Skip to content
Opens in a new window
Listen to this chapter • 7:17

[1] ထိုအခါ​၌ ဖာရိရှဲ​တို့​နှင့် ဂျေရုဆလင်​မြို့​မှ​လာ​သော ကျမ်းပြု​ဆရာ​အချို့​တို့​သည် ကိုယ်တော်​ထံသို့​စုဝေး​ကြ​၍

[2] တပည့်​တော်​အချို့​တို့​သည် မစင်ကြယ်​သော​လက်၊ တစ်နည်းဆိုသော် မ​ဆေး​ထား​သော​လက်​ဖြင့် အစာ ​စား​နေ​ကြ​သည်​ကို တွေ့မြင် ​ကြ​၏။

[3] (ဖာရိရှဲ​တို့​မှစ၍ ဂျူး​လူမျိုး​အပေါင်း​တို့​သည် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​ကို ခံယူ​ကျင့်သုံး​၍ လက်​ကို ကျင့်ထုံး​အတိုင်း​မ​ဆေး​ဘဲ အစာ​စား​လေ့​မ​ရှိ​ကြ။

[4] ဈေး​အရပ်​မှ ပြန်လာ​သောအခါ​တွင်​လည်း မိမိ​တို့​ကိုယ်​ကို​မ​ဆေးကြော​ဘဲ အစာ​စား​လေ့​မ​ရှိ​ကြ။ ထို့ပြင် အိုး၊ ခွက်၊ ကြေး​ပန်းကန်​နှင့် ခုတင်​တို့​ကို ဆေးကြော​ခြင်း​နှင့်​ပတ်သက်​၍ သူ​တို့​ခံယူ​ကျင့်သုံး​ရန် ဆက်ခံ​ထား​သော အခြား​ဓလေ့​ထုံးတမ်း​များစွာ​ရှိ​ကြ​၏။)

[5] ထိုအခါ ဖာရိရှဲ​နှင့်​ကျမ်းပြု​ဆရာ​တို့​က “သင်​၏​တပည့်​တို့​သည် အဘယ်ကြောင့် ရှေး​လူကြီး​တို့​၏​ဓလေ့​ထုံးတမ်း​နှင့်အညီ​မ​လိုက်လျှောက်​ဘဲ မစင်ကြယ်​သော ​လက်​ဖြင့် အစာ ​စား​ကြ​သနည်း”​ဟု ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။

[6] ကိုယ်တော်​က​လည်း“ ဟေရှာယ သည် သူတော်ကောင်း ယောင်ဆောင် သော သူ များ ဖြစ် ကြ သော သင် တို့ နှင့် ပတ်သက်၍ ပရောဖက်ပြု ဟောပြော ခဲ့ သည် မှာ မှန် လှ ပေ ၏ ။ ‘ ဤ လူ တို့ သည် သူ တို့ ၏ နှုတ် ဖြင့် ငါ့ ကို ရိုသေ ကြ ၏ ။ သို့သော် သူ တို့ ၏ စိတ်နှလုံး သည် ငါ နှင့် ဝေး လှ ၏ ။

[7] သူ တို့ သည် လူ တို့ ၏ ပညတ်ချက် များ ကို ဩဝါဒ များ အဖြစ် သွန်သင် လျက် ငါ့ ကို အချည်းနှီး ကိုးကွယ် ကြ ၏ ’ ​ဟု ကျမ်းစာ ၌ ရေး ထား သည့် အတိုင်း

[8] သင် တို့ သည် ဘုရားသခင် ၏ ပညတ် တော် ကို ပယ် ၍ လူ တို့ ၏ ​ဓလေ့ ထုံးတမ်း ကို ခံယူ ကျင့်သုံး ကြ ၏ ” ​ဟု မိန့်​တော်မူ​၏။

[9] တစ်ဖန် သူ​တို့​အား“ သင် တို့ သည် မိမိ တို့ ၏ ဓလေ့ ထုံးတမ်း ကို တည် စေရန် ဘုရားသခင် ၏ ပညတ် တော် ကို ကောင်းစွာ ပစ်ပယ် ကြ သည် တကား ။

[10] အကြောင်းမူကား မောရှေ က ‘ သင် ၏ မိခင် နှင့် ဖခင် တို့ ကို ရိုသေ လော့ ။ မိခင် ၊ သို့မဟုတ် ဖခင် ကို ပုတ်ခတ် ပြောဆို သော သူ သည် သေဒဏ် ကျခံ စေ ’ ​ဟု ဆို ထား ၏ ။

[11] သို့သော် သင် တို့ သည် ‘ လူ တစ်ဦး က မိခင် ၊ သို့မဟုတ် ဖခင် အား “ အကျွန်ုပ် ထံမှ သင် တို့ ခံစား ထိုက် သည့် အရာ သည် လှူဖွယ်ဝတ္ထု တည်းဟူသော ကော်ဘန် ဖြစ် ပါ ပြီ ” ဟူ၍ ပြော လျှင် ရ ၏ ’ ဟု ဆို လျက်

