[1] ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ ယုဒနယ်ဆိုင်ရာအရပ်ဒေသနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ကြွတော်မူရာ လူထုပရိသတ်တို့သည် အထံတော်သို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ပြုလေ့ရှိသည့်အတိုင်း သူတို့ကိုသွန်သင်တော်မူ၏။
[2] ထိုအခါ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ “လင်ယောက်ျားသည် မိမိမယားကိုကွာရှင်းခြင်းမှာ တရားတော်နှင့်ညီသလော”ဟု မေးလျှောက်ကြ၏။
[3] ကိုယ်တော်ကလည်း“ မောရှေ သည် သင် တို့ ကို မည်ကဲ့သို့ ပညတ် ထား သနည်း ” ဟု ပြန်၍မိန့်တော်မူလျှင်
[4] သူတို့က “ဖြတ်စာကိုရေး၍ ကွာရှင်းရန် မောရှေက ခွင့်ပြုထားပါသည်”ဟု ပြန်လျှောက်ကြ၏။
[5] ယေရှုကလည်း“ သင် တို့ ၏ စိတ်နှလုံး မာကျော သောကြောင့် သူ သည် ဤ ပညတ် ချက် ကို သင် တို့ အတွက် ရေး ခဲ့ ခြင်း ဖြစ် ၏ ။
[6] သို့သော် ဖန်ဆင်း ခြင်း ၏ အစအဦး က ပင် ဘုရားသခင် သည် သူ တို့ ကို ယောက်ျား နှင့် မိန်းမ အဖြစ် ဖန်ဆင်း တော်မူ ၏ ။
[7] ထို အကြောင်း ကြောင့် ယောက်ျား သည် မိမိ ၏ မိခင် နှင့် ဖခင် တို့ ကို စွန့်ခွာ ၍ မိမိ မယား နှင့် ပေါင်းဖက် သဖြင့်
[8] ထို သူ နှစ် ဦး တို့ သည် တစ်သားတစ်ကိုယ်တည်း ဖြစ် ကြ လိမ့်မည် ။ သို့ဖြစ်၍ သူ တို့ သည် နှစ် ဦး မ ဟုတ် တော့ ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ် ကြ ၏ ။
[9] ထို့ကြောင့် ဘုရားသခင် တွဲဖက် ၍ ထမ်းပိုး တင် တော်မူ သော အရာ ကို လူ က မ ကွဲကွာ စေ နှင့် ” ဟု မိန့်တော်မူ၏။
[10] တပည့်တော်တို့သည် အိမ်ထဲ၌ရှိစဉ် ဤအကြောင်းအရာကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။
[11] ကိုယ်တော်ကလည်း“ မိမိ မယား ကို ကွာရှင်း ၍ အခြား မိန်းမ နှင့် ထိမ်းမြား စုံဖက် သော သူ သည် ထို မိန်းမ နှင့် အိမ်ထောင်ရေး ဖောက်ပြန် မှု ကို ကျူးလွန် ၏ ။
[12] မယား သည် လည်း မိမိ ၏ ခင်ပွန်း နှင့် ကွာရှင်း ၍ အခြား ယောက်ျား နှင့် ထိမ်းမြား စုံဖက် လျှင် အိမ်ထောင်ရေး ဖောက်ပြန် မှု ကို ကျူးလွန် ၏ ” ဟု မိန့်တော်မူ၏။
[13] ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကို ဆူငေါက်ကြ၏။
[14] ယေရှုသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်တော်ထွက်၍“ ကလေး သူငယ် တို့ ငါ့ ထံသို့ လာ ကြ ပါလေစေ ။ သူ တို့ ကို မ တားဆီး ကြ နှင့် ။ အကြောင်းမူကား ဘုရားသခင် ၏ နိုင်ငံ တော် သည် ထိုသို့ သော သူ တို့ ၏ နိုင်ငံ ဖြစ် ၏ ။
[15] သင် တို့ အား ငါ အမှန် ဆို မည် ။ ဘုရားသခင် ၏ နိုင်ငံ တော် ကို သူငယ် တစ်ဦး ကဲ့သို့ လက် မ ခံ သော သူ သည် ထို နိုင်ငံ တော် သို့ မည်သည့် အခါ မျှ ဝင် ရ လိမ့်မည် မ ဟုတ် ” ဟု မိန့်တော်မူ၏။
