Skip to content
Opens in a new window
Listen to this chapter • 13:57

[1] ပသခါ​ပွဲတော်​နှင့် တဆေးမဲ့​မုန့်​ပွဲတော်​များ ​ကျရောက်​ရန် နှစ်​ရက်​သာ​လို​တော့​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ယေရှု​ကို ပရိယာယ်​အားဖြင့် မည်ကဲ့သို့​ဖမ်းဆီး​သတ်ဖြတ်​ရ​မည်​ကို ရှာကြံ​နေ​ကြ​၏။

[2] သို့သော် သူ​တို့​က “လူ​တို့​ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​ကို စိုးရိမ်​ရ​သည်​ဖြစ်၍ ပွဲတော်​အတွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြောဆို​ကြ​၏။

[3] ယေရှု​သည် ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​ထဲ၌​ထိုင် ​၍ စားသောက်​နေ​တော်မူ​စဉ် အမျိုးသမီး​တစ်​ဦး​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ကို​ယူဆောင်​လာ​၍ ထို​ကျောက်ဖြူ​ဘူး​ကို​ခွဲ​ပြီးလျှင် ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ဆီမွှေး​ကို သွန်းလောင်း​လေ​၏။

[4] ထိုအခါ လူ​အချို့​တို့​သည် စိတ်ဆိုး​လျက် “အဘယ်ကြောင့် ဤ​ဆီမွှေး​ကို ဖြုန်းတီး​ရ​သနည်း။

[5] ဤ​ဆီမွှေး​ကို ဒေနာရိ ​သုံးရာ​ကျော်​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​ကို ပေးကမ်း​နိုင်​သည်”​ဟု အချင်းချင်း​ပြောဆို​ကာ ထို​အမျိုးသမီး​ကို​အပြစ်တင်​ကြ​၏။

[6] သို့သော် ယေရှု​က“ သူ ပြု လို ရာ ပြု ပါစေ ။ သူ့ ကို အဘယ်ကြောင့် နှောင့်ယှက် ကြ သနည်း ။ သူ သည် ငါ ၌ ကောင်း သော အမှု ကို ပြု လေ ပြီ ။

[7] အကြောင်းမူကား ဆင်းရဲသား တို့ သည် သင် တို့ ၌ အစဉ် ရှိ ကြ သည် ဖြစ်၍ သင် တို့ အလိုရှိ သည့် အခါ သူ တို့ ကို ကျေးဇူးပြု နိုင် ၏ ။ ငါ မူကား သင် တို့ ၌ အစဉ် ရှိ သည် မ ဟုတ် ။

[8] သူ သည် တတ်နိုင် သမျှ ကို ပြု ခဲ့ ပြီ ။ သင်္ဂြိုဟ် ခြင်း အမှု အတွက် ငါ ၏ ကိုယ်ခန္ဓာ ကို ကြိုတင် ၍ ဆီမွှေး လိမ်း ပြီ ။

[9] သင် တို့ အား ငါ အမှန် ဆို မည် ။ ကမ္ဘာ တစ်ဝန်းလုံး တွင် ကောင်းမြတ် သော သတင်း ကို ဟောပြော သည့် နေရာ တိုင်း ၌ ဤ အမျိုးသမီး ပြု ခဲ့ သော အမှုအရာ ကို လည်း သူ ၏ အမှတ်တရ အဖြစ် ပြောကြား ကြ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[10] ထို့နောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ​တစ်​ပါး​ဖြစ်​သော ယုဒ​ဣရှကာရုတ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​လက်​သို့ ကိုယ်တော်​ကို​အပ်နှံ​ရန် သူ​တို့​ထံသို့​သွား​လေ​၏။