[12] ထို သူ အား မိခင် ၊ သို့မဟုတ် ဖခင် အတွက် မည်သည့် အရာ ကို မျှ လုပ် ခွင့် မ ပေး ကြ တော့ ပေ ။

[13] ဤသို့ဖြင့် သင် တို့ သည် မိမိ တို့ ဆက်ခံ သော ဓလေ့ ထုံးတမ်း အားဖြင့် ဘုရားသခင် ၏ နှုတ်ကပတ်တော် ကို ပယ်ဖျက် ကြ ၏ ။ ထိုကဲ့သို့သော အမှုအရာ များစွာ တို့ ကို လည်း သင် တို့ ပြု ကြ ၏ ” ​ဟု မိန့်​တော်မူ​၏။

[14] ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​ကို နောက်တစ်ဖန်​ခေါ်​ပြီးလျှင်“ သင် တို့ အားလုံး ငါ့ စကား ကို နားထောင် ၍ နားလည် ကြ လော့ ။

[15] လူ ၏ ပြင်ပ မှ လူ့ အထဲသို့ ဝင် ၍ လူ ကို ညစ်ညူး စေ နိုင် သော အရာ တစ်စုံတစ်ခု မျှ မ ရှိ ။ လူ့ အတွင်း မှ ထွက်လာ သော အရာ များ က သာ လူ ကို ညစ်ညူး စေ ကြ ၏ ။

[16] ကြား စရာ နား ရှိ သော သူ သည် ကြား ပါစေ ” ​ဟု မိန့်​တော်မူ​၏။

[17] ကိုယ်တော်​သည် လူထု​ပရိသတ်​ထံမှ​ထွက်ခွာ​၍ အိမ်​ထဲသို့​ဝင်​တော်မူ​သောအခါ တပည့်​တော်​တို့​သည် ထို​ပုံ​ဥပမာ​အကြောင်း​ကို ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။

[18] ထိုအခါ ကိုယ်တော်​က“ သင် တို့ သည် လည်း ဤမျှလောက် အသိတရား ကင်းမဲ့ လျက် နေ ကြ သလော ။ ပြင်ပ မှ လူ့ အထဲသို့ ဝင် သမျှ သော အရာ သည် လူ ကို မ ညစ်ညူး စေ နိုင် ကြောင်း သင် တို့ မ သိ ကြ သလော ။

[19] အကြောင်းမူကား ထို အရာ သည် လူ ၏ စိတ်နှလုံး ထဲသို့ ဝင် သည် မ ဟုတ် ။ ဝမ်း ထဲသို့ ဝင် ပြီးလျှင် ရေအိမ် ထဲသို့ ရောက်သွား ၏ ” ​ဟု မိန့်​တော်မူ​လျက် အစာ​အားလုံး​စင်ကြယ်​ကြောင်း​ဖော်ပြ​တော်မူ​၏။

[20] တစ်ဖန် ကိုယ်တော်​က“ လူ့ အတွင်းမှ ထွက်လာ သော အရာ သည် လူ ကို ညစ်ညူး စေ ၏ ။

[21] အကြောင်းမူကား မကောင်း သော တွေးတော ဆင်ခြင် မှု များ ၊ တရားနှင့်မညီ မေထုန်ပြု ခြင်း ၊ ခိုးယူ ခြင်း ၊ လူ သတ် ခြင်း ၊

[22] အိမ်ထောင်ရေး ဖောက်ပြန် မှု ကို ကျူးလွန် ခြင်း ၊ လောဘ လွန်ကျူး ခြင်း ၊ ဆိုးညစ် ခြင်း ၊ စဉ်းလဲ ခြင်း ၊ ကာမဂုဏ် လိုက်စား ခြင်း ၊ မနာလို ခြင်း ၊ စော်ကား ပြောဆို ခြင်း ၊ မာန ထောင်လွှား ခြင်း နှင့် မိုက်မဲ ခြင်း တို့ သည် လူ ၏ အတွင်း သူ ၏ စိတ်နှလုံး ထဲမှ ထွက်လာ ကြ ၏ ။

[23] ဤ ဆိုးညစ် သော အရာ အားလုံး တို့ သည် အတွင်း မှ ထွက်လာ ၍ လူ ကို ညစ်ညူး စေ ၏ ” ​ဟု မိန့်​တော်မူ​၏။

[24] ထို့နောက် ကိုယ်တော်​သည် ထို​အရပ်​မှ​ထ​၍ တိုင်ရာ​မြို့ ​နှင့်ဆိုင်သော​အရပ်​ဒေသ ​သို့ ကြွ​တော်မူ​ပြီးလျှင် အိမ်​တစ်​အိမ်​သို့​ဝင်​တော်မူ​၏။ မည်သူ​မျှ​မ​သိ​စေရန် အလို​တော်​ရှိ​သော်လည်း ပုန်းရှောင်​၍​မ​နေ​နိုင်​ပေ။

