Skip to content
Opens in a new window
Listen to this chapter • 5:53

[1] သာဒိ မြို့ ၌ ရှိ သော အသင်းတော် ၏ စေတမန် အား ဤသို့ ရေး လိုက် လော့ ။ ဘုရားသခင် ၏ ဝိညာဉ် ခုနစ် ပါး နှင့် ကြယ် ခုနစ် လုံး ရှိ သော သူ က ဤသို့ မိန့် တော်မူ ၏ ။ သင် ၏ လုပ်ဆောင် မှု များ ကို ငါ သိ ၏ ။ သင် သည် အသက်ရှင် နေ သည် ဟု နာမည် ခံ ထား သော်လည်း သေ သော သူ ဖြစ် ၏ ။

[2] သတိ နှင့် စောင့် နေ လော့ ။ သေ လုနီးပါး ဖြစ် နေ သည့် ကျန် ရှိ သော သူ တို့ ကို ခိုင်ခံ့ မြဲမြံ စေ လော့ ။ အကြောင်းမူကား သင် ၏ လုပ်ဆောင် မှု များ သည် ငါ ၏ ဘုရားသခင် ရှေ့ တော် ၌ ပြည့်စုံ သည် ဟူ၍ ငါ မ တွေ့ ရ ပေ ။

[3] ထို့ကြောင့် သင် သည် မည်သို့ ခံယူ ၍ ကြားနာ ခဲ့ သည် ကို သတိရ လျက် ထို အရာ တို့ ကို စောင့်ထိန်း လော့ ။ နောင်တရ လော့ ။ သင် သည် သတိ နှင့် စောင့် နေ ခြင်း မ ရှိ ပါက သူခိုး ကဲ့သို့ ငါ လာ မည် ​ဖြစ်၍ မည်သည့် အချိန် ၌ သင့် ထံသို့ ငါ လာ မည် ကို သင် လုံးဝ သိ လိမ့်မည် မ ဟုတ် ။

[4] သို့သော် သာဒိ မြို့ ၌ မိမိ တို့ အဝတ် ကို မ ညစ်ညူး စေ သော သူ အနည်းငယ် ရှိ ၏ ။ ထို သူ တို့ သည် ထိုက်တန် သော သူ များ ဖြစ် သောကြောင့် ဖြူ သော အဝတ် ကို ဝတ် လျက် ငါ နှင့်အတူ သွားလာ ရ ကြ လိမ့်မည် ။

[5] အောင်မြင် သော သူ သည် ထိုကဲ့သို့ ပင် ဖြူ သော ဝတ်ရုံ ကို ဝတ်ဆင် ရ လိမ့်မည် ။ ငါ သည် လည်း သူ ၏ နာမည် ကို အသက် စာစောင် မှ လုံးဝ ပယ်ဖျက် မည် မ ဟုတ် ။ ငါ သည် သူ ၏ နာမည် ကို ငါ့ ခမည်းတော် ရှေ့ ၌ လည်းကောင်း ၊ ကိုယ်တော် ၏ ကောင်းကင် တမန် များ ရှေ့ ၌ လည်းကောင်း ဝန်ခံ မည် ။

[6] ဝိညာဉ် တော် က အသင်းတော် များ အား မိန့် တော်မူ သော အရာ ကို နား ရှိ သော သူ သည် ကြား ပါစေ ။

[7] ဖိလဒေလဖိ မြို့ ၌ ရှိ သော အသင်းတော် ၏ စေတမန် အား ဤသို့ ရေး လိုက် လော့ ။ သန့်ရှင်း သော သူ ၊ ဖြောင့်မှန် သော သူ ၊ ဒါဝိဒ် ၏ သော့ ကို ကိုင် ထား သော သူ ၊ မည်သူမျှ မ ပိတ် နိုင် အောင် ဖွင့် သော သူ ၊ မည်သူမျှ မ ဖွင့် နိုင် အောင် ပိတ် သော သူ က ဤသို့ မိန့် တော်မူ ၏ ။

