Skip to content
Opens in a new window
Listen to this chapter • 7:07

[1] ယေရှု​သည် ဗိမာန်​တော်​မှ​ထွက်ခွာ​သွား​တော်မူ​စဉ် တပည့်​တော်​တို့​ထဲမှ တစ်​ပါး​က “ဆရာ၊ ကြည့်​ပါ။ အလွန်​ကြီးမား​သော​ကျောက်တုံး​များ​နှင့် အလွန်​ထည်ဝါ​သော​အဆောက်အအုံ​များ​ပါ​တကား”​ဟု လျှောက်​လေ​၏။

[2] ယေရှု​က​လည်း“ ဤ ကြီးမား သော အဆောက်အအုံ များ ကို သင် မြင် သည် မ ဟုတ် လော ။ ဤ နေရာ ၌ ကျောက်တုံး တစ်တုံး သည် ဖြိုချ မ ခံရ ဘဲ အခြား ကျောက်တုံး တစ်တုံး ပေါ်၌ ကျန်ရစ် ခဲ့ သည် ဟူ၍ လုံးဝ ရှိ လိမ့်မည် မ ဟုတ် ” ​ဟု ထို​သူ​အား မိန့်​တော်မူ​၏။

[3] ထို့နောက် ကိုယ်တော်​သည် သံလွင်​တောင်​ပေါ်၌ ဗိမာန်​တော်​ဘက်​သို့​မျက်နှာမူ​လျက် ထိုင်​နေ​တော်မူ​စဉ် ပေတရု၊ ယာကုပ်၊ ယောဟန်​နှင့် အန္ဒြေ​တို့​က

[4] “ထို​အရာ​များ​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ထို​အရာ​အားလုံး​ပြည့်စုံ​တော့မည့်​အချိန်​တွင် မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု ကိုယ်တော်​ကို တိတ်တဆိတ်​မေးလျှောက်​ကြ​၏။

[5] ယေရှု​က​လည်း“ မည်သူမျှ သင် တို့ ကို မ လှည့်ဖြား စေရန် သတိပြု ကြ လော့ ။

[6] များစွာ သော သူ တို့ သည် ငါ ၏ နာမ ကို ခံယူသုံးစွဲ ၍ ရောက်လာ ကာ ‘ ငါ သည် ထို သူ ပင် ဖြစ် ၏ ’ ဟု ဆို ကြ ပြီး လူ အမြောက်အမြား တို့ ကို လှည့်ဖြား ကြ လိမ့်မည် ။

[7] သင် တို့ သည် စစ်ပွဲ များ အကြောင်း နှင့် စစ်မက် သတင်း တို့ ကို ကြား ရ သောအခါ စိုးရိမ် ထိတ်လန့် ခြင်း မ ရှိ ကြ နှင့် ။ ထို အရာ များ သည် ဖြစ်ပျက် ရ မည် ။ သို့သော် အဆုံး သည် မ ရောက် သေး ။

[8] လူမျိုး တစ်မျိုး နှင့် တစ်မျိုး ၊ နိုင်ငံ တစ် နိုင်ငံ နှင့် တစ် နိုင်ငံ တို့ သည် ရန်ဘက်ပြု ကြ ၍ အရပ်ရပ် တို့ ၌ ငလျင် လှုပ် ခြင်း နှင့် ငတ်မွတ် ခေါင်းပါး ခြင်း ​များ ဖြစ် ကြ လိမ့်မည် ။ ဤ အရာ တို့ သည် သားဖွား ခြင်း ဝေဒနာ ၏ အစ ဖြစ် ၏ ။

[9] သင် တို့ ကိုယ်တိုင် လည်း သတိပြု ကြ လော့ ။ လူ တို့ သည် သင် တို့ ကို တရားရုံး သို့ အပ်နှံ ကြ လိမ့်မည် ။ သင် တို့ သည် ဝတ်ပြု စည်းဝေး ကျောင်း ​များ ၌ ရိုက်နှက် ခြင်း ခံရ ကြ ပြီး ဘုရင်ခံ များ နှင့် ရှင်ဘုရင် များ ရှေ့၌ ရပ် လျက် သူ တို့ ထံ ငါ့ အတွက် သက်သေ ဖြစ် ကြ လိမ့်မည် ။

[10] ကောင်းမြတ် သော သတင်း ကို လည်း လူမျိုး တကာ တို့ အား ဦးစွာ ဟောပြော ကြ ရ မည် ။

[11] လူ တို့ သည် သင် တို့ ကို ခေါ်ဆောင် သွား ၍ အပ်နှံ ကြ သောအခါ မည်သည့် အရာ ကို ပြောဆို ရ မည်နည်း ဟူ၍ ကြိုတင် စိုးရိမ် ခြင်း ​မ ရှိ ဘဲ ထို အချိန် နာရီ ၌ သင် တို့ အား ဖော်ပြ တော်မူ သော အရာ ကို သာ ပြောဆို ကြ လော့ ။ အဘယ်ကြောင့် ဆိုသော် ပြောဆို သော သူ မှာ သင် တို့ ကိုယ်တိုင် မ ဟုတ် ဘဲ သန့်ရှင်း သော ဝိညာဉ် တော် ဖြစ် ၏ ။

