Skip to content
Opens in a new window
Listen to this chapter • 6:41

[1] သူ​တို့​သည် ဂျေရုဆလင်​မြို့​နှင့်​နီးကပ်​လာ​၍ သံလွင်​တောင်​ခြေ​ရှိ ဗက်ဖာဂေ​ရွာ​နှင့်​ဗေသနိ​ရွာ​သို့ ရောက်လာ​ကြ​သောအခါ ယေရှု​သည် တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍

[2] “ သင် တို့ ရှေ့ က ရွာ ထဲသို့ သွား ကြ လော့ ။ ရွာ ထဲသို့ ဝင်လျှင်ဝင်ချင်း မည်သူ မျှ မ စီး ဖူး သော မြည်း ကလေး တစ် ကောင် ချည် ထား သည် ကို သင် တို့ တွေ့ ကြ လိမ့်မည် ။ ၎င်း ကို ကြိုး ဖြေ ၍ ခေါ်ဆောင် လာ ကြ လော့ ။

[3] တစ်စုံတစ်ယောက် က ‘ အဘယ်ကြောင့် ဤသို့ ပြု ကြ သနည်း ’ ဟု သင် တို့ ကို မေး လျှင် ‘ သခင် ဘုရား အလို ရှိ သည် ။ ဤ နေရာ သို့ ချက်ချင်း ပြန် ပို့ပေး ပါ လိမ့်မည် ’ ဟု ပြော ကြ လော့ ” ​ဟူ၍ မိန့်​တော်မူ​၏။

[4] ထို့ကြောင့် သူ​တို့​သည်​ထွက်သွား​၍ လမ်း​ဘေး​အိမ်​တံခါး​တွင်​ချည်​ထား​သော မြည်း​ကလေး​တစ်​ကောင်​ကို​တွေ့​သဖြင့် ၎င်း​ကို​ကြိုး​ဖြေ​ကြ​၏။

[5] ထိုအခါ ထို​နေရာ​၌​ရပ်​နေ​သော​သူ​အချို့​တို့​က “မြည်း​ကလေး​ကို​ကြိုး​ဖြေ​၍ ဘာ​လုပ်​နေ​ကြ​သနည်း”​ဟု မေး​ကြ​၏။

[6] သူ​တို့​က​လည်း ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြန်ပြော​ကြ​ရာ ထို​သူ​တို့​သည်​ခွင့်ပြု​ကြ​၏။

[7] ထို့နောက် မြည်း​ကလေး​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​ပြီးလျှင် ၎င်း​အပေါ်၌ သူ​တို့​၏​အဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်တော်​သည် ထို​မြည်း​ကို​စီး​တော်မူ​၏။

[8] များစွာ​သော​လူ​တို့​သည်​လည်း မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ အချို့​တို့​မူကား ကွင်းပြင်​မှ​သစ်ခက်​သစ်ရွက်​များ​ကို​ခုတ်​လာ​၍ ခင်း​ကြ​၏။

[9] ရှေ့​မှ​သွား​သော​သူ​တို့​နှင့် နောက်​မှ​လိုက်​သော​သူ​တို့​က “ဟောရှဏ္ဏ၊ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည်မင်္ဂလာရှိ ​စေ ​သတည်း ။

[10] ပေါ်ထွန်း​တော့​မည့် ငါ​တို့​အဖ​ဒါဝိဒ်​၏​နိုင်ငံ​တော်​သည် မင်္ဂလာရှိ​စေ​သတည်း။ အမြင့်ဆုံး​သော​အရပ်​၌ ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။

[11] ဤသို့ဖြင့် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​ထဲသို့​ဝင်​၍ ဗိမာန်​တော်​သို့​ကြွ​တော်မူ​၏။ အရာရာ​တို့​ကို လှည့်လည်​ကြည့်ရှု​တော်မူ​ပြီးလျှင် ညနေချမ်း​အချိန်​ရောက်​ပြီ​ဖြစ်​၍ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။