[8] သင် ၏ လုပ်ဆောင် မှု များ ကို ငါ သိ ၏ ။ ကြည့်ရှု လော့ ။ မည်သူမျှ မ ပိတ် နိုင် သော တံခါး ကို သင် ၏ ရှေ့ ၌ ငါ ဖွင့် ထား ပြီ ။ အကြောင်းမူကား သင် သည် ခွန်အား အနည်းငယ် သာ ရှိ သော်လည်း ငါ ၏ နှုတ်ကပတ်တရား ကို လိုက်နာ စောင့်ထိန်း ၍ ငါ ၏ နာမ ကို မ ငြင်းပယ် ခဲ့ ချေ ။

[9] ကြည့်ရှု လော့ ။ မိမိတို့ကိုယ်ကို ဂျူး လူမျိုး ဖြစ် သည် ဟု ဆို ကြ သော်လည်း ဂျူး လူမျိုး မ ဟုတ် ဘဲ စာတန် ၏ အသင်းဝင် များ ​ဖြစ် ကြ သည့် လိမ်လည် ပြောဆို သော သူ တို့ ကို သင် ၏ ခြေရင်း ၌ လာ ၍ ရှိခိုး စေ ကာ ငါ သည် သင် တို့ ကို ချစ် ကြောင်း သူ တို့ အား သိ စေ မည် ။

[10] သင် သည် သည်းခံ ခြင်း နှင့်ဆိုင်သော ငါ ၏ နှုတ်ကပတ်တရား ကို လိုက်နာ စောင့်ထိန်း သောကြောင့် ကမ္ဘာ မြေကြီး ပေါ်၌ နေထိုင် ကြ သော သူ တို့ ကို စမ်းသပ် စစ်ဆေး ရန် အတွက် ကမ္ဘာ တစ်ခုလုံး အပေါ်သို့ သက်ရောက် လာ တော့မည့် စမ်းသပ် စစ်ဆေး ရာ ကာလ တွင် ငါ သည် လည်း သင့် ကို စောင့်ရှောက် မည် ။

[11] ငါ သည် အလျင်အမြန် လာ မည် ။ သင် ၏ သရဖူ ကို မည်သူမျှ မ လုယူ စေရန် သင် ၌ ရှိ သော အရာ ကို စွဲကိုင် ထား လော့ ။

[12] ငါ သည် အောင်မြင် သော သူ အား ငါ့ ဘုရားသခင် ၏ ဗိမာန် တော် ၌ တိုင် ဖြစ် စေ မည် ။ သူ သည် မည်သည့် အခါ မျှ အပြင် သို့ ထွက်ခွာ သွား ရ တော့ မည် မ ဟုတ် ။ ငါ သည် ငါ့ ဘုရားသခင် ၏ နာမ တော် ကို လည်းကောင်း ၊ ငါ့ ဘုရားသခင် ၏ မြို့ တော် တည်းဟူသော ဘုရားသခင် အထံ တော် ကောင်းကင် မှ ဆင်းသက် လာ သည့် ဂျေရုဆလင် မြို့ သစ် ​၏ နာမ ကို လည်းကောင်း ၊ ငါ ၏ နာမ အသစ် ကို လည်းကောင်း သူ့ အပေါ်၌ ရေး ထား မည် ။

[13] ဝိညာဉ် တော် က အသင်းတော် များ အား မိန့် တော်မူ သော အရာ ကို နား ရှိ သော သူ သည် ကြား ပါစေ ။

[14] လောဒိကိ မြို့ ၌ ရှိ သော အသင်းတော် ၏ စေတမန် အား ဤသို့ ရေး လိုက် လော့ ။ အာမင် ​ဖြစ် သော သူ ၊ သစ္စာ ရှိ သည့် ဖြောင့်မှန် သော သက်သေ ၊ ဘုရားသခင် ၏ ဖန်ဆင်း တော်မူ ခြင်း တွင် အစအဦး ဖြစ် သော သူ ​က ဤသို့ မိန့် တော်မူ ၏ ။

