[1] ထို့နောက် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“ လူ တစ် ဦး သည် စပျစ်ခြံ ကို စိုက်ပျိုး ၍ ခြံစည်းရိုး ခတ် လျက် စပျစ်သီး နယ် ရာ ကျင်း ကို တူး ကာ မျှော်စင် ကို ဆောက် လေ ၏ ။ ထို့နောက် ထို ခြံ ကို ခြံသမား တို့ အား ငှားရမ်း ၍ ခရီးထွက် လေ ၏ ။
[2] အသီး ပေါ် ချိန် ရောက် သောအခါ ခြံသမား တို့ ထံမှ စပျစ်ခြံ ထွက် အသီး များ ကို ရယူ ရန် အစေအပါး တစ် ဦး ကို ခြံသမား တို့ ထံသို့ စေလွှတ် လေ ၏ ။
[3] ထိုအခါ သူ တို့ သည် ထို အစေအပါး ကို ဖမ်းဆီး ၍ ရိုက်နှက် ကာ လက်ချည်း သက်သက် ပြန်လွှတ် ကြ ၏ ။
[4] နောက်တစ်ဖန် အခြား အစေအပါး တစ် ဦး ကို သူ တို့ ထံသို့ စေလွှတ် လိုက် ရာ ဦးခေါင်း ကို ရိုက် ၍ သူ့ ကို အရှက်ခွဲ ကြ ၏ ။
[5] တစ်ဖန် အခြား တစ် ဦး ကို စေလွှတ် ပြန် လျှင် သူ့ ကို သတ် ပစ် ကြ ၏ ။ အခြား သော သူ များစွာ တို့ ကို စေလွှတ် သော်လည်း အချို့ တို့ ကို ရိုက်နှက် ၍ အချို့ တို့ ကို သတ်ပစ် ကြ ၏ ။
[6] သူ ၌ ချစ် သော သား တစ်ဦးတည်း ရှိ တော့ ၏ ။ ခြံ ပိုင်ရှင် က ‘ သူ တို့ သည် ငါ့ သား ကို ရိုသေ ကြ လိမ့်မည် ’ ဟု ဆို လျက် နောက်ဆုံး တွင် ထို သား ကို သူ တို့ ထံသို့ စေလွှတ် လေ ၏ ။
[7] သို့သော် ခြံသမား တို့ က ‘ ဤ သူ သည် အမွေခံ ဖြစ် ၏ ။ လာ ကြ ။ သူ့ ကို သတ် ကြ စို့ ။ သို့ပြုလျှင် အမွေ သည် ငါ တို့ ဥစ္စာ ဖြစ်လာ လိမ့်မည် ’ ဟု အချင်းချင်း ပြောဆို ကြ လျက်
[8] သူ့ ကို ဖမ်းဆီး ၍ သတ် ပြီးလျှင် စပျစ်ခြံ အပြင် သို့ ထုတ် ပစ် ကြ ၏ ။
[9] သို့ဖြစ်လျှင် စပျစ်ခြံ ပိုင်ရှင် သည် မည်သို့ ပြု မည်နည်း ။ သူ သည် လာ ၍ ခြံသမား တို့ ကို အဆုံးစီရင် ကာ စပျစ်ခြံ ကို အခြား သော သူ တို့ အား ပေး လိမ့်မည် ။
[10] ‘ တိုက် ဆောက် သူ များ ပယ် ထား သော ကျောက် သည် ထိပ်ဆုံး ထောင့်ချုပ် ကျောက် ဖြစ်လာ ၏ ။
[11] ဤ အမှု သည် ထာဝရ ဘုရား အားဖြင့် ဖြစ်လာ ၍ ငါ တို့ ၏ မျက်မှောက် ၌ အံ့သြဖွယ် ဖြစ် ၏ ’ ဟူသော ကျမ်းချက် ကို မ ဖတ် ဖူး ကြ သလော ” ဟု မိန့်တော်မူ၏။
[12] ထိုအခါ သူတို့သည် ထိုပုံဥပမာကို မိမိတို့အားရည်ညွှန်း၍ မိန့်တော်မူကြောင်းသိကြသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်ကိုကြောက်သောကြောင့် ကိုယ်တော်ကိုထားခဲ့၍ ထွက်သွားကြ၏။
[13] ထို့နောက် သူတို့သည် နှုတ်တော်ထွက်စကားအားဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ဖာရိရှဲနှင့်ဟေရုဒ်၏လူအချို့တို့ကို အထံတော်သို့စေလွှတ်ကြ၏။
