Skip to content
Opens in a new window
Listen to this chapter • 7:34

[1] တစ်ဖန် ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင် သွန်သင်​တော်မူ​ရာ အလွန်​များပြား​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် ပင်လယ်​ကမ်းစပ်​ရှိ​လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ပင်လယ်​ကမ်း​ပေါ်တွင်​ရှိ​နေ​ကြ​၏။

[2] ထိုအခါ ကိုယ်တော်​သည် များစွာ​သော​အကြောင်းအရာ​တို့​ကို ပုံ​ဥပမာ​တို့​ဖြင့် သူ​တို့​အား သွန်သင်​တော်မူ​၏။ ထိုသို့​သွန်သင်​ရာ​တွင် ကိုယ်တော်​က

[3] “ နားထောင် ကြ လော့ ။ မျိုးကြဲ သော သူ သည် မျိုးကြဲ ရန် ထွက်သွား လေ ၏ ။

[4] ထို သူ မျိုးကြဲ စဉ် တွင် အချို့ သော မျိုးစေ့ သည် လမ်း ဘေး တွင် ကျ သဖြင့် ငှက် ​တို့ သည် လာ ၍ ၎င်း ကို ကောက်စား ကြ ၏ ။

[5] အချို့ မူကား မြေ နည်း ၍ ကျောက် ပေါများ သော နေရာ တွင် ကျ သဖြင့် မြေသား ပါး သောကြောင့် ချက်ချင်း အပင် ပေါက်လာ ၏ ။

[6] သို့သော် နေ ထွက်လာ ၍ နေလောင် ဒဏ် ခံရ သောအခါ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ခြောက်သွေ့ သွား လေ ၏ ။

[7] အချို့ မူကား ဆူးပင် တို့ တွင် ကျ သဖြင့် ဆူးပင် တို့ ကြီးထွား လာ ၍ ၎င်း ကို ကာဆီး ပိတ်ဆို့ ကြ သောကြောင့် အသီး မ သီး ချေ ။

[8] အချို့ တို့ မူကား ကောင်း သော မြေ ၌ ကျ သဖြင့် အပင် ပေါက် ၍ ကြီးထွား ကာ အဆ သုံးဆယ် ၊ အဆ ခြောက်ဆယ် ၊ အဆ တစ်ရာ အသီး သီး လေ ၏ ” ​ဟု မိန့်​တော်မူ​၏။

[9] ထို့နောက်“ ကြား စရာ နား ရှိ သော သူ သည် ကြား ပါစေ ” ​ဟု မိန့်​တော်မူ​၏။

[10] ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​သောအခါ ကိုယ်တော်​၏​နောက်လိုက်​နောက်ပါ​တို့​နှင့် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည် ထို​ပုံ​ဥပမာ​များ​အကြောင်း​ကို မေးလျှောက်​ကြ​၏။

[11] ကိုယ်တော်​က​လည်း“ သင် တို့ အား ဘုရားသခင် ၏ နိုင်ငံ တော် နှင့် ဆိုင် သည့် လျှို့ဝှက် နက်နဲ သော အရာ ကို သိ ခွင့် ပေး ထား ၏ ။ အပြင် လူ တို့ အတွက် မူကား အရာရာ ကို ပုံ ဥပမာ များ ဖြင့် ဖော်ပြ ရ ၏ ။

[12] ဤသည်ကား သူ တို့ သည် မြင် လျက် ပင် သတိ မ မူ ဘဲ မြင် ၍ ကြား လျက် ပင် နား မ လည် ဘဲ ကြား ကြ စေရန် ဖြစ် ၏ ။ သို့မဟုတ်လျှင် သူ တို့ သည် ပြောင်းလဲ ၍ ခွင့်လွှတ် ခြင်း ​ခံရ ကြ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[13] ထို့နောက် ကိုယ်တော်​က“ ဤ ပုံ ဥပမာ ကို နား မ လည် ကြ သလော ။ သို့ဖြစ်လျှင် သင် တို့ သည် ပုံ ဥပမာ အားလုံး ကို မည်ကဲ့သို့ နားလည် ကြ မည်နည်း ။

[14] မျိုးကြဲ သော သူ သည် တရား စကား ကို ကြဲ ၏ ။

[15] တရား စကား ကို ကြဲ သောအခါ လမ်း ဘေး တွင် ကြဲ ခြင်း ခံရ သည် ဆိုသည်မှာ ဤသို့သော သူ တို့ ကို ဆို လို ၏ ။ တရား စကား ကို သူ တို့ ကြား သောအခါ စာတန် သည် ချက်ချင်း လာ ၍ သူ တို့ ၌ ​ကြဲ ထား သော တရား စကား ကို နုတ်ယူ လေ ၏ ။

