဲသား​တို့​အား တစ်စုံတစ်ခု​ပေး​သင့်​သည်​ဟူ၍ သူ့​ကို​မိန့်​တော်မူ​သည်​ဟု ထင်မှတ်​ကြ​၏။

[30] ယုဒ​သည် မုန့်​တစ်​ဖဲ့​ကို​ခံယူ​ပြီးလျှင် ချက်ချင်း​ထွက်သွား​လေ​၏။ ထို​အချိန်​ကား ည​အချိန်​ဖြစ်​၏။

[31] ယုဒ​ထွက်သွား​ပြီးနောက် ယေရှု​က“ ယခု အခါ လူ့သား ကို ဘုန်း တော် ထင်ရှား စေ တော်မူ ပြီ ။ ဘုရားသခင် သည် လည်း လူ့သား အားဖြင့် ဘုန်း တော် ထင်ရှား တော်မူ ပြီ ။

[32] ဘုရားသခင် သည် လူ့သား အားဖြင့် ဘုန်း တော် ထင်ရှား တော်မူ လျှင် ဘုရားသခင် ကိုယ်တော် တိုင် အားဖြင့် လည်း လူ့သား ကို ဘုန်း တော် ထင်ရှား စေ တော်မူ ၍ ထို ဘုန်း တော် ကို ချက်ချင်း ထင်ရှား စေ တော်မူ လိမ့်မည် ။

[33] ချစ် သား တို့ ၊ ငါ သည် သင် တို့ နှင့်အတူ ခဏတာ မျှသာ နေ ရ တော့မည် ။ သင် တို့ သည် ငါ့ ကို ရှာ ကြ လိမ့်မည် ။ သို့ရာတွင် ‘ ငါ သွား ရာ အရပ် သို့ သင် တို့ မ လာ နိုင် ကြ ’ ဟု ဂျူး လူမျိုး ​တို့ အား ငါ ပြော သကဲ့သို့ ယခု သင် တို့ ကို လည်း ငါ ပြော ၏ ။

[34] သင် တို့ အချင်းချင်း ချစ် ကြ လော့ ။ သင် တို့ ကို ငါ ချစ် သည့် နည်းတူ သင် တို့ သည် လည်း အချင်းချင်း ချစ် ကြ လော့ ဟူသော ပညတ် ချက် အသစ် ကို သင် တို့ အား ငါ ပေး ၏ ။

[35] သင် တို့ အချင်းချင်း ကြား၌ ချစ် ခြင်း မေတ္တာ ရှိ လျှင် ထို ချစ် ခြင်း မေတ္တာ ကို ထောက်၍ သင် တို့ သည် ငါ့ တပည့် များ ဖြစ် ကြောင်း ကို လူ အပေါင်း တို့ သိ ကြ လိမ့်မည် ” ​ဟု​မိန့်​တော်မူ​၏။

[36] ရှိမုန်​ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​မည်သည့်​အရပ်​သို့ ကြွ​တော်မူ​မည်နည်း”​ဟု မေး​လျှောက်​လျှင် ယေရှု​က“ ငါ သွား ရာ အရပ် သို့ သင် သည် ယခု မ လိုက် နိုင် ။ သို့သော် နောင် အခါ တွင် လိုက် ရ လိမ့်မည် ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[37] ပေတရု​က​လည်း “သခင်​ဘုရား၊ အဘယ်ကြောင့် ကိုယ်တော့်​နောက်​သို့ ယခု​မ​လိုက်​နိုင်​ရ​သနည်း။ ကိုယ်တော်​အတွက် အကျွန်ုပ်​၏​အသက်​ကို​စွန့်​ပါ​မည်”​ဟု လျှောက်​လေ​၏။

[38] ယေရှု​က“ ငါ့ အတွက် သင် ၏ အသက် ကို စွန့် မည် လော ။ သင့် အား ငါ အမှန်အကန် ဆို မည် ။ ကြက် မ တွန် မီ သင် သည် ငါ့ ကို သုံး ကြိမ် တိုင်တိုင် ငြင်းပယ် လိမ့်မည် ။

ရှင်ယောဟန်ခရစ်ဝင် — Chapters