[14] သူတို့သည်လာ၍ ကိုယ်တော်အား “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး မည်သူ့ကိုမျှအားမနာကြောင်း အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဆရာသည် လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ပါ၏။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော။ အကျွန်ုပ်တို့ဆက်သသင့်သလော၊ သို့မဟုတ် မဆက်သသင့်သလော”ဟု မေးလျှောက်ကြ၏။
[15] သို့သော် ကိုယ်တော်သည် သူတို့၏သူတော်ကောင်းယောင်ဆောင်မှုကို သိတော်မူ၍“ အဘယ်ကြောင့် ငါ့ ကို စမ်းသပ် ကြ သနည်း ။ ငါ ကြည့် ရန် အတွက် ဒေနာရိ တစ် ပြား ကို ငါ့ ထံ ယူ ခဲ့ ကြ လော့ ” ဟု မိန့်တော်မူ၏။
[16] သူတို့ယူလာကြသောအခါ ကိုယ်တော်က“ ဤသည်ကား မည်သူ ၏ ပုံ ၊ မည်သူ ၏ ကမ္ပည်းစာ ဖြစ် သနည်း ” ဟု မေးတော်မူလျှင် သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။
[17] ယေရှုကလည်း“ ဆီဇာ ဧကရာဇ် နှင့်ဆိုင်သော အရာ များ ကို ဆီဇာ ဧကရာဇ် အား ဆက်သ ၍ ဘုရားသခင် နှင့်ဆိုင်သော အရာ များ ကို ဘုရားသခင် အား ဆက်သ ကြ လော့ ” ဟု မိန့်တော်မူရာ သူတို့သည် ကိုယ်တော်ကိုအံ့သြကြ၏။
[18] ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသော ဇဒ္ဒုကဲတို့သည် အထံတော်သို့လာ၍
[19] “ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် သားသမီးမထွန်းကားဘဲသေဆုံး၍ မယားကိုထားခဲ့လျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ပွားစေရန် ထိုမိန်းမကိုယူရမည် ဟု မောရှေက အကျွန်ုပ်တို့အတွက် စီရင်ရေးထားခဲ့ပါသည်။
[20] ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး မျိုးဆက်မထားခဲ့ဘဲ သေဆုံးသွားပါသည်။
[21] ထိုအခါ ဒုတိယညီသည် ထိုမိန်းမကိုယူ၍ မျိုးဆက်မထားခဲ့ဘဲ သေဆုံးသွားပြန်သည်။ တတိယညီသည်လည်း ထိုနည်းတူဖြစ်ပြီး
[22] ခုနစ်ဦးစလုံးသည် မျိုးဆက်မထားခဲ့ဘဲ သေဆုံးကြသည်။ နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
[23] ရှင်ပြန်ထမြောက်ရာကာလ၌ သူတို့ထမြောက်ကြသောအခါ ထိုမိန်းမသည် မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ် ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
[24] ယေရှုကလည်း“ သင် တို့ သည် ကျမ်းစာ ကို လည်းကောင်း ၊ ဘုရားသခင် ၏ တန်ခိုး တော် ကို လည်းကောင်း မ သိ သောကြောင့် ဤသို့ အယူလွဲ နေ ကြ သည် မ ဟုတ် လော ။