[25] ညစ်ညူး​သော​နတ်​ပူး​နေ​သည့် သမီး​ငယ်​တစ်ယောက်​၏​မိခင်​သည် ကိုယ်တော်​၏​အကြောင်း​ကို​ကြား​လျှင် ချက်ချင်း​လာ​၍ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက်

[26] နတ်ဆိုး​ကို မိမိ​သမီး​ထဲမှ နှင်ထုတ်​ပေး​ပါ​ရန် ကိုယ်တော်​အား တောင်းပန်​လေ​၏။ ထို​အမျိုးသမီး​သည် ဆီးရီးယားဖိုနီးရှား​နယ်သူ၊ ဂရိ​လူမျိုး​ဖြစ်​၏။

[27] ကိုယ်တော် ​က​လည်း“ သားသမီး တို့ ကို ဦးစွာ ဝလင် အောင် ကျွေး ပါရစေ ။ သားသမီး တို့ ၏ အစာ ​ကို ယူ ၍ ခွေးကလေး တို့ အား ချ ပေး ခြင်း သည် မ ကောင်း မ သင့် ပေ ” ​ဟု မိန့်​တော်မူ​၏။

[28] ထို​အမျိုးသမီး​က​မူ “သခင်​ဘုရား၊ စားပွဲ​အောက်၌​ရှိ​သော​ခွေးကလေး​များ​ပင်လျှင် သားသမီး​တို့​၏​စားနုပ်စားပေါက်​များ​ကို စား​ရ​ကြ​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။

[29] ကိုယ်တော်​က​လည်း“ ဤ စကား ကြောင့် သင် ပြန် လော့ ။ နတ်ဆိုး သည် သင့် သမီး ထဲမှ ထွက်သွား လေ ပြီ ” ​ဟု မိန့်​တော်မူ​၏။

[30] ထိုအခါ ထို​အမျိုးသမီး​သည် မိမိ​အိမ်​သို့​ပြန်​သွား​ရာ သမီး​သည် ခုတင်​ပေါ်၌​လဲလျောင်း​နေ​၍ နတ်ဆိုး​သည် ထွက်သွား​ပြီ​ဖြစ်ကြောင်း တွေ့ရ​လေ​၏။

[31] ထို့နောက် ကိုယ်တော်​သည် တိုင်ရာ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​မှ တစ်ဖန်​ထွက်ခွာ​လျက် ဆီဒုန်​မြို့​ကို​ဖြတ်​ကာ ဒေကာပေါလိ​နယ်​နှင့်ဆိုင်သော​အရပ်​ဒေသ​အလယ်ပိုင်း​မှတစ်ဆင့် ဂါလိလဲ​ပင်လယ်​သို့​ကြွ​တော်မူ​၏။

[32] ထိုအခါ လူ​တို့​သည် နားမကြား​၍​ဆွံ့အ​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ပြီး သူ့​အပေါ် လက်​တော်​တင်​ပေး​ပါ​ရန် ကိုယ်တော်​အား တောင်းပန်​ကြ​၏။

[33] ကိုယ်တော်​သည် ထို​သူ​တစ်ဦးတည်း​ကို​သာ လူထု​ပရိသတ်​ထဲမှ​ခေါ်သွား​၍ လက်ညှိုး​တော်​တို့​ကို သူ​၏​နား​နှစ်​ဖက်​ထဲသို့ သွင်း​တော်မူ​၏။ တစ်ဖန် တံတွေး​ထွေး​၍ သူ​၏​လျှာ​ကို တံတွေး​ဖြင့်​တို့​တော်မူ​၏။

[34] ထို့နောက် မိုး​ကောင်းကင်​သို့​မျှော်ကြည့်​လျက် သက်ပြင်းချ​ကာ“ ဧဖသ ” ​ဟု မိန့်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“ ပွင့် စေ ” ​ဟူ၍ ဖြစ်​၏။

[35] ထို​ခဏချင်း​တွင် သူ​၏​နား​သည်​ပွင့်​၍ သူ​၏​လျှာ​ကြော​ပြေလျော့​ကာ သူ​သည် ပီသ​စွာ​စကား​ပြော​လေ​၏။

[36] ကိုယ်တော်​သည် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။ သို့သော် သူ​တို့​ကို ထိုသို့​မိန့်မှာ​တော်မူ​လေ သူ​တို့​သည် ပို၍​ပြော​လေ​ဖြစ်​၏။

[37] လူ​တို့​သည် အတိုင်းထက်အလွန်​အံ့အားသင့်​လျက် “ကိုယ်တော်​သည် အလုံးစုံ​တို့​ကို လျောက်ပတ်​စွာ​ပြု​တော်မူ​ပြီ။ နားမကြား​သော​သူ​ကို ကြား​စေ​တော်မူ​၍ ဆွံ့အ​သော​သူ​ကို​စကား​ပြော​စေ​တော်မူ​၏”​ဟု ပြောဆို​ကြ​၏။

ရှင်မာကုခရစ်ဝင် — Chapters