[1] ဧဖက် မြို့ ၌ ရှိ သော အသင်းတော် ၏ စေတမန် အား ဤသို့ ရေး လိုက် လော့ ။ မိမိ လက်ယာ လက် တွင် ကြယ် ခုနစ် လုံး ကို ကိုင် ထား သော သူ ၊ ရွှေ ဆီမီးခုံ ခုနစ် ခု အလယ် ၌ သွားလာ သော သူ က ဤသို့ မိန့် တော်မူ ၏ ။
[2] သင် ၏ လုပ်ဆောင် မှု များ မှစ၍ သင် ၏ ကြိုးပမ်း အားထုတ် မှု နှင့် သည်းခံ မှု တို့ ကို ငါ သိ ၏ ။ သင် သည် ဆိုးယုတ် သော သူ တို့ ကို လက် မ ခံ နိုင် ကြောင်း နှင့် မိမိတို့ကိုယ်ကို တမန်တော် ဟု ခေါ်ဆို ကြ သော်လည်း တမန်တော် မ ဟုတ် သော သူ တို့ ကို စမ်းသပ် စစ်ဆေး ၍ သူ တို့ သည် လိမ်လည် သော သူ များ ဖြစ် ကြ သည် ဟု သင် တွေ့ရှိ ကြောင်း ကို လည်း ငါ သိ ၏ ။
[3] သင် သည် သည်းခံ ခြင်း ရှိ လျက် ငါ ၏ နာမ အတွက် အပင်ပန်း ခံ ၍ အားလျော့ ခြင်း မ ရှိ ခဲ့ ချေ ။
[4] သို့သော် သင့် အား ငါ အပြစ် ဆို စရာ ရှိ ၏ ။ အကြောင်းမှာ သင် သည် မိမိ ၏ ကနဦး မေတ္တာ ကို စွန့်ခွာ ခဲ့ ပြီ ။
[5] ထို့ကြောင့် သင် သည် မည်သည့် နေရာ မှ ကျဆင်း ခဲ့ သည် ကို သတိရ လျက် နောင်တရ ကာ ပထမ ပြု သော အမှု များ ကို ပြု လော့ ။ ထိုသို့ မ ပြု ဘဲ နောင်တ လည်း မ ရ ပါက သင့် ထံသို့ ငါ လာ ၍ သင် ၏ ဆီမီးခုံ ကို သူ့ နေရာ မှ ရွှေ့ လိုက် မည် ။
[6] သို့ရာတွင် ဤ တစ်ချက် ကား သင် ၌ ရှိ ၏ ။ ငါ မုန်း သော နိကောလ ဂိုဏ်းဝင် များ ၏ လုပ်ဆောင် မှု တို့ ကို သင် လည်း မုန်း ၏ ။
[7] ဝိညာဉ် တော် က အသင်းတော် များ အား မိန့် တော်မူ သော အရာ ကို နား ရှိ သော သူ သည် ကြား ပါစေ ။ အောင်မြင် သော သူ အား ဘုရားသခင် ၏ ပရဒိသု ဘုံ ၌ ရှိ သော အသက် ပင် ၏ အသီး ကို ငါ စား ခွင့် ပေး မည် ။
[8] စမုရန မြို့ ၌ ရှိ သော အသင်းတော် ၏ စေတမန် အား ဤသို့ ရေး လိုက် လော့ ။ အဦးဆုံး နှင့် နောက်ဆုံး ဖြစ် သူ ၊ သေ ခဲ့ သော်လည်း ပြန်၍ အသက်ရှင် သော သူ က ဤသို့ မိန့် တော်မူ ၏ ။
[9] သင် ၏ ဒုက္ခ ဝေဒနာ နှင့် ဆင်းရဲ ခြင်း တို့ ကို ငါ သိ ၏ ။ အမှန်မှာ သင် သည် ချမ်းသာ ၏ ။ မိမိတို့ကိုယ်ကို ဂျူး လူမျိုး ဖြစ် သည် ဟု ဆို ကြ သော်လည်း ဂျူး လူမျိုး မ ဟုတ် ဘဲ စာတန် ၏ အသင်းဝင် များ ဖြစ် ကြ သော သူ တို့ ထံမှ သင် ခံရ သော စော်ကား ပြောဆို ခြင်း ကို လည်း ငါ သိ ၏ ။