[16] ကျောက် ပေါများ သော နေရာ တွင် ကြဲ ခြင်း ခံရ သည် ဆိုသည်မှာ တရား စကား ကို ကြား သောအခါ ဝမ်းမြောက် စွာ ဖြင့် ချက်ချင်း လက်ခံ သော သူ တို့ ကို ဆို လို ၏ ။

[17] သို့သော် သူ တို့ ၌ အမြစ် မ စွဲ သဖြင့် ခဏ သာ ခံ ၏ ။ တရား စကား ကြောင့် ဆင်းရဲ ဒုက္ခ ၊ သို့မဟုတ် ညှဉ်းဆဲ ခြင်း ရောက်လာ သောအခါ ချက်ချင်း စိတ်ပျက် သွား ကြ ၏ ။

[18] အချို့ တို့ မူကား ဆူးပင် တို့ တွင် ကြဲ ခြင်း ခံရ ကြ ၏ ။ ဤ သည် ကား တရား စကား ကို ကြား သော်လည်း

[19] လောကီရေးရာ ၌ စိုးရိမ် ပူပန် ခြင်း ၊ စည်းစိမ် ၏ လှည့်ဖြား ခြင်း နှင့် အခြား သော တပ်မက် ခြင်း များ ဝင်လာ ၍ တရား စကား ကို ကာဆီး ပိတ်ဆို့ သဖြင့် အသီး မ သီး သော သူ တို့ ကို ဆို လို ၏ ။

[20] ကောင်း သော မြေ ပေါ်၌ ကြဲ ခြင်း ခံရ သည် ဆိုသည်မှာ တရား စကား ကို ကြား ၍ လက်ခံ သဖြင့် အဆ သုံးဆယ် ၊ အဆ ခြောက်ဆယ် ၊ အဆ တစ်ရာ အသီး သီး သော သူ တို့ ကို ဆို လို ၏ ” ​ဟု မိန့်​တော်မူ​၏။

[21] တစ်ဖန် ကိုယ်တော်​က“ ဆီမီး ကို တောင်း အောက် ၊ သို့မဟုတ် ခုတင် အောက်၌ ထား ရန် ယူလာ တတ် သလော ။ ဆီမီးခုံ ပေါ်၌ ထား ရန် ယူလာ သည် မ ဟုတ် လော ။

[22] အကြောင်းမူကား ကွယ်ဝှက် ထား သော အရာ များ တွင် မ ထင်ရှား လာ မည့် အရာ ဟူ၍ မ ရှိ ။ ဖုံးကွယ် ထား သော အရာ များ တွင် လည်း မ ထင်ရှား လာ မည့် အရာ ဟူ၍ မ ရှိ ။

[23] ကြား စရာ နား ရှိ သော သူ သည် ကြား ပါစေ ” ​ဟု မိန့်​တော်မူ​၏။

[24] ထို့နောက် ကိုယ်တော်​က“ သင် တို့ ကြား ရ သည့် အရာ ကို သတိပြု ကြ လော့ ။ သင် တို့ တိုင်းတာ ခြင်တွယ် သည့် စံနှုန်း အတိုင်း သင် တို့ အတွက် တိုင်းတာ ခြင်တွယ် ပေး ကြ လိမ့်မည် ။ ထို့ပြင် သင် တို့ အတွက် ထပ်၍ ဖြည့် ပေး ကြ လိမ့်မည် ။

[25] အကြောင်းမှာ ရှိ သော သူ အား ထပ်၍ ပေး ဦး မည် ။ မ ရှိ သော သူ ထံမှ မူကား သူ ၌ ရှိ သော အရာ ကို ပင် သိမ်းယူ လိမ့်မည် ” ​ဟု မိန့်​တော်မူ​၏။

[26] တစ်ဖန် ကိုယ်တော်​က“ ဘုရားသခင် ၏ နိုင်ငံ တော် သည် မြေ ပေါ်၌ လူ တစ် ဦး မျိုးစေ့ ကြဲ သည် နှင့်တူ ၏ ။

[27] သူ သည် ည အချိန် နှင့် နေ့ အချိန် ၌ အိပ် လျက် ၊ ထ လျက် နေ စဉ် မျိုးစေ့ သည် အညှောက် ထွက် ၍ ကြီးထွား လာ ၏ ။ ၎င်း သည် မည်ကဲ့သို့ ကြီးထွား လာ သည် ကို ထို သူ မ သိ ။

