[1] ထို့နောက် ကိုယ်တော်က“ သင် တို့ အား ငါ အမှန် ဆို သည် ကား ဤ နေရာ ၌ ရပ် နေ သော သူ တို့ တွင် တန်ခိုး နှင့် ပေါ်ထွန်း လာ သော ဘုရားသခင် ၏ နိုင်ငံ တော် ကို မ မြင် မီ သေ ခြင်း ကို မ မြည်းစမ်း ရ သော သူ အချို့ ရှိ ၏ ” ဟု မိန့်တော်မူ၏။
[2] ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကိုသာခေါ်၍ သူတို့ကို မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍
[3] ဝတ်ရုံတော်သည် ကမ္ဘာမြေကြီးပေါ်ရှိ မည်သည့်ခဝါသည်မျှ ထိုကဲ့သို့ဖြူဖွေးစေရန် မဖွပ်နိုင်လောက်အောင် အလွန်ဖြူဖွေး တောက်ပလာလေ၏။
[4] ဧလိယနှင့်မောရှေတို့သည်လည်း သူတို့ရှေ့တွင်ပေါ်လာ၍ ယေရှုနှင့်စကားပြောနေကြ၏။
[5] ထိုအခါ ပေတရုက “ရဗ္ဗိ ၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု ယေရှုအားလျှောက်ထားလေ၏။
[6] သူတို့သည် အလွန်ကြောက်ရွံ့ကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကိုမသိသောကြောင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။
[7] ထိုအခါ မိုးတိမ်သည်ပေါ်လာ၍ သူတို့ကိုဖုံးလွှမ်းပြီးလျှင် “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့စကားကိုနားထောင်ကြလော့”ဟု မိုးတိမ်ထဲမှ အသံတော်ထွက်ပေါ်လာ၏။
[8] ထိုခဏချင်းတွင် သူတို့သည် ပတ်ပတ်လည်သို့ကြည့်လိုက်သော် ယေရှုတစ်ပါးတည်းသာ မိမိတို့နှင့်အတူရှိသည်ကိုတွေ့မြင်၍ အခြားမည်သူ့ကိုမျှ မတွေ့မြင်ကြတော့ချေ။
[9] ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ကိုယ်တော်က သူတို့တွေ့မြင်ခဲ့ရသောအရာများကို လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ မည်သူ့ကိုမျှမပြောကြရန် သူတို့အား မိန့်မှာတော်မူ၏။
[10] သူတို့သည်လည်း ထိုစကားကို မှတ်သားထားလျက် သေသောသူတို့ထဲမှ ထမြောက်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်းဆွေးနွေးမေးမြန်းကြ၏။
[11] ထို့နောက် သူတို့က “ဧလိယသည် ဦးစွာလာရမည် ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အားမေးလျှောက်ကြ၏။
[12] ကိုယ်တော်ကလည်း“ ဧလိယ သည် ဦးစွာ လာ ၍ အရာ ခပ်သိမ်း တို့ ကို ပြန်လည် ထူထောင် မည် မှန် ၏ ။ သို့ရာတွင် လူ့သား သည် ဒုက္ခ ဝေဒနာ များစွာ ခံစား ရ ပြီး ပစ်ပယ် ခြင်း ကို ခံရ မည် ဟု ရေး ထား သည် မှာ မည်သို့နည်း ။
[13] သို့သော် သင် တို့ အား ငါ ဆို သည် ကား ဧလိယ သည် ရောက်လာ ခဲ့ ပြီ ။ လူ တို့ သည် လည်း သူ နှင့် ပတ်သက်၍ ကျမ်းစာ ၌ ရေး ထား သည့် အတိုင်း သူ့ အပေါ် ပြု လို ရာ ပြု ခဲ့ ကြ ပြီ ” ဟု မိန့်တော်မူ၏။