[25] အကြောင်းမူကား လူ တို့ သည် သေ သော သူ တို့ ထဲမှ ထမြောက် ကြ သောအခါ ထိမ်းမြား စုံဖက် ခြင်း ကို မ ပြု ၊ ပေးစား ဆောင်နှင်း ခြင်း လည်း မ ရှိ ဘဲ ကောင်းကင် ဘုံ ၌ ရှိ သော ကောင်းကင်တမန် များ ကဲ့သို့ ဖြစ် ကြ ၏ ။
[26] သေ သော သူ တို့ ၏ ထမြောက် ခြင်း နှင့် ပတ်သက်၍ မောရှေ ၏ ကျမ်း ၌ ချုံပုတ် အကြောင်း ရေး ထား သော အခန်း တွင် ဘုရားသခင် က ‘ ငါ သည် အာဗြဟံ ၏ ဘုရား ၊ ဣဇက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရား ဖြစ် ၏ ’ ဟု မောရှေ အား မိန့် တော်မူ ခဲ့ သည် ကို သင် တို့ မ ဖတ် ဖူး ကြ သလော ။
[27] ဘုရားသခင် သည် သေ သော သူ တို့ ၏ ဘုရား မ ဟုတ် ဘဲ အသက်ရှင် သော သူ တို့ ၏ ဘုရား ဖြစ် ၏ ။ သင် တို့ သည် လွန်စွာ အယူလွဲ ကြ ပြီ ” ဟု မိန့်တော်မူ၏။
[28] ထိုအခါ ကျမ်းပြုဆရာတစ်ဦးသည် ချဉ်းကပ်လာ၍ သူတို့ငြင်းခုံပြောဆိုနေကြသည်ကိုကြားပြီး ကိုယ်တော်သည် သူတို့အား လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုမြင်လျှင် “ပညတ်ချက်အားလုံးတွင် မည်သည့်ပညတ်ချက်သည် ပထမဖြစ်သနည်း”ဟု မေးလျှောက်လေ၏။
[29] ယေရှုက“ ပထမ ပညတ်ချက် မှာ ‘ အို အစ္စရေး အမျိုး ၊ နားထောင် လော့ ။ ငါ တို့ ၏ ဘုရားသခင် ထာဝရ ဘုရား သည် တစ်ဆူတည်း သော ထာဝရ ဘုရား ဖြစ် တော်မူ ၏ ။
[30] သင် ၏ ဘုရားသခင် ထာဝရ ဘုရား ကို သင် ၏ စိတ်နှလုံး အကြွင်းမဲ့ ၊ သင် ၏ စိတ် ဝိညာဉ် တစ်ခုလုံး ၊ သင် ၏ အသိဉာဏ် ရှိသမျှ နှင့် သင် ၏ အစွမ်းသတ္တိ ရှိသမျှ တို့ ဖြင့် ချစ် ရ မည် ’ ဟူ၍ ဖြစ် ၏ ။
[31] ဒုတိယ ပညတ်ချက် မှာ ‘ ကိုယ့် ဝန်းကျင် ၌ ရှိ သော သူ ကို ကိုယ် နှင့်အမျှ ချစ် ရ မည် ’ ဟူ၍ ဖြစ် ၏ ။ ဤ ပညတ်ချက် နှစ်ပါး ထက် ကြီးမြတ် သော အခြား ပညတ် မ ရှိ ” ဟု ဖြေကြားတော်မူ၏။
[32] ထိုကျမ်းပြုဆရာကလည်း “မှန်ပါ၏ဆရာ။ ဘုရားသခင်သည် တစ်ဆူတည်းရှိ၍ ထိုဘုရားသခင်မှတစ်ပါး အခြားဘုရားမရှိ ဟု ဆရာပြောသည်မှာ ဟုတ်မှန်ပါ၏။
[33] ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့်ချစ်၍ ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ခြင်းသည် လည်း မီးရှို့ရာယဇ်နှင့် ယဇ်ပူဇော်ခြင်းအပေါင်းတို့ထက် သာ၍မြတ်ပါ၏”ဟု လျှောက်လေ၏။
[34] ထိုသူသည် ပညာရှိစွာဖြေကြားသည်ကို ယေရှုမြင်တော်မူလျှင်“ သင် သည် ဘုရားသခင် ၏ နိုင်ငံ တော် နှင့် မ ဝေး ” ဟု သူ့အား မိန့်တော်မူ၏။ ထိုအချိန်မှစ၍ မည်သူမျှ ကိုယ်တော်အား မေးခွန်းများမမေးဝံ့တော့ချေ။
