Skip to content
Opens in a new window
Listen to this chapter • 6:06

[1] ရက်​အနည်းငယ်​ကြာ​ပြီးနောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​၏။ အိမ်​၌ ကိုယ်တော်​ရှိ​တော်မူ​သည်​ကို​ကြား​၍

[2] များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​သဖြင့် အိမ်​တံခါး​ရှေ့၌​ပင် နေရာ​မ​ရှိ​တော့ချေ။ ကိုယ်တော်​သည် သူ​တို့​အား နှုတ်ကပတ်​တရား​ကို​ဟောပြော​လျက်​နေ​တော်မူ​၏။

[3] ထိုအခါ လူ​တို့​သည် လေဖြတ်​သော​သူ​တစ်​ဦး​ကို လူ​လေး​ယောက်​အား​ထမ်း​စေ​၍ အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။

[4] လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို ကိုယ်တော်​ထံ​ခေါ်ဆောင်​သွား​၍​မ​ရ​နိုင် ​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရှိ​သည့်​နေရာ​အထက်​မှ ခေါင်မိုး​ကို​ခွာ​၍ အပေါက်​ဖောက်​ကာ လေဖြတ်​သော​သူ​လဲလျောင်း​နေ​သည့်​အိပ်ရာ​ကို လျှောချ​ကြ​၏။

[5] ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ ငါ့ သား ၊ သင် ၏ အပြစ် များ ခွင့်လွှတ် ခြင်း ခံရ ပြီ ” ​ဟု မိန့်​တော်မူ​၏။

[6] သို့သော် ထို​နေရာ​၌​ထိုင်​နေ​ကြ​သော ကျမ်းပြု​ဆရာ​အချို့​တို့​က

[7] “ဤ​သူ​သည် အဘယ်ကြောင့် ထိုကဲ့သို့​ပြော​ရ​သနည်း။ သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​၏။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု မိမိ​တို့​စိတ်​ထဲ၌ တွေးတော​ဆင်ခြင်​ကြ​၏။

[8] သူ​တို့​စိတ်​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြောင်း​ကို ယေရှု​သည် မိမိ​စိတ်​ဝိညာဉ်​ဖြင့် ချက်ချင်း​သိ​တော်မူ​၍“ အဘယ်ကြောင့် သင် တို့ ၏ စိတ်နှလုံး ထဲ၌ ထိုသို့ တွေးတော ဆင်ခြင် နေ ကြ သနည်း ။

[9] လေဖြတ် သော သူ အား ‘ သင် ၏ အပြစ် များ ခွင့်လွှတ် ခြင်း ခံရ ပြီ ’ ဟု ဆို ရန် နှင့် ‘ ထ ၍ သင် ၏ အိပ်ရာ ကို ဆောင်ယူ လျက် လမ်းလျှောက် လော့ ’ ဟု ဆို ရန် မည်သည့် အရာ က ပို၍ လွယ်ကူ သနည်း ။

[10] သို့သော် လူ့သား သည် မြေကြီး ပေါ်၌ အပြစ် များ ခွင့်လွှတ် ပိုင်ခွင့် ရှိ ကြောင်း သင် တို့ သိ စေရန် ” ​ဟု သူတို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား

[11] “ သင့် ကို ငါ ဆို မည် ။ ထ လော့ ။ သင် ၏ အိပ်ရာ ကို ဆောင်ယူ ၍ အိမ် သို့ ပြန် လော့ ” ​ဟု မိန့်​တော်မူ​၏။

[12] ထိုအခါ လေဖြတ်​သော​သူ​သည်​ထ​၍ အိပ်ရာ​ကို​ချက်ချင်း​ဆောင်ယူ​လျက် လူ​အပေါင်း​တို့​ရှေ့မှ​ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့သြ​ငေးမော​၍ “ငါ​တို့​သည် ဤကဲ့သို့သော​အဖြစ်​မျိုး​ကို တစ်ခါမျှ​မ​မြင်​စဖူး”​ဟု ပြောဆို​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။

[13] ကိုယ်တော်​သည် နောက်တစ်ဖန် ပင်လယ်​ကမ်းနား​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​အပေါင်း​တို့​သည် အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် သူ​တို့​ကို​သွန်သင်​တော်မူ​၏။

[14] တစ်ဖန် လမ်း​၌​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် အာလဖဲ​၏​သား လေဝိ​ကို​မြင်​၍“ ငါ့ နောက် သို့ လိုက် လော့ ” ​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။

[15] ကိုယ်တော်​သည် လေဝိ​၏​အိမ်​ထဲ၌​ထိုင် ​၍​စားသောက်​နေ​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​နှင့် အပြစ်သား​တို့​သည် တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ အကြောင်းမူကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထိုသို့သော​သူ​များစွာ​ရှိ​ကြ​၏။

[16] ကိုယ်တော်​သည် အပြစ်သား​များ၊ အခွန်​ကောက်ခံ​သူ​များ​နှင့်အတူ စားသောက်​လျက်​နေ​သည်​ကို ဖာရိရှဲ​တို့​ထဲမှ ကျမ်းပြု​ဆရာ​များ ​မြင်​လျှင် “သူ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု တပည့်​တော်​တို့​အား မေးမြန်း​ကြ​၏။