[12] ညီအစ်ကို ချင်း တစ်ဦး က တစ်ဦး ကို လည်းကောင်း ၊ အဖ သည် သားသမီး ကို လည်းကောင်း သေ ခြင်း သို့ အပ်နှံ ကြ လိမ့်မည် ။ သားသမီး တို့ သည် လည်း မိဘ များ ကို ဆန့်ကျင် ပုန်ကန် ၍ သူ တို့ ကို သေ စေရန် ပြု ကြ လိမ့်မည် ။

[13] လူ အပေါင်း တို့ သည် လည်း ငါ့ နာမ ကြောင့် သင် တို့ ကို မုန်းတီး ကြ လိမ့်မည် ။ သို့သော် အဆုံး တိုင်အောင် တည်ကြည် သော သူ သည် ကယ်တင် ခြင်း ခံရ လိမ့်မည် ။

[14] ပျက်စီး ဆိတ်သုဉ်း ခြင်း ​နှင့်ဆိုင်သော ရွံရှာ ဖွယ် အရာ သည် မ ရပ် သင့် သော နေရာ ၌ ရပ် နေ သည် ကို သင် တို့ မြင် ကြ သောအခါ ( ဖတ် သော သူ နားလည် ပါစေ ) ယုဒ နယ် ၌ ရှိ သော သူ တို့ သည် တောင် များ ပေါ်သို့ ထွက်ပြေး ကြ စေ ။

[15] လေသာဆောင် ပေါ်၌ ရှိ သော သူ သည် အောက်သို့ မ ဆင်း စေ နှင့် ။ မိမိ အိမ် ထဲမှ တစ်စုံတစ်ခု ကို ယူ ရန် အိမ် ထဲသို့ လည်း မ ဝင် စေ နှင့် ။

[16] လယ် ၌ ရှိ သော သူ သည် လည်း မိမိ ဝတ်ရုံ ကို ယူ ရန် နောက် သို့ ပြန် မ လှည့် စေ နှင့် ။

[17] ထို နေ့ရက် တို့ ၌ ကိုယ်ဝန်ဆောင် အမျိုးသမီး များ နှင့် နို့စို့ ကလေး ငယ် ရှိ သော မိခင် များ သည် စိတ် မချမ်းမြေ့ ဖွယ် ဖြစ် ကြ လိမ့်မည် ။

[18] ထို နေ့ရက် တို့ သည် ဆောင်း ရာသီ ၌ မ ကျရောက် စေရန် ဆုတောင်း ကြ လော့ ။

[19] အကြောင်းမူကား ဘုရားသခင် ဖန်ဆင်း တော်မူ သည့် ဖန်ဆင်း ခံ လောက ၏ အစအဦး မှစ၍ ယခု တိုင်အောင် မ ဖြစ် စဖူး ၊ နောင်တွင် လည်း လုံးဝ ဖြစ် မည် မ ဟုတ် သော ဆင်းရဲ ဒုက္ခ မျိုး သည် ထို ကာလ ၌ ကျရောက် လိမ့်မည် ။

[20] ထာဝရ ဘုရား သည် ထို နေ့ရက် တို့ ကို တိုတောင်း စေ တော် မ မူ လျှင် မည်သူမျှ လွတ် နိုင် မည် မ ဟုတ် ။ သို့သော် ကိုယ်တော် ရွေးကောက် ထား သည့် ရွေးကောက် ခံရ သော သူ တို့ အတွက် ထို နေ့ရက် တို့ ကို တိုတောင်း စေ တော်မူ ၏ ။

[21] ထိုအခါ တစ်စုံတစ်ယောက် က သင် တို့ အား ‘ ကြည့် လော့ ။ ခရစ်တော် သည် ဤ အရပ် ၌ ရှိ ၏ ’ သို့မဟုတ် ‘ ကြည့် လော့ ။ ထို အရပ် ၌ ရှိ ၏ ’ ဟု ဆို လျှင် လည်း မ ယုံ ကြ နှင့် ။

[22] အကြောင်းမူကား ခရစ်တော် အတုအယောင် များ နှင့် ပရောဖက် အတုအယောင် များ ပေါ်လာ ၍ ဖြစ်နိုင် လျှင် ရွေးကောက် ခံရ သော သူ တို့ ကို ပင် လှည့်ဖြား ရန် နိမိတ် လက္ခဏာ များ နှင့် အံ့သြဖွယ်ရာ များ ကို ပြု ကြ လိမ့်မည် ။

[23] သို့ဖြစ်၍ သင် တို့ သည် သတိပြု ကြ လော့ ။ အရာ ခပ်သိမ်း တို့ ကို သင် တို့ အား ငါ ကြိုတင် ပြော ထား ပြီ ။