[16] ထို့နောက် ကိုယ်တော်သည် ကလေးသူငယ်တို့ကိုပွေ့ချီ၍ သူတို့အပေါ်၌ လက်တော်တင်လျက် ကောင်းချီးပေးတော်မူ၏။
[17] ကိုယ်တော်သည် လမ်း၌ကြွတော်မူစဉ် လူတစ်ဦးသည် ပြေးလာ၍ ရှေ့တော်၌ဒူးထောက်ကာ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် အကျွန်ုပ်သည် မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
[18] ယေရှုကလည်း“ ငါ့ ကို ကောင်းမြတ် သော သူ ဟု အဘယ်ကြောင့် ခေါ် သနည်း ။ ဘုရားသခင် တစ်ပါးတည်း မှလွဲ၍ ကောင်းမြတ် သော သူ တစ်စုံတစ်ဦး မျှ မ ရှိ ။
[19] ‘ လူ မ သတ် ရ ၊ အိမ်ထောင်ရေး ဖောက်ပြန် မှု ကို မ ကျူးလွန် ရ ၊ မ ခိုးယူ ရ ၊ မမှန် သော သက်သေ ထွက်ဆို ခြင်း မ ပြု ရ ၊ လိမ်ညာ လုယူ ခြင်း မ ပြု ရ ၊ သင် ၏ မိခင် နှင့် ဖခင် တို့ ကို ရိုသေ လော့ ’ ဟူသော ပညတ် တော် တို့ ကို သင် သိ ၏ ” ဟု မိန့်တော်မူ၏။
[20] ထိုသူကလည်း “ဆရာ၊ အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကတည်းက စောင့်ထိန်းပါပြီ”ဟု လျှောက်လေ၏။
[21] ယေရှုသည် ထိုသူကိုစူးစိုက်ကြည့်လျက် သူ့အပေါ်မေတ္တာထား၍“ သင် ၌ တစ် ခု လို သေး ၏ ။ သင် ၌ ရှိ သမျှ သော အရာ တို့ ကို သွား ၍ ရောင်း ပြီးလျှင် ဆင်းရဲသား တို့ အား ပေးကမ်း လော့ ။ ထိုသို့ပြုလျှင် သင် သည် ကောင်းကင် ဘုံ ၌ ဥစ္စာ ဘဏ္ဍာ ကို ရ လိမ့်မည် ။ ထို့နောက် လာ ၍ ငါ့ နောက် သို့ လိုက် လော့ ” ဟု မိန့်တော်မူ၏။
[22] ထိုသူသည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် မျက်နှာညှိုးငယ်၍ ဝမ်းနည်းလျက်ထွက်သွားလေ၏။
[23] ထိုအခါ ယေရှုသည် ပတ်ပတ်လည်သို့ကြည့်ရှုလျက်“ ငွေကြေး ချမ်းသာ သော သူ တို့ သည် ဘုရားသခင် ၏ နိုင်ငံ တော် သို့ ဝင် ရန် ခဲယဉ်း လှ သည် တကား ” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
[24] တပည့်တော်တို့သည် ကိုယ်တော်၏စကားကိုအံ့အားသင့်ကြ၏။ သို့သော် ယေရှုက“ ချစ် သား တို့ ၊ ဘုရားသခင် ၏ နိုင်ငံ တော် သို့ ဝင် ရန် ခဲယဉ်း လှ သည် တကား ။
[25] ချမ်းသာ သော သူ သည် ဘုရားသခင် ၏ နိုင်ငံ တော် သို့ ဝင် ရန် ထက် ကုလားအုပ် သည် အပ် နဖားပေါက် မှ လျှိုဝင် ရန် ပို၍ လွယ်ကူ ၏ ” ဟု ထပ်မံ၍မိန့်တော်မူ၏။
[26] ထိုအခါ တပည့်တော်တို့သည် ပို၍ပင်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
[27] ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက်“ ဤ အရာ သည် လူ တို့ အတွက် မ ဖြစ်နိုင် သော်လည်း ဘုရားသခင် အတွက် မူကား ထိုသို့ မ ဟုတ် ။ အကြောင်းမှာ ဘုရားသခင် အတွက် အရာ ခပ်သိမ်း သည် ဖြစ်နိုင် ၏ ” ဟု မိန့်တော်မူ၏။
[28] ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ”ဟု လျှောက်လေ၏။