[17] ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“ ကျန်းမာ သော သူ တို့ သည် ဆေးဆရာ ကို မ လိုအပ် ကြ ပေ ။ နာမကျန်း ဖြစ် သော သူ တို့ သာလျှင် လိုအပ် ကြ ၏ ။ ဖြောင့်မတ် သော သူ တို့ ကို ခေါ် ရန် ငါ လာ သည် မ ဟုတ် ။ အပြစ်သား တို့ ကို ခေါ် ရန် ငါ လာ ၏ ” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။

[18] ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​သည် အစာရှောင်​လျက်​နေ​ကြ​၏။ လူ​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​၏​တပည့်​များ​သည် အစာရှောင်​နေ​ကြ​သော်လည်း ကိုယ်တော်​၏​တပည့်​များ​သည် အဘယ်ကြောင့် အစာ​မ​ရှောင်​ကြ​သနည်း”​ဟု မေးလျှောက်​ကြ​၏။

[19] ယေရှု​က​လည်း“ သတို့သား ၏ ဆွေမျိုး မိတ်သင်္ဂဟ များ ​သည် သတို့သား နှင့်အတူ ရှိ နေ စဉ် အစာရှောင် နိုင် ကြ မည် လော ။ သူ တို့ သည် သတို့သား နှင့်အတူ ရှိ နေ သရွေ့ အစာ မ ရှောင် နိုင် ကြ ပေ ။

[20] သို့သော် သတို့သား ကို သူ တို့ ထံမှ ခေါ်ဆောင် သွား မည့် နေ့ရက် များ ရောက်လာ လိမ့်မည် ။ ထို နေ့ရက် ရောက်လာ သည့် အခါ ၌ သူ တို့ သည် အစာရှောင် ကြ လိမ့်မည် ။

[21] မည်သူမျှ အဝတ် အဟောင်း ကို ပိတ်စ အသစ် ဖြင့် ဖာ လေ့ မ ရှိ ။ ထိုသို့ပြုလျှင် အသစ် ဖာ ထား သော ပိတ်စ သည် အဝတ် အဟောင်း ကို ရုန်း သဖြင့် စုတ်ပြဲ သည့် နေရာ သည် ပို၍ ဆိုး လာ လိမ့်မည် ။

[22] ထိုနည်းတူ မည်သူမျှ စပျစ် ဝိုင် အသစ် ကို သားရေဘူး အဟောင်း ၌ ထည့် လေ့ မ ရှိ ။ ထိုသို့ပြုလျှင် စပျစ် ဝိုင် သည် သားရေဘူး ကို ပေါက်ပြဲ စေ သဖြင့် စပျစ် ဝိုင် ရော သားရေဘူး ပါ ပျက်စီး သွား လိမ့်မည် ။ စပျစ် ဝိုင် အသစ် ကို သားရေဘူး အသစ် ၌ သာ ထည့် ကြ ၏ ” ​ဟု မိန့်​တော်မူ​၏။

[23] တစ်နေ့သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် လမ်း​သွား​ရင်း ဂျုံနှံ​များ​ကို​ဆွတ်ခူး​ကြ​၏။

[24] ထိုအခါ ဖာရိရှဲ​တို့​က “သူ​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို အဘယ်ကြောင့်​ပြု​ကြ​သနည်း”​ဟု ကိုယ်တော်​အား မေး​လျှောက်​ကြ​၏။

[25] ကိုယ်တော်​က​လည်း“ ဒါဝိဒ် သည် သူ ၌ စားစရာ မ ရှိ သဖြင့် သူ မှစ၍ သူ နှင့်အတူ ရှိ သော သူ တို့ သည် ဆာလောင် ကြ သောအခါ မည်သည့် အရာ ပြု ခဲ့ သည် ကို မ ဖတ် ဖူး ကြ သလော ။

[26] သူ သည် ယဇ်ပုရောဟိတ် မင်း အဗျာသာ လက်ထက် တွင် ဘုရားသခင် ၏ အိမ် တော် သို့ ဝင် ၍ ယဇ်ပုရောဟိတ် များ မှတစ်ပါး မည်သူမျှ စား ခွင့် မ ရှိ သော ရှေ့ တော် မုန့် ​ကို စား ပြီးလျှင် သူ နှင့်အတူ ရှိ သော သူ တို့ ကို လည်း ပေး ခဲ့ ၏ ” ​ဟု မိန့်​တော်မူ​၏။

[27] တစ်ဖန် သူ​တို့​အား“ ဥပုသ်နေ့ သည် လူ အတွက် ဖြစ်လာ ၏ ။ လူ သည် ဥပုသ်နေ့ အတွက် ဖြစ်လာ သည် မ ဟုတ် ။

[28] သို့ဖြစ်၍ လူ့သား သည် ဥပုသ်နေ့ ၏ အရှင် သခင် လည်း ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

ရှင်မာကုခရစ်ဝင် — Chapters