[12] နောက်တစ်နေ့​၌ ဗေသနိ​ရွာ​မှ သူ​တို့​ထွက်ခွာ​ကြ​သောအခါ ကိုယ်တော်​သည် ဆာလောင်​တော်မူ​၏။

[13] ထိုစဉ် အရွက်​များ​ဝေဆာ​နေ​သော သဖန်းပင်​တစ်​ပင်​ကို အဝေး​မှ​မြင်​၍ ထို​အပင်​၌ တစ်စုံတစ်ခု​တွေ့​လို​တွေ့​ငြား အပင်​ရှိ​ရာ​သို့​ကြွ​တော်မူ​၏။ သို့သော် ရောက်​တော်မူ​သောအခါ သဖန်းသီး​ပေါ်​ချိန်​မ​ဟုတ်​သောကြောင့် ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​တွေ့​တော်​မ​မူ​ချေ။

[14] ထိုအခါ ထို​အပင်​အား“ သင့် ထံမှ အသီး ကို ယခု မှစ၍ ကာလ အစဉ်အဆက် မည်သူမျှ မ စား ရ ပါစေ နှင့် ” ​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း​ကြား​ကြ​၏။

[15] သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​တို့​ကို​နှင်ထုတ်​ကာ ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​၏။

[16] ထို့ပြင် ဗိမာန်​တော်​ကို​ဖြတ်​၍ ကုန်​ပစ္စည်း​များ​သယ်ဆောင်​ရန် မည်သူ့​ကို​မျှ ခွင့်ပြု​တော်​မ​မူ။

[17] ကိုယ်တော်​သည် သူ​တို့​အား​သွန်သင်​လျက်“ ‘ ငါ့ အိမ် သည် လူမျိုး တကာ တို့ ၏ ဆုတောင်း ရာ အိမ် ဟူ၍ ခေါ်ဝေါ် ခြင်း ကို ခံရ လိမ့်မည် ’ ​ဟု ကျမ်းစာ ၌ ရေး ထား သည် မ ဟုတ် လော ။ သို့သော် သင် တို့ သည် ၎င်း ကို ဓားပြ တို့ ခိုအောင်း ရာ ဖြစ် စေ ကြ ပြီ တကား ” ​ဟု မိန့်​တော်မူ​၏။

[18] ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထို​အကြောင်း​ကို​ကြားသိ​သောအခါ ကိုယ်တော်​ကို သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​သောကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​ကြ​၏။

[19] မှောင်ရီပျိုးစချိန်​ရောက်လာ​သောအခါ ယေရှု​နှင့်​တပည့်​တော်​တို့​သည် မြို့​ပြင်​သို့​ထွက်​သွား​ကြ​၏။

[20] နံနက်​စောစော လမ်း​၌​ဖြတ်​သွား​ကြ​စဉ် အမြစ်​မှစ၍ ညှိုးနွမ်း​ခြောက်သွေ့​နေ​သော​သဖန်းပင်​ကို သူ​တို့​မြင်​ကြ​၏။

[21] ထိုအခါ ပေတရု​သည် သတိရ​၍ “ရဗ္ဗိ ၊ ကြည့်​ပါ။ ကိုယ်တော်​ကျိန်​တော်မူ​သော​သဖန်းပင်​သည် ညှိုးနွမ်း​ခြောက်သွေ့​ပါ​ပြီ” ​ဟု လျှောက်​လေ​၏။

[22] ယေရှု​က​လည်း“ ဘုရားသခင် ကို ယုံကြည် ကြ လော့ ။

[23] သင် တို့ အား ငါ အမှန် ဆို သည် ကား မည်သူမဆို ဤ တောင် အား ‘ ရွေ့ သွား ၍ ပင်လယ် ထဲသို့ ကျ လော့ ’ ဟု ဆို လျက် မိမိ စိတ်နှလုံး ထဲ၌ သံသယ ကင်းမဲ့ ကာ မိမိ ဆို သည့် အတိုင်း ဖြစ် မည် ဟု ယုံကြည် လျှင် ထို သူ ဆို သည့် အတိုင်း ဖြစ် လိမ့်မည် ။