[29] ယေရှုက“ သင် တို့ အား ငါ အမှန် ဆို မည် ။ မည်သူမဆို ငါ့ အတွက် နှင့် ကောင်းမြတ် သော သတင်း အတွက် အိမ် ကို ဖြစ်စေ ၊ ညီအစ်ကို မောင်နှမ များ ကို ဖြစ်စေ ၊ အမိ ကို ဖြစ်စေ ၊ အဖ ကို ဖြစ်စေ ၊ သားသမီး များ ကို ဖြစ်စေ ၊ မြေယာ များ ကို ဖြစ်စေ စွန့် လျှင်
[30] ထို သူ သည် ယခု ဘဝ ၌ ညှဉ်းဆဲ ခြင်း များ ပါ လျက် အဆ တစ်ရာ သော အကျိုး တည်းဟူသော အိမ် များ ၊ မြေယာ များ ၊ ညီအစ်ကို မောင်နှမ များ ၊ အမိ များ ၊ သားသမီး များ ကို ခံစားရ လျက် နောင် ဘဝ ၌ ထာဝရ အသက် ကို ရရှိ လိမ့်မည် ။
[31] သို့သော် အဦးဆုံး သော သူ များစွာ တို့ သည် နောက်ဆုံး ဖြစ် ကြ ပြီး နောက်ဆုံး သော သူ များစွာ တို့ သည် အဦးဆုံး ဖြစ် ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[32] သူတို့သည် ဂျေရုဆလင်မြို့သို့တက်သွားကြစဉ် လမ်း၌ ယေရှုသည် သူတို့ရှေ့မှကြွတော်မူသဖြင့် တပည့်တော်တို့သည်အံ့အားသင့်ကြ၏။ နောက်တော်သို့လိုက်သောသူတို့သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို တစ်ဖန်ခေါ်လျက် မိမိ၌ဖြစ်ပျက်လာတော့မည့်အရာများကို သူတို့အား မြွက်ဆိုတော်မူ၍
[33] “ နားထောင် ကြ လော့ ။ ငါ တို့ သည် ဂျေရုဆလင် မြို့ သို့ သွား နေ ကြ ၏ ။ လူ့သား သည် ယဇ်ပုရောဟိတ် အကြီးအကဲ များ နှင့် ကျမ်းပြု ဆရာ များ ထံ အပ်နှံ ခြင်း ခံရ လိမ့်မည် ။ သူ တို့ သည် သူ့ ကို သေဒဏ် စီရင် ၍ လူမျိုးခြား တို့ ထံ အပ်နှံ ကြ လိမ့်မည် ။
[34] လူမျိုးခြား တို့ သည် သူ့ ကို ပြောင်လှောင် ၍ တံတွေး နှင့် ထွေး ပြီး ဒဏ်ခတ် ရိုက်နှက် ကာ အသေ သတ် ကြ လိမ့်မည် ။ သို့သော် သုံး ရက် ကြာ သောအခါ သူ သည် ထမြောက် လိမ့်မည် ” ဟု မိန့်တော်မူ၏။
[35] ထိုအခါ ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့်ယောဟန်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “ဆရာ၊ အကျွန်ုပ်တို့တောင်းသမျှတို့ကို အကျွန်ုပ်တို့အတွက် ပြုပေးစေလိုပါ၏”ဟု ကိုယ်တော်အားလျှောက်ထားကြ၏။
[36] ကိုယ်တော်ကလည်း“ သင် တို့ အတွက် မည်သည့် အရာ ကို ပြု စေ လို ကြ သနည်း ” ဟု မေးတော်မူလျှင်
[37] သူတို့က “အကျွန်ုပ်တို့ကို ကိုယ်တော်၏ဘုန်းအသရေ၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ခွင့်ပြုတော်မူပါ”ဟု လျှောက်ကြ၏။
[38] သို့သော် ယေရှုက“ သင် တို့ သည် မည်သည့် အရာ တောင်း နေ သည် ကို သင် တို့ မ သိ ကြ ။ ငါ သောက် မည့် ခွက် ကို သောက် ရန် ၊ သို့မဟုတ် ငါ ခံ မည့် ဗတ္တိဇံ ကို ခံ ရန် သင် တို့ တတ်နိုင် ကြ သလော ” ဟု မေးတော်မူလျှင်