[35] တစ်ဖန် ယေရှုသည် ဗိမာန်တော်၌ သွန်သင်တော်မူစဉ်“ ခရစ်တော် သည် ဒါဝိဒ် ၏ သား ဖြစ် သည် ဟု ကျမ်းပြု ဆရာ တို့ က မည်သို့ ပြောဆို နိုင် ကြ သနည်း ။
[36] ဒါဝိဒ် ကိုယ်တိုင် သန့်ရှင်း သော ဝိညာဉ် တော် အားဖြင့် ‘ ထာဝရ ဘုရား သည် ငါ ၏ သခင် အား သင် ၏ ရန်သူ တို့ ကို သင် ၏ ခြေဖဝါး အောက်၌ ငါ ချ ထား သည့် တိုင်အောင် ငါ ၏ လက်ယာ ဘက် ၌ ထိုင် နေ လော့ ဟု မိန့် တော်မူ ၏ ’ ဟူ၍ ဆိုထား ၏ ။
[37] ဒါဝိဒ် ကိုယ်တိုင် ခရစ်တော် ကို ‘ သခင် ’ ဟု ခေါ် လျှင် ခရစ်တော် သည် မည်ကဲ့သို့ သူ ၏ သား ဖြစ်နိုင် မည်နည်း ” ဟု မိန့်တော်မူ၏။ များစွာသောလူထုပရိသတ်သည် ကိုယ်တော်၏စကားတော်ကို ဝမ်းမြောက်စွာနားထောင်နေကြ၏။
[38] ကိုယ်တော်သည် ဆက်၍ဟောပြောသွန်သင်တော်မူရာ၌“ ကျမ်းပြု ဆရာ တို့ ကို သတိထား ကြ လော့ ။ သူ တို့ သည် ဝတ်လုံ ကို ဝတ် ၍ သွားလာ ခြင်း ကို လည်းကောင်း ၊ ဈေး အရပ် ၌ နှုတ်ဆက် ခံရ ခြင်း ကို လည်းကောင်း ၊
[39] ဝတ်ပြု စည်းဝေး ကျောင်း များ ၌ အထူး ထိုင်ခုံ များ ကို လည်းကောင်း ၊ စားသောက်ပွဲ များ ၌ အထူး နေရာ များ ကို လည်းကောင်း နှစ်သက် ကြ ၏ ။
[40] သူ တို့ သည် မုဆိုးမ တို့ ၏ အိမ် ကို မတရား သိမ်းယူ ပြီး ဟန်ပြ ၍ ရှည်လျား စွာ ဆုတောင်း တတ် ကြ ၏ ။ သူ တို့ သည် ပို၍ ကြီးလေး သော ပြစ်ဒဏ် စီရင် ခြင်း ကို ခံ ကြ ရ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[41] ထို့နောက် ကိုယ်တော်သည် အလှူခံသေတ္တာဘက်သို့မျက်နှာမူလျက် ထိုင်တော်မူ၍ လူတို့သည် ကြေးဒင်္ဂါးကို အလှူခံသေတ္တာထဲသို့ ထည့်နေကြပုံကို ကြည့်ရှုတော်မူ၏။ ချမ်းသာသောသူများစွာတို့သည် အမြောက်အမြားထည့်ကြ၏။
[42] ထိုစဉ် ဆင်းရဲသောမုဆိုးမတစ်ဦးသည် လာ၍ ကွတ်ရန်တေး တစ်ပြားနှင့်ညီသော လတ္တာ နှစ်ပြားကိုထည့်လေ၏။
[43] ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍“ သင် တို့ အား ငါ အမှန် ဆို သည် ကား ဤ ဆင်းရဲ သော မုဆိုးမ သည် အလှူခံ သေတ္တာ ထဲသို့ ထည့် သော သူ အားလုံး ထက် ပို၍ ထည့် လေ ပြီ ။
[44] အကြောင်းမူကား သူ တို့ အားလုံး သည် မိမိ တို့ ၏ ကြွယ်ဝ ပြည့်စုံ မှု ထဲမှ ထည့် ကြ ၏ ။ ဤ မုဆိုးမ မူကား မိမိ ၏ ဆင်းရဲ ချို့တဲ့ မှု ထဲမှ သူ ၌ ရှိ သမျှ သော အရာ အားလုံး ၊ သူ ၏ အသက်မွေး စရာ အားလုံး ကို ထည့် လေ ပြီ ” ဟု မိန့်တော်မူ၏။