[15] သင် ၏ လုပ်ဆောင် မှု များ ကို ငါ သိ ၏ ။ သင် သည် အအေး လည်း မ ဟုတ် ၊ အပူ လည်း မ ဟုတ် ။ ငါ သည် သင့် အား အအေး ၊ သို့မဟုတ် အပူ တစ်ခုခု ဖြစ် စေ လို ၏ ။

[16] သင် သည် ဤသို့ အပူ လည်း မ ဟုတ် ၊ အအေး လည်း မ ဟုတ် ၊ မ ပူ မ အေး ဖြစ် နေ သောကြောင့် သင့် ကို ငါ့ ခံတွင်း ထဲမှ ထွေးထုတ် တော့မည် ။

[17] သင် က ‘ ငါ သည် ချမ်းသာ ၍ ကြွယ်ဝ သောကြောင့် မည်သည့် လိုအပ် ချက် မျှ မ ရှိ ’​ဟု ဆို နေ ၏ ။ သို့သော် သင် သည် အလွန် စိတ်ပျက် ဖွယ် ကောင်း သော သူ ၊ သနား စရာ ကောင်း သော သူ ၊ ဆင်းရဲ သော သူ ၊ မျက်စိ မ မြင် သော သူ နှင့် အဝတ်မပါ အချည်းစည်း ဖြစ် သော သူ ဖြစ် ကြောင်း ကို သင် မ သိ ။

[18] သင် သည် ချမ်းသာ လာ စေရန် မီး ဖြင့် ချွတ် ၍ သန့်စင် ထား သော ရွှေ ကို လည်းကောင်း ၊ သင် ၏ အဝတ် အချည်းစည်း ဖြစ် ခြင်း အရှက် ကို မ ပေါ် စေရန် သင် ဝတ် ဖို့ ဖြူ သော ဝတ်ရုံ ကို လည်းကောင်း ၊ သင် ၏ မျက်စိ ပြန် မြင် စေရန် မျက်စိ ခတ် ဖို့ မျက်စဉ်း ကို လည်းကောင်း ငါ့ ထံမှ ဝယ်ယူ ရန် သင့် အား ငါ အကြံပေး ၏ ။

[19] ငါ သည် ငါ ချစ် သမျှ သော သူ တို့ ၏ အပြစ် ကို ဖော်ပြ ၍ ဆုံးမ ပဲ့ပြင် တတ် ၏ ။ ထို့ကြောင့် စိတ်အားထက်သန် ခြင်း ရှိ ၍ နောင်တရ လော့ ။

[20] ကြည့်ရှု လော့ ။ ငါ သည် တံခါး ရှေ့မှာ ရပ် ၍ ခေါက် လျက် နေ ၏ ။ မည်သူ မဆို ငါ့ အသံ ကို ကြား ၍ တံခါး ကို ဖွင့် လျှင် ထို သူ ရှိ ရာ သို့ ငါ ဝင် ပြီး သူ နှင့်အတူ စားသောက် မည် ။ သူ သည် လည်း ငါ နှင့်အတူ စားသောက် ရ လိမ့်မည် ။

[21] ငါ သည် အောင်မြင် ၍ ငါ့ ခမည်းတော် နှင့်အတူ ခမည်းတော် ၏ ပလ္လင် ပေါ်တွင် ထိုင် ရ သကဲ့သို့ အောင်မြင် သော သူ အား ငါ ၏ ပလ္လင် ပေါ်တွင် ငါ နှင့်အတူ ထိုင် ရ သော အခွင့် ကို ငါ ပေး မည် ။

[22] ဝိညာဉ် တော် က အသင်းတော် များ အား မိန့် တော်မူ သော အရာ ကို နား ရှိ သော သူ သည် ကြား ပါစေ ” ​ဟု မိန့်​တော်မူ​၏​။

ဗျာဒိတ်ကျမ်း — Chapters