[1] ထိုနေ့ရက်တို့၌ များစွာသောလူထုပရိသတ်သည် တစ်ဖန်စုဝေးလာကြ၏။ ထိုသူတို့၌ စားစရာမရှိသောကြောင့် ယေရှုသည် တပည့်တော်တို့ကိုခေါ်၍
[2] “ ဤ လူထု ပရိသတ် ကို ငါ သနား ၏ ။ အကြောင်းမူကား သူ တို့ သည် သုံး ရက် တိုင်တိုင် ငါ နှင့်အတူ ရှိ ကြ ပြီး သူ တို့ ၌ မည်သည့် စား စရာ မျှ မ ရှိ ။
[3] သူ တို့ ထဲမှ အချို့ တို့ သည် အဝေး မှ လာ ကြ သည် ဖြစ်၍ သူ တို့ ကို ဘာမျှ မ ကျွေး ဘဲ မိမိ တို့ အိမ် သို့ ပြန် သွား စေ လျှင် သူ တို့ သည် လမ်း ခရီး ၌ အားပြတ် ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[4] တပည့်တော်တို့ကလည်း “ဤတောကန္တာရ၌ မည်သူသည် အဘယ်ကမုန့်ကိုယူ၍ ဤသူတို့အား ဝလင်စွာကျွေးနိုင်ပါမည်နည်း”ဟု ပြန်လျှောက်ကြ၏။
[5] ယေရှုကလည်း“ သင် တို့ တွင် မုန့် မည်မျှ ရှိ သနည်း ” ဟု မေးတော်မူရာ သူတို့က “မုန့်ခုနစ်လုံးရှိပါသည်”ဟု ပြန်လျှောက်ကြ၏။
[6] ထိုအခါ ကိုယ်တော်သည် လူထုပရိသတ်ကို မြေပေါ်၌ထိုင် ကြရန် မိန့်မှာတော်မူလျက် မုန့်ခုနစ်လုံးကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့ကာ လူအစုအဝေးတို့အားဝေပေးရန် တပည့်တော်တို့ကိုပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အားဝေပေးကြ၏။
[7] သူတို့၌ ငါးကလေးအနည်းငယ်ရှိသဖြင့် ၎င်းတို့အတွက် ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုငါးတို့ကိုလည်း ဝေပေးရန် မိန့်တော်မူ၏။
[8] လူတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကို ကောက်သိမ်းကြရာ ခုနစ်တောင်းရကြ၏။
[9] ထိုနေရာ၌ လူလေးထောင် ခန့်ရှိကြ၏။ ထို့နောက် ကိုယ်တော်သည် လူတို့ကို ပြန်လွှတ်တော်မူပြီးလျှင်
[10] တပည့်တော်တို့နှင့်အတူ လှေပေါ်သို့ချက်ချင်းတက်၍ ဒါလမနုသနယ်မြေဒေသများသို့ ကြွတော်မူ၏။
[11] ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ငြင်းခုံပြောဆိုကြကာ ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။
[12] ကိုယ်တော်သည် မိမိစိတ်တော်ထဲ၌ သက်ပြင်းချကာ“ ဤ မျိုးဆက် သည် အဘယ်ကြောင့် နိမိတ် လက္ခဏာ ကို တောင်းဆို သနည်း ။ သင် တို့ အား ငါ အမှန် ဆို သည် ကား ဤ မျိုးဆက် အား မည်သည့် နိမိတ် လက္ခဏာ ကို မျှ ပြ လိမ့်မည် မ ဟုတ် ” ဟု မိန့်တော်မူပြီးလျှင်
[13] သူတို့ကိုထားခဲ့၍ တစ်ဖန် လှေပေါ်သို့တက်ကာ တစ်ဖက်ကမ်းသို့ကူးတော်မူ၏။
[14] တပည့်တော်တို့သည် မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြသဖြင့် လှေပေါ်တွင် သူတို့၌မုန့်တစ်လုံးတည်းသာရှိ၏။