[14] ထို့နောက် သူတို့သည် အခြားတပည့်တော်တို့ရှိရာသို့ ပြန်လာကြရာ များစွာသောလူထုပရိသတ်သည် တပည့်တော်တို့ကိုဝိုင်းရံလျက်ရှိ၍ ကျမ်းပြုဆရာတို့သည် သူတို့နှင့်ငြင်းခုံပြောဆိုနေကြသည်ကိုတွေ့မြင်ကြ၏။
[15] လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ကိုမြင်သည်နှင့် အလွန်အံ့သြလျက် ပြေးလာ၍ကိုယ်တော်ကိုနှုတ်ဆက်ကြ၏။
[16] ကိုယ်တော်ကလည်း တပည့်တော်တို့ အား“ သင် တို့ သည် ထို သူ တို့ နှင့် မည်သည့် အကြောင်းအရာ ကို ဆွေးနွေး နေ ကြ သနည်း ” ဟု မေးတော်မူ၏။
[17] ထိုအခါ လူထုပရိသတ်ထဲမှတစ်ဦးက “ဆရာ၊ ဆွံ့အသောနတ်ပူးနေသည့် အကျွန်ုပ်၏သားကို ဆရာ့ထံခေါ်ဆောင်လာပါ၏။
[18] နတ်သည် သူ့ကိုဖမ်းစားသည့်အခါတိုင်း သူ့ကိုလှဲချ၍ သူသည် ပါးစပ်မှအမြှုပ်ထွက်ပြီး အံသွားကြိတ်ကာ မာတောင့်လာတတ်ပါ၏။ သို့ဖြစ်၍ ကိုယ်တော်၏တပည့်တော်တို့အား ထိုနတ်ကိုနှင်ထုတ်ပေးရန် တောင်းပန်သော်လည်း သူတို့သည်မတတ်နိုင်ကြပါ”ဟု လျှောက်လေ၏။
[19] ကိုယ်တော်ကလည်း“ အို ယုံကြည် ခြင်း မ ရှိ သော မျိုးဆက် ၊ ငါ သည် သင် တို့ နှင့်အတူ မည်မျှ ကြာအောင် နေ ရ မည်နည်း ။ သင် တို့ ကို မည်မျှ ကြာအောင် သည်းခံ ရ မည်နည်း ။ သူ့ ကို ငါ့ ထံသို့ ခေါ် ခဲ့ ကြ လော့ ” ဟု မိန့်တော်မူ၏။
[20] ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ခဲ့ကြရာ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် သူငယ်ကို ချက်ချင်းတက်စေသဖြင့် သူငယ်သည် မြေပေါ်သို့လဲကျပြီး ပါးစပ်မှအမြှုပ်ထွက်လျက် လူးလိမ့်နေ၏။
[21] ကိုယ်တော်က သူငယ်၏ဖခင်အား“ သူ ၌ ဤသို့ ဖြစ် ခဲ့ သည် မှာ မည်မျှ ကြာ ပြီ နည်း ” ဟု မေးတော်မူရာ ဖခင်က “ငယ်စဉ်ကတည်းကဖြစ်ပါ၏။
[22] နတ်သည် သူ့ကိုသေစေရန် မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏပစ်ချတတ်ပါ၏။ သို့သော် ကိုယ်တော်တစ်စုံတစ်ခုတတ်နိုင်လျှင် အကျွန်ုပ်တို့ကိုသနား၍ ကူညီမစတော်မူပါ”ဟု လျှောက်လေ၏။
[23] ယေရှုကလည်း“ တတ်နိုင် လျှင် ဟု ဆို ရ သလော ။ ယုံကြည် သော သူ အတွက် အရာ ခပ်သိမ်း သည် ဖြစ်နိုင် ၏ ” ဟု မိန့်တော်မူ၏။
[24] သူငယ်၏ဖခင်က “အကျွန်ုပ်ယုံကြည်ပါ၏။ အကျွန်ုပ်၏မယုံကြည်မှုကို ကူညီမစတော်မူပါ”ဟု ချက်ချင်းအော်ဟစ်လျက် လျှောက်ထားလေ၏။