[11] သူ​တို့​သည်​ကြား​လျှင် ဝမ်းမြောက်​၍ သူ့​ကို​ငွေ​ပေး​မည်​ဟု ကတိ​ပေး​ကြ​၏။ သူ​သည်​လည်း သင့်လျော်​သော​အချိန်​၌ ကိုယ်တော်​ကို​အပ်နှံ​နိုင်​ရန် နည်းလမ်း​ကို​ရှာကြံ​လျက်​နေ​၏။

[12] တဆေးမဲ့​မုန့်​ပွဲတော်​၏​ပထမ​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​တွင် တပည့်​တော်​တို့​က “ပသခါ​ပွဲတော်​ညစာ​ကို​သုံးဆောင်​ရန် အကျွန်ုပ်​တို့​အား မည်သည့်​နေရာ​သို့​သွား​၍ ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။

[13] ကိုယ်တော်​က​လည်း တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍“ မြို့ ထဲသို့ သွား ကြ လော့ ။ ထိုအခါ ရေ အိုး ထမ်း သော သူ တစ် ဦး ကို သင် တို့ တွေ့ ကြ လိမ့်မည် ။ ထို သူ ၏ နောက် သို့ လိုက် သွား ကြ ပြီး

[14] သူ ဝင် သွား သော အိမ် ၏ အိမ်ရှင် အား ‘ ဆရာ က ငါ ၏ တပည့် များ နှင့်အတူ ပသခါ ပွဲတော် ညစာ ကို စား မည့် ငါ့ အခန်း သည် အဘယ်မှာ ရှိ သနည်း ဟု မေး လိုက် ပါ ၏ ’ ​ဟူ၍ ပြော ကြ လော့ ။

[15] ထိုအခါ သူ သည် အသင့် ခင်းကျင်း ထား သော အပေါ်ထပ် ခန်းမ ကို သင် တို့ အား ပြ လိမ့်မည် ။ ထို နေရာ ၌ ငါ တို့ အတွက် ပြင်ဆင် ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[16] တပည့်​တော်​တို့​သည်​လည်း ထွက်သွား​၍ မြို့​ထဲသို့​ဝင်​ကြ​ရာ သူ​တို့​အား ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း​တွေ့​သဖြင့် ပသခါ​ပွဲတော်​ကို ပြင်ဆင်​ကြ​၏။

[17] ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ ကြွလာ​တော်မူ​၏။

[18] ထို့နောက် သူ​တို့​သည် စားပွဲ​၌​ထိုင်​လျက် စားသောက်​နေ​ကြ​စဉ် ယေရှု​က“ သင် တို့ အား ငါ အမှန် ဆို သည် ကား ငါ နှင့်အတူ စား နေ သော သင် တို့ အထဲမှ တစ် ဦး သည် ငါ့ ကို အပ်နှံ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[19] သူ​တို့​သည် စိတ်မကောင်း​ဖြစ်​လျက် “အကျွန်ုပ်​လော” ​ဟု ကိုယ်တော်​အား တစ်ယောက်​ပြီး​တစ်ယောက်​မေးလျှောက်​ကြ​၏။

[20] ကိုယ်တော်​က​လည်း“ တစ်ဆယ့်နှစ် ပါး သော သူ တို့ ထဲမှ တစ် ဦး ဖြစ် ပြီး ငါ နှင့်အတူ တစ် ပန်းကန် ထဲတွင် လက် နှိုက် သော သူ ဖြစ် ၏ ။

[21] လူ့သား သည် မိမိ နှင့် ပတ်သက်၍ ရေး ထား သည့် အတိုင်း သွား ရ မည် မှန် ၏ ။ သို့သော် လူ့သား ကို အပ်နှံ သော သူ သည် အမင်္ဂလာရှိ ၏ ။ ထို သူ သည် မ မွေးဖွား လာ ခဲ့ လျှင် သူ့ အတွက် သာ၍ ကောင်း ပေ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[22] ထို့နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ ယူ ကြ လော့ ။ ဤ မုန့် ကား ငါ ၏ ကိုယ်ခန္ဓာ ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[23] ခွက်​ကို​လည်း​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် သူ​တို့​အား ပေး​တော်မူ​ရာ သူ​တို့​အားလုံး​သည် ထို​ခွက်​ကို​သောက်​ကြ​၏။