[39] သူတို့က “အကျွန်ုပ်တို့တတ်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။ ယေရှုကလည်း“ ငါ သောက် မည့် ခွက် ကို သင် တို့ သောက် ကြ လိမ့်မည် ။ ငါ ခံ မည့် ဗတ္တိဇံ ကို လည်း သင် တို့ ခံ ကြ လိမ့်မည် ။
[40] သို့သော် ငါ ၏ လက်ယာ ဘက် နှင့် လက်ဝဲ ဘက် တို့ ၌ ထိုင် ရ သော အခွင့် ကို ငါ ပေး သည် မ ဟုတ် ။ ထို နေရာ သည် ပြင်ဆင် ပေး ထား သော သူ တို့ အတွက် သာ ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[41] ကျန်တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ယာကုပ်နှင့်ယောဟန်တို့ကို စိတ်ဆိုးကြ၏။
[42] ထိုအခါ ယေရှုသည် သူတို့ကိုခေါ်လျက်“ လူမျိုးခြား တို့ တွင် သူ တို့ ကို အုပ်ချုပ် ရန် သတ်မှတ် ထား ခြင်း ခံရ သော သူ တို့ သည် ပြည်သူ တို့ အပေါ် စိုးမိုး ခြယ်လှယ် ကြ ၍ သူ တို့ ၏ အကြီးအကဲ တို့ သည် သူ တို့ အပေါ် အာဏာ သုံး တတ် ကြ သည် ကို သင် တို့ သိ ကြ ၏ ။
[43] သင် တို့ အထဲ၌ မူကား ထိုသို့ မ ဖြစ် ရ ။ သင် တို့ တွင် အကြီးအကဲ ဖြစ် လို သော သူ သည် သင် တို့ ၏ အစေခံ ဖြစ် ရ မည် ။
[44] သင် တို့ တွင် ခေါင်းဆောင် ဖြစ် လို သော သူ သည် အားလုံး ၏ အစေအပါး ဖြစ် ရ မည် ။
[45] အကြောင်းမူကား လူ့သား သည် လည်း လုပ်ကျွေး ပြုစု ခြင်း ကို ခံ ရန် မ ဟုတ် ဘဲ လုပ်ကျွေး ပြုစု ရန် နှင့် များစွာ သော သူ တို့ အတွက် ရွေးနုတ် စရာ အဖိုးအခ အဖြစ် မိမိ အသက် ကို စွန့် ရန် လာ ၏ ” ဟု မိန့်တော်မူ၏။
[46] ထို့နောက် သူတို့သည် ဂျေရိခေါမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ များစွာသောလူထုပရိသတ်ပါလျက် ဂျေရိခေါမြို့မှထွက်ခွာတော်မူစဉ် တိမဲ၏သား ဗာတိမဲအမည်ရှိသော မျက်မမြင် သူတောင်းစား တစ်ဦးသည် လမ်းဘေးတွင်ထိုင်လျက်နေ၏။
[47] နာဇရက်မြို့သားယေရှုဖြစ်ကြောင်း သူကြားသိလျှင် “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု အော်ဟစ်လေ၏။
[48] လူအများတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။
[49] ထိုအခါ ယေရှုသည်ရပ်တန့်လျက်“ သူ့ ကို ခေါ် ခဲ့ ကြ လော့ ” ဟု မိန့်တော်မူ၏။ လူတို့သည်လည်း ထိုမျက်မမြင်ကိုခေါ်၍ “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်သည် သင့်ကိုခေါ်တော်မူ၏”ဟု ဆိုကြ၏။
[50] သူသည်လည်း မိမိဝတ်ရုံကို ဘေးသို့ပစ်ချပြီး ထ၍ ယေရှုထံသို့လာလေ၏။
[51] ယေရှုက“ သင့် အတွက် မည်သည့် အမှု ကို ပြု စေ လို သနည်း ” ဟု မေးတော်မူလျှင် မျက်မမြင်က “ရဗ္ဗုနိ ၊ မျက်စိမြင်အောင်လုပ်ပေးစေလိုပါသည်”ဟု လျှောက်လေ၏။
[52] ယေရှုကလည်း“ သွား လော့ ။ သင် ၏ ယုံကြည် ခြင်း သည် သင့် ကို ကယ်တင် ပြီ ” ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် မျက်စိမြင်၍ လမ်းခရီးတစ်လျှောက် နောက်တော်သို့လိုက်သွားလေ၏။