[25] ယေရှုသည် လူထုပရိသတ်ပြေးလာကြသည်ကိုမြင်လျှင် ညစ်ညူးသောနတ်ကိုဆုံးမလျက်“ ဆွံ့အ ၍ နားပင်း သော နတ် ၊ သင့် အား ငါ အမိန့် ပေး ၏ ။ သူ့ အထဲမှ ထွက်သွား လော့ ။ နောက်တစ်ဖန် သူ့ အထဲသို့ မ ဝင် နှင့် ” ဟု မိန့်တော်မူ၏။
[26] ထိုအခါ နတ်ဆိုးသည် အော်ဟစ်လျက် သူငယ်ကို ပြင်းထန်စွာတက်စေပြီးလျှင် ထွက်သွားလေ၏။ သူငယ်သည် လူသေကဲ့သို့ဖြစ်သွားသဖြင့် လူအပေါင်းတို့က “သူသေပြီ”ဟု ပြောဆိုကြ၏။
[27] သို့သော် ယေရှုသည် သူငယ်၏လက်ကိုကိုင်လျက် သူ့ကိုထူမတော်မူရာ သူသည်ထလေ၏။
[28] ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု တိတ်တဆိတ်မေးလျှောက်ကြ၏။
[29] ကိုယ်တော်ကလည်း“ ထို နတ် မျိုး ကို ဆုတောင်း ခြင်း အားဖြင့် မ ဟုတ် လျှင် မည်သည့် နည်း နှင့် မျှ မ နှင်ထုတ် နိုင် ” ဟု မိန့်တော်မူ၏။
[30] သူတို့သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲနယ်ကိုဖြတ်သွားကြ၏။ သို့သော် ကိုယ်တော်သည် မည်သူ့ကိုမျှ မသိစေလိုချေ။
[31] အဘယ်ကြောင့်ဆိုသော် ကိုယ်တော်က တပည့်တော်တို့အား သွန်သင်လျက်“ လူ့သား သည် လူ တို့ ၏ လက် သို့ အပ်နှံ ခြင်း ခံရ လိမ့်မည် ။ သူ တို့ သည် လည်း သူ့ ကို သတ် ကြ လိမ့်မည် ။ သို့သော် အသေ သတ် ခြင်း ခံရ ပြီး သုံး ရက် ကြာ သောအခါ သူ သည် ထမြောက် လိမ့်မည် ” ဟု မိန့်တော်မူသောကြောင့်ဖြစ်၏။
[32] တပည့်တော်တို့သည် ထိုစကားကို နားမလည်ကြသော်လည်း ကိုယ်တော်အားမမေးဝံ့ကြချေ။
[33] ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ရောက်ကြ၏။ အိမ်ထဲ၌ရှိတော်မူစဉ် ကိုယ်တော်က တပည့်တော်တို့အား“ သင် တို့ သည် လမ်း ၌ မည်သည့် အကြောင်းအရာ ကို အချေအတင် ပြောဆို လာ ခဲ့ ကြ သနည်း ” ဟု မေးတော်မူ၏။
[34] သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမှာ မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု လမ်း၌ အချင်းချင်းအချေအတင်ပြောဆိုခဲ့ကြသောကြောင့်ဖြစ်၏။
[35] ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်ပြီးလျှင်“ မည်သူမဆို ပထမ ဦးဆုံး ဖြစ် လို လျှင် အားလုံး တွင် နောက်ဆုံး ဖြစ် ပြီး အားလုံး ၏ အစေခံ ဖြစ် ရ မည် ” ဟု မိန့်တော်မူ၏။
[36] ထို့နောက် ကိုယ်တော်သည် သူငယ်တစ်ယောက်ကိုခေါ်၍ သူတို့အလယ်၌ ရပ်စေပြီးလျှင် သူ့ကိုပွေ့ချီကာ
[37] “ ဤသို့ သော ကလေး သူငယ် များ ထဲမှ တစ်စုံတစ်ဦး ကို ငါ ၏ နာမ ၌ လက်ခံ သော သူ သည် ငါ့ ကို လက်ခံ ၏ ။ ငါ့ ကို လက်ခံ သော သူ သည် ငါ့ ကို မ ဟုတ် ဘဲ ငါ့ အား စေလွှတ် တော်မူ သော အရှင် ကို လက်ခံ ၏ ” ဟု မိန့်တော်မူ၏။
