Skip to content
Opens in a new window
Listen to this chapter • 6:19

[1] ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း ​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​ရာ ထို​နေရာ​၌ လက်​တစ်ဖက်​သေ​သော​သူ​တစ်​ဦး​ရှိ​၏။

[2] လူ​တို့​သည် ကိုယ်တော်​ကို​စွပ်စွဲ​နိုင်​ရန်​အတွက် ဥပုသ်နေ့​၌ ထို​သူ​အား အကောင်းပကတိ​ဖြစ်​စေ​မည်​၊ မ​ဖြစ်​စေ​မည်​ကို စောင့်ကြည့်​နေ​ကြ​၏။

[3] ကိုယ်တော်​က​လည်း လက်​တစ်​ဖက်​သေ​သော​သူ​အား“ အားလုံး ရှေ့၌ ​မတ်တတ်ရပ် လော့ ” ​ဟု မိန့်​တော်မူ​၏။

[4] ထို့နောက် လူ​တို့​အား“ တရား တော် အရ ဥပုသ်နေ့ ၌ ကောင်း သော အမှု ကို ပြု အပ် သလော ၊ သို့မဟုတ် ဆိုး သော အမှု ကို ပြု အပ် သလော ။ အသက် ကို ကယ် အပ် သလော ၊ သို့မဟုတ် သတ် အပ် သလော ” ​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။

[5] ထိုအခါ ကိုယ်တော်​သည် အမျက်​တော်​ဖြင့် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​ပြီး သူ​တို့​၏​စိတ်နှလုံး​မာကျော​မှု​အတွက် အလွန်​ဝမ်းနည်း​၍ လက်​တစ်ဖက်​သေ​သော​သူ​အား“ သင် ၏ လက် ကို ဆန့် လော့ ” ​ဟု မိန့်​တော်မူ​၏။ သူ​သည်​လည်း လက်​ကို​ဆန့်​လိုက်​ရာ သူ​၏​လက်​သည် အကောင်း​ပကတိ ​ဖြစ်​လေ​၏။

[6] ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်သွား​၍ ကိုယ်တော်​ကို​လုပ်ကြံ​နိုင်​မည့်​အကြောင်း ဟေရုဒ်​၏​လူ​များ​နှင့် ချက်ချင်း​တိုင်ပင်​ဆွေးနွေး​ကြ​၏။

[7] ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ ပင်လယ်​ဘက်​သို့​ထွက်ခွာ​သွား​တော်မူ​ရာ ဂါလိလဲ​နယ်​မှ လူ​အမြောက်အမြား​တို့​သည် လိုက်​လာ​ကြ​၏။ ထို့ပြင် ယုဒ​နယ်၊

[8] ဂျေရုဆလင်​မြို့၊ ဣဒုမဲ​နယ်၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​မှစ၍ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​ပတ်ဝန်းကျင်​မှ လူ​အမြောက်အမြား​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သမျှ​တို့​ကို​ကြား​သဖြင့် အထံ​တော်​သို့​လာ​ကြ​၏။

[9] လူထု​ပရိသတ်​များ​ရှိ​နေ​သောကြောင့် ကိုယ်တော်​သည် မိမိ​ကို လူ​တို့​မ​တိုးကြိတ်​မိ​စေရန် လှေ​တစ်​စီး​ကို သူ့​အတွက်​အဆင်သင့်​ထားရှိ​မည့်​အကြောင်း တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။

[10] အကြောင်းမူကား ကိုယ်တော်​သည် လူ​များစွာ​တို့​ကို​ကျန်းမာ​စေ​ခဲ့​သည်​ဖြစ်၍ ရောဂါ​ဝေဒနာ​ရှိ​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​တို့ထိ​နိုင်​ရန် တိုးဝှေ့​ကြ​၏။

[11] ညစ်ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်တော်​ကို​မြင်​ကြ​သောအခါ ရှေ့​တော်​၌​ပျပ်ဝပ်​လျက် “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​ကြ​၏။

[12] ကိုယ်တော်​က​လည်း မိမိ​အကြောင်း​ကို သိသာထင်ရှား​အောင်​မ​ပြု​ရန် ထို​နတ်ဆိုး​တို့​ကို တင်းကျပ်​စွာ​သတိပေး​တော်မူ​၏။

[13] ထို့နောက် ကိုယ်တော်​သည် တောင်​ပေါ်သို့​တက်​သွား​၍ အလို​တော်​ရှိ​သော​သူ​တို့​ကို​ခေါ်​တော်မူ​လျှင် သူ​တို့​သည် အထံ​တော်​သို့​လာ​ကြ​၏။

[14] ထိုအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​တို့​ကို ခန့်ထား​ပြီးလျှင် သူ​တို့​ကို တမန်တော်​ဟူ၍​ခေါ်ဝေါ်​သမုတ်​တော်မူ​၏။ ဤသည်ကား သူ​တို့​ကို ကိုယ်တော်​နှင့်အတူ​ရှိ​စေရန်​နှင့် သူ​တို့​ကို​စေလွှတ်​၍ တရားဟော​စေ​ကာ

[15] နတ်ဆိုး​တို့​ကို​နှင်ထုတ်​နိုင်​သည့်​အခွင့်​အာဏာ​ရှိ ​စေရန်​အတွက်​ဖြစ်​၏။

[16] ခန့်ထား​တော်မူ​သော​တစ်ဆယ့်နှစ်​ပါး​မှာ ပေတရု​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ရှိမုန်၊

[17] မိုးကြိုး​၏​သား​များ​ဟူ၍​အဓိပ္ပာယ်​ရ​သည့် ဗောနေရဂက်​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ဇေဗေဒဲ​၏​သား​ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်၊