[24] ကိုယ်တော်​က​လည်း“ ဤသည်ကား လူ များစွာ အဖို့ သွန်းလောင်း သည့် ပဋိညာဉ် ​နှင့်ဆိုင်သော ငါ ၏ သွေး ဖြစ် ၏ ။

[25] သင် တို့ အား ငါ အမှန် ဆို သည် ကား ဘုရားသခင် ၏ နိုင်ငံ တော် ၌ အသစ် ပြန် သောက် မည့် ထို နေ့ရက် တိုင်အောင် စပျစ် သီး မှ ဖြစ် သော အရည် ကို ငါ လုံးဝ သောက် တော့မည် မ ဟုတ် ” ​ဟု မိန့်​တော်မူ​၏။

[26] ထို့နောက် သူ​တို့​သည် ချီးမွမ်း​သီချင်း​သီဆို​ပြီးမှ သံလွင်​တောင်​သို့​ထွက်သွား​ကြ​၏။

[27] ထိုအခါ ယေရှု​က“ ‘ ငါ သည် သိုးထိန်း ကို ခုတ် သတ် သဖြင့် သိုး တို့ သည် ကွဲလွင့် သွား ကြ ရ လိမ့်မည် ’ ​ဟု ကျမ်းစာ ၌ ရေး ထား သည် ဖြစ်၍ သင် တို့ အားလုံး သည် စိတ်ပျက် ​ကြ လိမ့်မည် ။

[28] သို့သော် ငါ သည် ထမြောက် ပြီးနောက် ဂါလိလဲ နယ် သို့ သင် တို့ ထက် အလျင် ဦးစွာ သွား နှင့် မည် ” ​ဟု မိန့်​တော်မူ​၏။

[29] ထိုအခါ ပေတရု​က “အားလုံး​စိတ်ပျက်​ကြ​လျှင်​လည်း အကျွန်ုပ်​သည် စိတ်ပျက်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

[30] ယေရှု​က​လည်း“ သင့် အား ငါ အမှန် ဆို သည် ကား ယနေ့ ၊ ဤ ည တွင် ပင် ကြက် နှစ် ကြိမ် မ တွန် မီ သင် သည် ငါ့ ကို သုံး ကြိမ် တိုင်တိုင် ငြင်းပယ် လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[31] သို့သော် ပေတရု​က “အကျွန်ုပ်​သည် ကိုယ်တော်​အတွက်​သေ​ရ​လျှင်​ပင် ကိုယ်တော်​ကို​လုံးဝ​မ​ငြင်းပယ်​ပါ”​ဟု အခိုင်အမာ ​လျှောက်​လေ​၏။ တပည့်​တော်​အားလုံး​တို့​သည်​လည်း ထိုနည်းတူ​လျှောက်​ကြ​၏။

[32] ထို့နောက် သူ​တို့​သည် ဂေသရှေမန်​အမည်​ရှိ​သော​အရပ်​သို့ ရောက်​ကြ​၏။ ကိုယ်တော်​က“ ငါ ဆုတောင်း စဉ် တွင် ဤ နေရာ ၌ ထိုင် နေ ကြ လော့ ” ​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​ပြီးလျှင်

[33] ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မိမိ​နှင့်အတူ​ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ပူဆွေး​ခြင်း​နှင့် စိတ်ပူပန်​ခြင်း​ရှိ​သဖြင့်

[34] “ ငါ ၏ စိတ် ဝိညာဉ် သည် သေ လုမတတ် အလွန် ဝမ်းနည်း ခြင်း ရှိ ၏ ။ ဤ နေရာ ၌ နေ ၍ သတိ နှင့် စောင့် နေ ကြ လော့ ” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။