[24] သို့သော် ထို နေ့ရက် တို့ ၌ ထို ဆင်းရဲ ဒုက္ခ ကျရောက် ပြီးနောက် နေ သည် မှောင်မည်း သွား ၍ လ သည် လည်း မိမိ ၏ အလင်းရောင် ကို မ ပေး ဘဲ နေ လိမ့်မည် ။

[25] ကြယ် တို့ သည် လည်း ကောင်းကင် မှ ကြွေကျ ကာ အာကာသ ကောင်းကင် ၏ စွမ်းအား တို့ သည် တုန်လှုပ် ကြ လိမ့်မည် ။

[26] ထိုအခါ လူ့သား သည် ကြီးမား သော တန်ခိုး နှင့် ဘုန်း အသရေ တို့ ဖြင့် မိုးတိမ် များ စီး လျက် ကြွလာ သည် ကို လူ တို့ မြင် ရ ကြ လိမ့်မည် ။

[27] ထို့နောက် လူ့သား သည် ကောင်းကင်တမန် တို့ ကို စေလွှတ် ၍ မိမိ ရွေးကောက် ထား သော သူ တို့ ကို ကမ္ဘာ မြေကြီး အစွန်း မှ မိုး ကောင်းကင် အစွန်း တိုင်အောင် အရပ် လေး မျက်နှာ မှ စုစည်း လိမ့်မည် ။

[28] သဖန်းပင် မှ ပုံ ဥပမာ ကို သင်ယူ ကြ လော့ ။ ၎င်း ၏ အကိုင်းအခက် သည် နု လာ ပြီး အရွက် များ ထွက်လာ သောအခါ နွေ ရာသီ နီး ပြီ ဖြစ် ကြောင်း သင် တို့ သိ ကြ ၏ ။

[29] ထိုနည်းတူ သင် တို့ သည် လည်း ဤ အရာ များ ဖြစ်ပျက် နေ ကြ သည် ကို မြင် ရ သောအခါ လူ့သား သည် တံခါးဝ အနီး သို့ ရောက်ရှိ နေ ပြီ ဖြစ် ကြောင်း သိမှတ် ကြ လော့ ။

[30] သင် တို့ အား ငါ အမှန် ဆို သည် ကား ဤ အရာ များ အားလုံး မ ဖြစ်ပျက် မီ ဤ မျိုးဆက် သည် မည်သည့်အခါမျှ ကွယ်ပျောက် လိမ့်မည် မ ဟုတ် ။

[31] ကောင်းကင် နှင့် မြေကြီး သည် ကွယ်ပျောက် သွား လိမ့်မည် ။ ငါ့ စကား မူကား မည်သည့်အခါမျှ ကွယ်ပျောက် လိမ့်မည် မ ဟုတ် ။

[32] သို့သော် ထို နေ့ရက် ၊ သို့မဟုတ် ထို အချိန် နာရီ နှင့် ပတ်သက်၍ မူကား ခမည်းတော် မှတစ်ပါး မည်သူမျှ မ သိ ။ ကောင်းကင် ရှိ ကောင်းကင်တမန် များ လည်း မ သိ ။ သား တော် လည်း မ သိ ။

[33] သတိပြု ၍ နိုးနိုးကြားကြား ရှိ ကြ လော့ ။ အကြောင်းမူကား ထို အချိန် သည် မည်သည့် အခါ ၌ ကျရောက် မည် ကို သင် တို့ မ သိ ကြ ။

[34] ဤသည်ကား ခရီးထွက် မည့် လူ တစ် ဦး သည် မိမိ အိမ် မှ ထွက်ခွာ ရာ တွင် မိမိ အစေအပါး အသီးသီး တို့ အား သူ တို့ လုပ်ဆောင် ရ မည့် အမှု နှင့်တကွ အခွင့် အာဏာ ကို ပေး ၍ တံခါးမှူး ကို လည်း သတိ နှင့် စောင့် နေ ရန် မှာကြား သည် နှင့် တူ ၏ ။

[35] သို့ဖြစ်၍ အိမ်ရှင် သည် မှောင်ရီပျိုးစချိန် ၊ သို့မဟုတ် သန်းခေါင် အချိန် ၊ သို့မဟုတ် ကြက်ဦး တွန် ချိန် ၊ သို့မဟုတ် နံနက် စောစော အချိန် တို့ ထဲမှ မည်သည့် အချိန် ၌ ရောက်လာ မည် ကို သင် တို့ မ သိ သောကြောင့် သတိ နှင့် စောင့် နေ ကြ လော့ ။

[36] သို့မဟုတ်လျှင် သူ သည် ရုတ်တရက် ပြန်လာ ၍ သင် တို့ အိပ်ပျော် နေ ကြ သည် ကို တွေ့ လိမ့်မည် ။

[37] သတိ နှင့် စောင့် နေ ကြ လော့ ဟု သင် တို့ ကို ငါ ဆို သည့် အတိုင်း လူ ခပ်သိမ်း တို့ အား ငါ ဆို ၏ ” ​ဟု မိန့်​တော်မူ​၏။

ရှင်မာကုခရစ်ဝင် — Chapters