[18] အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ​၏​သား​ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်​ပုဂ္ဂိုလ် ​ရှိမုန်​နှင့်

[19] ကိုယ်တော်​ကို​အပ်နှံ​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။

[20] ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲသို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​သည် တစ်ဖန်​စုဝေး​လာ​ကြ​သဖြင့် သူ​တို့​သည် အစာ ​ကို​ပင်​မ​သုံးဆောင်​နိုင်​ကြ​ပေ။

[21] ကိုယ်တော်​၏​ဆွေမျိုးသားချင်း​တို့​သည်​ကြား​လျှင် ကိုယ်တော်​ကို​ထိန်းချုပ်​ရန် ထွက်လာ​ကြ​၏။ အကြောင်းမှာ “သူ​သည် စိတ်​ဖောက်ပြန်​နေ​ပြီ”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သောကြောင့်​ဖြစ်​၏။

[22] ဂျေရုဆလင်​မြို့​မှ​ဆင်း​လာ​သော ကျမ်းပြု​ဆရာ​တို့​က​လည်း “သူ့​ကို ဗေလဇေဗုလ​နတ်​ပူး​နေ​သည်”​ဟူ၍​လည်းကောင်း၊ “သူ​သည် နတ်ဆိုး​တို့​၏​အကြီးအကဲ​ကို​အမှီပြု​လျက် နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။

[23] ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​ခေါ်​၍ ပုံ​ဥပမာ​များ​ဖြင့် မြွက်ဆို​တော်မူ​သည်​မှာ“ စာတန် သည် စာတန် ကို မည်ကဲ့သို့ နှင်ထုတ် နိုင် မည်နည်း ။

[24] နိုင်ငံ တစ် နိုင်ငံ သည် လည်း မိမိ အတွင်း ၌ ဆန့်ကျင် ကွဲပြား နေ လျှင် ထို နိုင်ငံ သည် မ တည်မြဲ နိုင် ရာ ။

[25] အိမ်ထောင်စု တစ်စု သည် လည်း မိမိ အတွင်း ၌ ဆန့်ကျင် ကွဲပြား နေ လျှင် ထို အိမ်ထောင်စု သည် မ တည်မြဲ နိုင် ရာ ။

[26] ထိုနည်းတူ စာတန် သည် လည်း မိမိ အတွင်း ၌ ဆန့်ကျင် ပုန်ကန် လျက် ကွဲပြား နေ လျှင် သူ သည် မ တည်မြဲ နိုင် ဘဲ ဆုံးခန်း သို့ ရောက် လိမ့်မည် ။

[27] ခွန်အား ကြီး သော သူ ကို ဦးစွာ မ ချည်နှောင် လျှင် မည်သူမျှ သူ့ အိမ် သို့ ဝင် ၍ သူ ၏ ဥစ္စာ ပစ္စည်း များ ကို မ လုယူ နိုင် ။ ချည်နှောင် ပြီးမှသာ သူ ၏ အိမ် ကို ဖောက်ထွင်း လုယူ နိုင် လိမ့်မည် ။

[28] သင် တို့ အား ငါ အမှန် ဆို သည် ကား လူသား တို့ သည် သူ တို့ ၏ အပြစ် များ နှင့် ဘုရားသခင် ကို စော်ကား ပြောဆို သမျှ သော စကား အားလုံး အတွက် ခွင့်လွှတ် ခြင်း ခံရ လိမ့်မည် ။

[29] သို့သော် မည်သူမဆို သန့်ရှင်း သော ဝိညာဉ် တော် ကို စော်ကား ပြောဆို လျှင် ထို သူ သည် ကာလ အစဉ်အဆက် အပြစ် ခွင့်လွှတ် ခြင်း ကျေးဇူး ကို မ ရရှိ ဘဲ ထာဝရ အပြစ် သင့် သော သူ ​ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[30] ဤသို့​မိန့်​တော်မူ​ခြင်းမှာ သူ​တို့​က “ကိုယ်တော်​ကို ညစ်ညူး​သော​နတ်​ပူး​နေ​သည်” ​ဟု ပြောဆို​ကြ​သောကြောင့်​ဖြစ်​၏။

[31] ထိုအခါ ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ရောက်လာ​ပြီး အပြင်​၌​ရပ်​လျက် လူ​လွှတ်​၍ ကိုယ်တော်​ကို​ခေါ်​ကြ​၏။

[32] လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​ပတ်လည်​၌ ထိုင်​နေ​ကြ​၍ ကိုယ်တော်​အား “ကိုယ်တော်​၏​မယ်တော်၊ ညီ​တော်​နှင့် နှမ​တော် ​တို့​သည် ကိုယ်တော်​ကို​ရှာ​လျက် အပြင်​၌​ရှိ​ကြ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

[33] ကိုယ်တော်​က​လည်း“ မည်သူ သည် ငါ့ အမိ နှင့် ငါ့ ညီ များ ဖြစ် သနည်း ” ​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်မူ​၏။

[34] ထို့နောက် မိမိ​ပတ်လည်​၌ ဝိုင်းရံ​လျက်​ထိုင်​နေ​သော​သူ​များ​ကို ပတ်ပတ်လည်​ကြည့်ရှု​တော်မူ​၍“ ကြည့်ရှု လော့ ။ ဤ သူ တို့ သည် ငါ့ အမိ နှင့် ငါ့ ညီ များ ပေတည်း ။

[35] အကြောင်းမူကား ဘုရားသခင် ၏ အလို တော် ကို ဆောင်ရွက် သော သူ သည် ငါ့ ညီ ၊ ငါ့ နှမ ၊ ငါ့ အမိ ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

ရှင်မာကုခရစ်ဝင် — Chapters