[35] ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး မြေ​ပေါ်၌​ပျပ်ဝပ်​လျက် ဖြစ်နိုင်​လျှင် ဤ​အချိန်​နာရီ​ကို မိမိ​ထံမှ​လွန်​သွား​စေ​မည့်​အကြောင်း ဆုတောင်း​ကာ

[36] “ အို အဖ ခမည်းတော် ၊ ကိုယ်တော် အတွက် အရာ ခပ်သိမ်း သည် ဖြစ်နိုင် ပါ ၏ ။ ဤ ခွက် ကို အကျွန်ုပ် ထံမှ ဖယ်ရှား ပေး တော်မူ ပါ ။ သို့သော် အကျွန်ုပ် ၏ အလို အတိုင်း မ ဟုတ် ဘဲ ကိုယ်တော် ၏ အလို တော် အတိုင်း ဖြစ် စေ တော်မူ ပါ ” ​ဟု တောင်းလျှောက်​တော်မူ​၏။

[37] ထို့နောက် ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား“ ရှိမုန် ၊ သင် သည် အိပ်ပျော် နေ သလော ။ တစ် နာရီ မျှ သတိ နှင့် မ စောင့် နိုင် သလော ။

[38] ဖြားယောင်း သွေးဆောင် ရာ ထဲသို့ မ ကျရောက် စေရန် သတိ နှင့် စောင့် နေ လျက် ဆုတောင်း ကြ လော့ ။ စိတ် ဝိညာဉ် သည် ထက်သန် သော်လည်း ကိုယ်ကာယ မူကား အားနည်း ၏ ” ​ဟု မိန့်​တော်မူ​၏။

[39] တစ်ဖန် ထွက်သွား​၍ အထက်​က​တောင်းလျှောက်​ခဲ့​သည့်​အတိုင်း ဆုတောင်း​ပြီးမှ

[40] နောက်တစ်ဖန် ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​အား မည်သို့​လျှောက်​ရ​မည်​ကို​မ​သိ​ကြ။

[41] ထို့နောက် ကိုယ်တော်​သည် တတိယ​အကြိမ်​ပြန်လာ​၍“ ယခု တိုင်အောင် အိပ်ပျော် လျက် အနားယူ နေ ကြ သလော ။ တော်လောက် ပေ ၏ ။ အချိန် ရောက်လာ ပြီ ။ ကြည့်ရှု လော့ ။ လူ့သား သည် အပြစ်သား တို့ ၏ လက် သို့ အပ်နှံ ခြင်း ခံရ တော့မည် ။

[42] ထ ကြ ။ သွား ကြ စို့ ။ ငါ့ ကို အပ်နှံ မည့် သူ ရောက်လာ ပြီ ” ​ဟု မိန့်​တော်မူ​၏။

[43] ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ်​၌​ပင် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် သက်ကြီးဝါကြီး​များ​က​စေလွှတ်​လိုက်​သော လူ​အစုအဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။

[44] ကိုယ်တော်​ကို​အပ်နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ယေရှု​ဖြစ်​၏။ သူ့​ကို​ဖမ်းဆီး​၍ လုံခြုံ​စွာ​ခေါ်ဆောင်​သွား​ကြ​လော့”​ဟု ဆို​လျက် အချက်ပြ​အမှတ်အသား​ကို သူ​တို့​အား​ပေး​ထား​၏။

[45] ထို့ကြောင့် သူ​သည် ရောက်လာ​သည်​နှင့် ကိုယ်တော်​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “ရဗ္ဗိ ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။

[46] ထိုအခါ လူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ချုပ်ကိုင်​ထား​ကြ​၏။

[47] ထိုစဉ် အနီး​၌​ရပ်​နေ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် ဓား​ကို​ဆွဲ​ထုတ်​လျက် ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။