[15] ထိုအခါ ကိုယ်တော်က“ ဖာရိရှဲ တို့ ၏ တဆေး နှင့် ဟေရုဒ် ၏ တဆေး တို့ ကို အထူး သတိပြု ကြ လော့ ” ဟု မိန့်မှာတော်မူ၏။
[16] တပည့်တော်တို့ကလည်း မိမိတို့၌ မုန့်မပါသောကြောင့်ဖြစ်သည်ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
[17] ထိုသို့ပြောဆိုကြသည်ကို ကိုယ်တော် သိတော်မူလျှင်“ သင် တို့ ၌ မုန့် မ ပါ ကြောင်း ကို အဘယ်ကြောင့် အချေအတင် ပြောဆို ကြ သနည်း ။ သင် တို့ သဘော မ ပေါက် နား မ လည် ကြ သေး သလော ။ သင် တို့ စိတ်နှလုံး သည် မာကျော လျက် ရှိ နေ သေး သလော ။
[18] သင် တို့ သည် မျက်စိ ရှိ လျက် နှင့် မ မြင် ကြ သလော ။ နား ရှိ လျက် နှင့် မ ကြား ကြ သလော ။ သင် တို့ မ မှတ်မိ ကြ သလော ။
[19] မုန့် ငါး လုံး ကို လူ ငါးထောင် အတွက် ငါ ဖဲ့ ခဲ့ စဉ် က မုန့် အကျိုးအပဲ့ များ ကို တောင်း အပြည့် ဘယ်နှ တောင်း ကောက် သိမ်း ခဲ့ ကြ သနည်း ” ဟု မေးတော်မူလျှင် သူတို့က “တစ်ဆယ့်နှစ်တောင်း”ဟု ပြန်လျှောက်ကြ၏။
[20] “ မုန့် ခုနစ် လုံး ကို လူ လေးထောင် အတွက် ငါ ဖဲ့ ခဲ့ စဉ် က မုန့် အကျိုးအပဲ့ များ ကို တောင်း အပြည့် ဘယ်နှ တောင်း ကောက် သိမ်း ခဲ့ ကြ သနည်း ” ဟု မေးတော်မူလျှင် သူတို့က “ခုနစ်တောင်း”ဟု ပြန်လျှောက်ကြ၏။
[21] တစ်ဖန် ကိုယ်တော်က“ သင် တို့ နား မ လည် ကြ သေး သလော ” ဟု မိန့်တော်မူ၏။
[22] သူတို့သည် ဗက်ဇဲဒမြို့သို့ရောက်ကြသောအခါ လူတို့သည် မျက်မမြင်တစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာ၍ သူ့ကိုတို့ထိတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။
[23] ကိုယ်တော်သည် မျက်မမြင်၏လက်ကိုဆွဲ၍ ရွာအပြင်သို့ခေါ်သွားတော်မူပြီးလျှင် သူ၏မျက်စိပေါ်သို့ တံတွေးထွေးကာ သူ့အပေါ်လက်တော်တင်လျက်“ တစ်စုံတစ်ခု ကို မြင် ရ သလော ” ဟု မေးတော်မူ၏။
[24] သူသည် မော့ကြည့်လျက် “လူတို့ကိုမြင်ရပါ၏။ သစ်ပင်များကဲ့သို့ဖြစ်ကြပြီး လမ်းလျှောက်နေကြသည်ကို မြင်ရပါ၏”ဟု လျှောက်လေ၏။
[25] ထို့နောက် ကိုယ်တော်သည် သူ၏မျက်စိပေါ်သို့ လက်တော်ကို တစ်ဖန်တင်တော်မူ၏။ ထိုအခါ သူသည် ရှင်းလင်းစွာမြင်ရ၍ အကောင်းပကတိဖြစ်လာ၏။ အလုံးစုံကိုလည်း ကြည်လင်စွာမြင်ရလေ၏။
[26] ကိုယ်တော်ကလည်း“ ရွာ ထဲသို့ မ ဝင် နှင့် ” ဟု မိန့်တော်မူပြီး သူ့ကို မိမိအိမ်သို့ ပြန်လွှတ်တော်မူ၏။
[27] ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ဆီဇာရီးယား ဖိလိပ္ပိနယ်ရှိ ကျေးရွာများသို့ကြွတော်မူ၏။ လမ်းခရီး၌ တပည့်တော်တို့အား“ လူ တို့ သည် ငါ့ ကို မည်သူ ဖြစ် သည် ဟု ဆို ကြ သနည်း ” ဟူ၍ မေးတော်မူ၏။