[28] မြေကြီး သည် အလိုအလျောက် အသီး သီး စေ လျက် ဦးစွာ အပင် ၊ ထို့နောက် အနှံ ၊ ထိုမှတစ်ဆင့် အနှံ ထဲတွင် အောင် သော အဆန် ကို ဖြစ် စေ ၏ ။

[29] အသီး မှည့် သောအခါ ရိတ်သိမ်း ချိန် ရောက်လာ သည် ဖြစ်၍ သူ သည် ချက်ချင်း တံစဉ် ဖြင့် ရိတ် ​လေ ၏ ” ​ဟု မိန့်​တော်မူ​၏။

[30] တစ်ဖန် ကိုယ်တော်​က“ ဘုရားသခင် ၏ နိုင်ငံ တော် ကို မည်သည့် အရာ နှင့် ခိုင်းနှိုင်း ရ မည်နည်း ၊ သို့မဟုတ် မည်သည့် ပုံ ဥပမာ ဖြင့် ဖော်ပြ ​ရ မည်နည်း ။

[31] ၎င်း သည် မုန်ညင်းနက် စေ့ နှင့် တူ ၏ ။ ထို အစေ့ သည် မြေ ၌ စိုက် သောအခါ မြေကြီး ပေါ် ရှိ အစေ့ တကာ တို့ ထက် သေးငယ် ၏ ။

[32] စိုက် ပြီး ကြီးထွား လာ သောအခါ တွင် မူ ဟင်းသီးဟင်းရွက် ပင် အားလုံး ထက် ကြီး ၍ ၎င်း ၏ အရိပ် အောက် တွင် မိုး ကောင်းကင် ငှက် တို့ သည် အသိုက်ဖွဲ့ နေ နိုင် လောက် သော ကြီးမား သည့် အကိုင်း များ ထွက်လာ ၏ ” ​ဟု မိန့်​တော်မူ​၏။

[33] ကိုယ်တော်​သည် ထိုသို့သော​ပုံ​ဥပမာ​များစွာ​တို့​ဖြင့် လူတို့​ကြားနာ​နိုင်​သည့်​အတိုင်း တရား​စကား​ကို သူ​တို့​အား ဟောပြော​တော်မူ​၏။

[34] ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား ဟောပြော​တော်​မ​မူ။ သို့သော် မိမိ​တပည့်​တော်​တို့​ကို​မူကား အကြောင်းအရာ​အားလုံး​ကို သီးသန့်​ရှင်းပြ​တော်မူ​၏။

[35] ထို​နေ့ ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​က“ တစ်ဖက်ကမ်း သို့ ကူး ကြ စို့ ” ​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။

[36] ထို့ကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ချန်ထား​ခဲ့​၍ လှေ​ပေါ်၌​ရှိ​နေ​သော​ကိုယ်တော်​ကို ခေါ်ဆောင်​သွား​ကြ​၏။ အခြား​သော​လှေ​များ​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ကြ​၏။

[37] ထိုအခါ ပြင်းထန်​သော​လေ​မုန်တိုင်း​ကျရောက်​လာ​၍ လှိုင်း​များ​သည် လှေ​ကို​ရိုက်ခတ်​သဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လုနီးပါး​ဖြစ်​လေ​၏။

[38] သို့သော် ကိုယ်တော်​သည် လှေ​ပဲ့​ပိုင်း​တွင် ခေါင်းအုံး​အုံး​လျက် အိပ်စက်​နေ​တော်မူ​၏။ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​နှိုး​လျက် “ဆရာ၊ အကျွန်ုပ်​တို့​သေ​ရ​တော့မည်​ကို ကိုယ်တော်​ဂရုမစိုက်​ဘဲ​နေ​တော်မူ​သလော”​ဟု လျှောက်​ကြ​၏။

[39] ထိုအခါ ကိုယ်တော်​သည်​ထ​၍ လေ​ကို​ဆုံးမ​ကာ ပင်လယ်​အား“ တိတ်ဆိတ် ငြိမ်သက် လော့ ” ​ဟု မိန့်​တော်မူ​ရာ လေ​သည်​ငြိမ်​သဖြင့် အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။

[40] ထို့နောက် ကိုယ်တော်​က“ အဘယ်ကြောင့် ကြောက် တတ် သနည်း ။ ယခု ထိ ယုံကြည် ခြင်း မ ရှိ ကြ သေး သလော ” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။

[41] သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​လျက် “ဤ​သူ​ကား မည်သူ​ဖြစ်​သနည်း။ လေ​နှင့်​ပင်လယ်​တို့​ပင်လျှင် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

ရှင်မာကုခရစ်ဝင် — Chapters