[48] ယေရှု​က ထို​သူ​တို့​အား“ သင် တို့ သည် ဓားပြ ကို ဖမ်း သကဲ့သို့ တုတ် ၊ ဓား များ ကိုင်ဆောင် လျက် ငါ့ ကို ဖမ်းဆီး ရန် လာ ကြ သလော ။

[49] ငါ သည် နေ့တိုင်း သင် တို့ နှင့်အတူ ရှိ လျက် ဗိမာန် တော် ၌ သွန်သင် နေ ခဲ့ သော်လည်း သင် တို့ သည် ငါ့ ကို မ ဖမ်းဆီး ကြ ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာ ပြည့်စုံ ခြင်း သို့ ရောက် မည့် အကြောင်း တည်း ” ​ဟု မိန့်​တော်မူ​၏။

[50] ထိုအခါ တပည့်​တော်​အားလုံး​သည် ကိုယ်တော်​ကို​ထားခဲ့​၍ ထွက်ပြေး​ကြ​၏။

[51] လူငယ်​တစ်​ဦး​သည် မိမိ​ကိုယ်​ပေါ်တွင် ပိတ်ချော​ထည်​ကို​သာ​ခြုံ​လျက် ကိုယ်တော်​၏​နောက်​သို့​လိုက်​သွား​ရာ လူ​တို့​သည် သူ့​ကို ​ဖမ်းဆီး​ကြ​၏။

[52] သို့သော် သူ​သည် ပိတ်ချော​ထည်​ကို​ထား​ခဲ့​၍ အဝတ်မပါ​ဘဲ​ထွက်ပြေး​သွား​လေ​၏။

[53] ထို့နောက် သူ​တို့​သည် ယေရှု​ကို ယဇ်ပုရောဟိတ်​မင်း​ထံသို့ ခေါ်ဆောင်​သွား​ကြ​ရာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့်​ကျမ်းပြု​ဆရာ​များ​အားလုံး​သည် စုဝေး​လာ​ကြ​၏။

[54] ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အတွင်း​ထဲ​အထိ ကိုယ်တော့်​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​လျက် မီး​လှုံ​နေ​၏။

[55] ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့်​သက်သေ​ကို ရှာ​ကြ​သော်လည်း မ​တွေ့​ကြ။

[56] အကြောင်းမူကား လူ​များစွာ​တို့​သည် ကိုယ်တော်​၏​တစ်ဖက်​၌ မမှန်​သော​သက်သေ​ထွက်ဆို​ကြ​သော်လည်း သူတို့​၏​သက်သေခံ​ချက်​များ​သည် ကိုက်ညီ​မှု​မ​ရှိ​ကြ​ပေ။

[57] ထိုအခါ လူ​အချို့​တို့​သည်​ထ​၍ ကိုယ်တော်​၏​တစ်ဖက်​၌ မမှန်​သော​သက်သေ​ထွက်ဆို​လျက်

[58] “ဤ​သူ​က ‘ငါ​သည် လူ့​လက်​ဖြင့်​တည်ဆောက်​သော ဤ​ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ လူ့​လက်​ဖြင့်​မ​တည်ဆောက်​သော အခြား​ဗိမာန်​တော်​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်’​ဟု ပြောဆို​သည်​ကို အကျွန်ုပ်​တို့​ကြား​ရ​ပါ​သည်”​ဟု ဆို​ကြ​၏။

[59] သို့သော် သူ​တို့​၏​သက်သေခံ​ချက်​သည်​လည်း အလားတူပင်​ကိုက်ညီ​မှု​မ​ရှိ​ပေ။

[60] ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် သူ​တို့​ရှေ့၌​ထ​၍ “သင်​သည် တစ်ခွန်းမျှ​မ​ဖြေ​ဘဲ​နေ​သလော။ ဤ​သူ​တို့​သည် သင့်​တစ်ဖက်၌ သက်သေခံ​ကြ​သည်​မှာ မည်သို့​နည်း”​ဟု ယေရှု​အား​မေး​လေ​၏။