[28] တပည့်တော်တို့ကလည်း “ဗတ္တိဇံဆရာယောဟန်ဟု ဆိုကြပါသည်။ သို့သော် အချို့တို့က ဧလိယဟု ဆိုကြ၍ အချို့တို့ကလည်း ပရောဖက်များထဲမှတစ်ပါးပါးဖြစ်သည်ဟု ဆိုကြပါသည်”ဟူ၍ ပြန်လျှောက်ကြ၏။
[29] ကိုယ်တော်ကလည်း“ သင် တို့ မူကား ငါ့ ကို မည်သူ ဖြစ် သည် ဟု ဆို ကြ သနည်း ” ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
[30] ထိုအခါ ကိုယ်တော်သည် မိမိအကြောင်းကို မည်သူ့ကိုမျှမပြောရန် သူတို့အား သတိပေးတော်မူ၏။
[31] ထို့နောက် ကိုယ်တော်က လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏ငြင်းပယ်ခြင်းကိုခံရပြီး အသေသတ်ခြင်းခံရကာ သုံးရက်ကြာသောအခါ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား သွန်သင်တော်မူ၏။
[32] ကိုယ်တော်သည် ထိုအကြောင်းအရာကို အတိအလင်းမိန့်တော်မူသောအခါ ပေတရုသည် ကိုယ်တော်ကို ဘေးဘက်သို့ခေါ်၍ ပြစ်တင်ပြောဆိုလေ၏။
[33] သို့သော် ကိုယ်တော်သည် လှည့်၍ တပည့်တော်များကိုကြည့်ရှုလျက် ပေတရုကိုဆုံးမကာ“ အချင်း စာတန် ၊ ငါ့ နောက် သို့ ဆုတ် လော့ ။ အကြောင်းမူကား သင် သည် ဘုရားသခင် နှင့်ဆိုင်သော အရာ များ ကို မ စွဲလမ်း ဘဲ လူ တို့ နှင့်ဆိုင်သော အရာ များ ကို သာ စွဲလမ်း ၏ ” ဟု မိန့်တော်မူ၏။
[34] ထို့နောက် ကိုယ်တော်သည် တပည့်တော်များနှင့်တကွ လူထုပရိသတ်ကိုခေါ်၍“ မည်သူမဆို ငါ့ နောက် သို့ လိုက် လို လျှင် မိမိကိုယ်ကို ငြင်းပယ် ပြီး မိမိ ၏ လက်ဝါးကပ်တိုင် ကို ထမ်း လျက် ငါ့ နောက် သို့ လိုက် ရ မည် ။
[35] အကြောင်းမှာ မိမိ အသက် ကို ကယ်တင် လို သော သူ သည် အသက် ကို ဆုံးရှုံး ရ လိမ့်မည် ။ ငါ နှင့် ကောင်းမြတ် သော သတင်း အတွက် မိမိ အသက် ကို ဆုံးရှုံး ရ သော သူ မူကား မိမိ အသက် ကို ကယ်တင် လိမ့်မည် ။
[36] လူ သည် ကမ္ဘာ လောက တစ်ခုလုံး ကို ရရှိ သော်လည်း မိမိ အသက် ဝိညာဉ် ဆုံးရှုံး လျှင် မည်သည့် အကျိုး ရှိ မည်နည်း ။
[37] တစ်နည်းအားဖြင့် လူ သည် မည်သည့် အရာ ကို ပေး ၍ မိမိ အသက် ဝိညာဉ် ကို ပြန်ရွေး နိုင် မည်နည်း ။
[38] အကြောင်းမူကား ဖောက်ပြန် ၍ အပြစ် နှင့် ပြည့် နေ သော ဤ ခေတ်ကာလ ၌ မည်သူမဆို ငါ နှင့် ငါ့ စကား အတွက် ရှက် လျှင် လူ့သား သည် လည်း သန့်ရှင်း သော ကောင်းကင်တမန် များ နှင့်အတူ မိမိ ခမည်းတော် ၏ ဘုန်း အသရေ ကို ဆောင် လျက် ကြွလာ သောအခါ ထို သူ အတွက် ရှက် လိမ့်မည် ” ဟု မိန့်တော်မူ၏။