[38] ယောဟန်က “ဆရာ၊ ဆရာ၏နာမဖြင့် နတ်ဆိုးများနှင်ထုတ်နေသူတစ်ဦးကို အကျွန်ုပ်တို့တွေ့ခဲ့ပါသည်။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်”ဟု လျှောက်လေ၏။
[39] သို့သော် ယေရှုက“ သူ့ ကို မ တားမြစ် ကြ နှင့် ။ အကြောင်းမူကား ငါ ၏ နာမ ဖြင့် တန်ခိုး လက္ခဏာ ကို ပြု ပြီးနောက် မကြာမီ အတွင်း ငါ့ ကို ပုတ်ခတ် ပြောဆို နိုင် မည့် သူ တစ်စုံတစ်ဦး မျှ မ ရှိ ။
[40] ငါ တို့ ကို မ ဆန့်ကျင် သော သူ သည် ငါ တို့ ဘက်သား ဖြစ် ၏ ။
[41] သင် တို့ အား ငါ အမှန် ဆို သည် ကား ခရစ်တော် ၏ တပည့် ဟူသော အမည် နာမ ကို ထောက်၍ သင် တို့ အား ရေ တစ် ခွက် ကို တိုက် သော သူ သည် အကျိုးကျေးဇူး ကို လုံးဝ ဆုံးရှုံး ရ မည် မ ဟုတ် ။
[42] သို့သော် ငါ့ ကို ယုံကြည် သည့် ဤ ငယ် သော သူ များ ထဲမှ တစ်စုံတစ်ဦး ကို မှားယွင်း စေ သော သူ သည် ကြီးမား သော ကြိတ်ဆုံ ကျောက် ကို သူ့ လည်ပင်း ၌ ဆွဲ လျက် ပင်လယ် ထဲသို့ ပစ်ချ ခံရ လျှင် သူ့ အတွက် သာ၍ ကောင်း ၏ ။
[43] သင် ၏ လက် သည် သင့် ကို မှားယွင်း စေ လျှင် ၎င်း ကို ဖြတ် ပစ် လော့ ။ လက် နှစ် ဖက် ပါ လျက် မီး မ ငြိမ်း နိုင် သည့် ငရဲ သို့ လား ရ သည် ထက် လက် တစ်ဖက် နှင့် အသက်ရှင် ခြင်း သို့ ဝင်စား ရ သည် က သင့် အတွက် သာ၍ ကောင်း ၏ ။
[44] [ ထို နေရာ တွင် လောက်ကောင် သည် မ သေ ၊ မီး လည်း မ ငြိမ်း ပေ ။ ]
[45] သင် ၏ ခြေ သည် သင့် ကို မှားယွင်း စေ လျှင် ၎င်း ကို ဖြတ် ပစ် လော့ ။ ခြေ နှစ် ဖက် ပါ လျက် ငရဲ ထဲသို့ ပစ်ချ ခြင်း ခံရ သည် ထက် ခြေ တစ်ဖက် နှင့် အသက်ရှင် ခြင်း သို့ ဝင်စား ရ သည် က သင့် အတွက် သာ၍ ကောင်း ၏ ။
[46] [ ထို နေရာ တွင် လောက်ကောင် သည် မ သေ ၊ မီး လည်း မ ငြိမ်း ပေ ။ ]
[47] သင် ၏ မျက်စိ သည် သင့် ကို မှားယွင်း စေ လျှင် ၎င်း ကို ထုတ် ပစ် လော့ ။ မျက်စိ နှစ် လုံး ပါ လျက် ငရဲ ထဲသို့ ပစ်ချ ခြင်း ခံရ သည် ထက် မျက်စိ တစ် လုံး နှင့် ဘုရားသခင် ၏ နိုင်ငံ တော် သို့ ဝင်စား ရ သည် က သင့် အတွက် သာ၍ ကောင်း ၏ ။
[48] ထို နေရာ တွင် လောက်ကောင် သည် မ သေ ၊ မီး လည်း မ ငြိမ်း ပေ ။
[49] လူ တိုင်း သည် မီး ဖြင့် ဆား ခတ် ခြင်း ကို ခံရ လိမ့်မည် ။
[50] ဆား သည် ကောင်း ၏ ။ သို့သော် ဆား သည် အငန် ဓာတ် ကင်းမဲ့ သွား လျှင် ၎င်း ကို မည်သည့် အရာ ဖြင့် အရသာ ပြန် ရှိ စေ မည်နည်း ။ သင် တို့ သည် မိမိ ကိုယ်တိုင် ၌ ဆား ရှိ စေ ၍ အချင်းချင်း သင့်မြတ် စွာ နေ ကြ လော့ ” ဟု မိန့်တော်မူ၏။