[61] သို့သော် ကိုယ်တော်​သည် တစ်ခွန်းမျှ​မ​ဖြေကြား​ဘဲ တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ တစ်ဖန် ယဇ်ပုရောဟိတ်​မင်း​က “သင်​သည် မင်္ဂလာရှိ​သော​အရှင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​သလော”​ဟု မေး​လေ​၏။

[62] ယေရှု​က​လည်း“ ငါ ဖြစ် ၏ ။ လူ့သား သည် တန်ခိုး တော် ၏ လက်ယာ ဘက် ၌ ထိုင် လျက် ကောင်းကင် မိုးတိမ် များ ဖြင့် ကြွလာ သည် ကို သင် တို့ မြင် ရ ကြ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[63] ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။

[64] ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်သို့​ထင်မြင်​ကြ​သနည်း”​ဟု ဆို​သော် သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို သေဒဏ်​ခံထိုက်​သည်​ဟု စီရင်​ကြ​၏။

[65] ထို့နောက် အချို့​တို့​သည် ကိုယ်တော်​ကို​တံတွေး​နှင့်​ထွေး​လျက် မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် ကိုယ်တော်​ကို​ထိုးနှက်​ကာ “ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ အစောင့်​တပ်သား​များ​သည်​လည်း ကိုယ်တော်​ကို​ခေါ်​သွား​၍ ရိုက်ပုတ်​ကြ​၏။

[66] ပေတရု​သည် ခြံဝင်း​အောက်​ဘက်​၌​ရှိ​စဉ် ယဇ်ပုရောဟိတ်​မင်း​၏​အစေခံ​မိန်းမ​တစ်​ဦး​သည်​လာ​၍

[67] မီးလှုံ​နေ​သော​ပေတရု​ကို​တွေ့​လျှင် သူ့​ကို​စူးစိုက်​ကြည့်​လျက် “သင်​သည်​လည်း နာဇရက်​မြို့သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။

[68] သို့သော် ပေတရု​သည် “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ၊ နား​လည်း​မ​လည်”​ဟု ငြင်းဆို​လျက် ခြံ​အဝင်​ဝ​ဘက်သို့​ထွက်သွား​ရာ ကြက်​တွန်​လေ​၏။

[69] ထို့နောက် ထို​အစေခံ​မိန်းမ​သည် ပေတရု​ကို နောက်တစ်ဖန်​တွေ့​သဖြင့် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား “ဤ​သူ​သည် သူ​တို့​ထဲက​တစ်​ဦး​ဖြစ်​သည်”​ဟု ဆို​၏။

[70] သို့သော် ပေတရု​သည် တစ်ဖန်​ငြင်းဆို​လေ​၏။ ထို့နောက် ခဏ​ကြာ​လျှင် အနီး​၌​ရပ်​နေ​သော​သူ​တို့​က “သင်​သည် အမှန်ပင် သူ​တို့​အထဲမှ​တစ်​ဦး​ဖြစ်​၏။ အကြောင်းမူကား သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​၏ ”​ဟု ထပ်၍ ပေတရု​အား​ဆို​ကြ​၏။

[71] ပေတရု​က​လည်း “သင်​တို့​ပြော​နေ​သည့်​လူ​ကို ငါ​မ​သိ”​ဟု တိုင်တည်​၍​ကျိန်ဆို​လေ​၏။

[72] ထို​ခဏချင်း​တွင် ဒုတိယ​အကြိမ် ကြက်​တွန်​လေ​၏။ ထိုအခါ ပေတရု​သည်“ ကြက် နှစ် ကြိမ် မ တွန် မီ သင် သည် ငါ့ ကို သုံး ကြိမ် တိုင်တိုင် ငြင်းပယ် လိမ့်မည် ” ​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သော​စကား​ကို သတိရ​သဖြင့် ချုံးပွဲချ​ငိုကြွေး​လေ​၏။

ရှင်မာကုခရစ်ဝင် — Chapters