[24] ထို့ကြောင့် သင် တို့ အား ငါ ဆို မည် ။ သင် တို့ ဆုတောင်း သောအခါ တောင်းလျှောက် သမျှ သော အရာ တို့ ကို ရရှိ ပြီ ဟု ယုံကြည် ကြ လော့ ။ ထိုအခါ သင် တို့ အတွက် ထို အတိုင်း ဖြစ် လိမ့်မည် ။

[25] သင် တို့ သည် မတ်တတ်ရပ် လျက် ဆုတောင်း ကြ သောအခါ တစ်ဦးတစ်ယောက် အပေါ် အပြစ်တင် စရာ တစ်စုံတစ်ခု ရှိ လျှင် ခွင့်လွှတ် ကြ လော့ ။ သို့ပြုလျှင် ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော သင် တို့ အဖ သည် လည်း သင် တို့ ကျူးလွန် သော အပြစ် များ ကို ခွင့်လွှတ် တော်မူ မည် ။

[26] [ သို့သော် သင် တို့ ခွင့် မ လွှတ် လျှင် ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော သင် တို့ အဖ သည် လည်း သင် တို့ ကျူးလွန် သော အပြစ် များ ကို ခွင့်လွှတ် တော်မူ မည် မ ဟုတ် ] ” ​ဟု မိန့်​တော်မူ​၏။

[27] ထို့နောက် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ တစ်ဖန်​ရောက်​ကြ​၏။ ကိုယ်တော်​သည် ဗိမာန်​တော်​ထဲ၌ ကြွ​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​သည် အထံ​တော်​သို့​လာ​၍

[28] “သင်​သည် ဤ​အမှုအရာ​များ​ကို မည်သည့်​အခွင့်​အာဏာ​နှင့်​ပြု​သနည်း၊ သို့မဟုတ် ဤ​သို့​ပြု​နိုင်​သော​အခွင့်​အာဏာ​ကို မည်သူ​က သင့်​အား​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။

[29] ယေရှု​က​လည်း“ ငါ သည် သင် တို့ ကို မေးခွန်း တစ် ခု မေး ဦး မည် ။ ငါ့ ကို ဖြေ ကြ လော့ ။ သို့ပြုလျှင် ဤ အရာ များ ကို မည်သည့် အခွင့် အာဏာ နှင့် ငါ ပြု ကြောင်း သင် တို့ အား ငါ ပြော မည် ။

[30] ယောဟန် ၏ ဗတ္တိဇံ သည် ကောင်းကင် မှ ဖြစ် သလော ၊ သို့မဟုတ် လူ တို့ ထံမှ ဖြစ် သလော ။ ငါ့ ကို ဖြေ ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[31] ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ပြောဆို​ကြ​ကာ “‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။

[32] ‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း​မ​ဖြစ်”​ဟု ဆို​ကြ​၏။ လူ​အပေါင်း​တို့​သည် ယောဟန်​ကို ပရောဖက်​ဖြစ်​သည်​ဟု အမှန်ပင် မှတ်ယူ​ကြ​သောကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ကြောက်​ကြ​၏။

[33] ထို့ကြောင့် သူ​တို့​က “အကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ယေရှု​အား ပြန်ဖြေ​ကြ​၏။ ထိုအခါ ယေရှု​က“ ငါ သည် လည်း ဤ အမှုအရာ များ ကို မည်သည့် အခွင့် အာဏာ နှင့် ပြု ကြောင်း သင် တို့ ကို မ ပြော ” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။

ရှင်မာကုခရစ်ဝင် — Chapters