[10] သင် ခံစား ရ တော့မည့် ဒုက္ခ ဝေဒနာ များ ကို မ ကြောက် နှင့် ။ ကြည့်ရှု လော့ ။ သင် သည် စမ်းသပ် စစ်ဆေး ခြင်း ကို ခံရ မည့် အကြောင်း မာရ်နတ် သည် သင် တို့ အထဲမှ အချို့ တို့ ကို ထောင် ထဲ၌ ထည့် ထား တော့မည် ။ သင် တို့ သည် ဆယ် ရက် ပတ်လုံး ဆင်းရဲ ဒုက္ခ ကို ခံ ကြ ရ လိမ့်မည် ။ အသေခံ ရ သည့် တိုင်အောင် သစ္စာ စောင့် လော့ ။ သို့ပြုလျှင် အသက် သရဖူ ကို သင့် အား ငါ ပေး မည် ။
[11] ဝိညာဉ် တော် က အသင်းတော် များ အား မိန့် တော်မူ သော အရာ ကို နား ရှိ သော သူ သည် ကြား ပါစေ ။ အောင်မြင် သော သူ အပေါ် ဒုတိယ သေ ခြင်း နှင့်ဆိုင်သော ဘေးအန္တရာယ် သည် မည်သည့် အခါ မျှ သင့်ရောက် လိမ့်မည် မ ဟုတ် ။
[12] ပေရဂံ မြို့ ၌ ရှိ သော အသင်းတော် ၏ စေတမန် အား ဤသို့ ရေး လိုက် လော့ ။ အသွား နှစ်ဖက် ပါ သည့် ထက် သော သန်လျက် ရှိ သော သူ က ဤသို့ မိန့် တော်မူ ၏ ။
[13] သင် သည် မည်သည့် အရပ် ၌ နေထိုင် သည် ကို ငါ သိ ၏ ။ ထို အရပ် ၌ စာတန် ၏ ပလ္လင် ရှိ ၏ ။ ငါ ၌ သစ္စာ ရှိ သော ငါ ၏ သက်သေ အန္တိပ သည် စာတန် နေထိုင် ရာ အရပ် ဖြစ် သော သင် တို့ ထံ၌ အသတ် ခံရ သည့် အချိန် ၌ ပင် သင် သည် ငါ ၏ နာမ ကို စွဲကိုင် လျက် ငါ့ အပေါ် ထား သော ယုံကြည် ခြင်း ကို မ စွန့်ပယ် ခဲ့ ချေ ။
[14] သို့သော် သင့် အား ငါ အပြစ် ဆို စရာ အနည်းငယ် ရှိ ၏ ။ အကြောင်းမူကား သင့် ထံ ၌ ဗာလမ် ၏ အယူဝါဒ ကို ခံယူ ကျင့်သုံး သော သူ များ ရှိ ၏ ။ အစ္စရေး အမျိုးသား တို့ သည် ရုပ်တု အား ပူဇော် ထား သော အရာ များ ကို စား ကြ ရန် လည်းကောင်း ၊ တရားနှင့်မညီ မေထုန် ပြု ကြ ရန် လည်းကောင်း သူ တို့ ရှေ့ ၌ မှားယွင်း စေ သော အရာ ကို ချထား မည့် အကြောင်း ဗာလမ် သည် ဗာလက် မင်း အား သင်ပေး ၏ ။
[15] ထိုနည်းတူ သင် တို့ ၌ နိကောလ ဂိုဏ်းဝင် များ ၏ အယူဝါဒ ကို ခံယူ ကျင့်သုံး သော သူ များ လည်း ရှိ ကြ ၏ ။
[16] ထို့ကြောင့် နောင်တရ လော့ ။ သို့မဟုတ်လျှင် ငါ သည် သင့် ထံသို့ အလျင်အမြန် လာ ၍ ငါ့ ခံတွင်း မှ သန်လျက် ဖြင့် သူ တို့ ကို တိုက်ခိုက် မည် ။
[17] ဝိညာဉ် တော် က အသင်းတော် များ အား မိန့် တော်မူ သော အရာ ကို နား ရှိ သော သူ သည် ကြား ပါစေ ။ အောင်မြင် သော သူ အား ဝှက် ထား သော မန္န ကို ငါ ပေး မည် ။ ဖြူ သော ကျောက် ကို လည်း ငါ ပေး မည် ။ ထို ကျောက် ပေါ်၌ ၎င်း ကို ခံယူ ရရှိ သူ မှတစ်ပါး မည်သူမျှ မ သိ သော နာမည် အသစ် ကို ရေး ထား ၏ ။
[18] သွာတိရ မြို့ ၌ ရှိ သော အသင်းတော် ၏ စေတမန် အား ဤသို့ ရေး လိုက် လော့ ။ မီးလျှံ ကဲ့သို့သော မျက်စိ နှင့် တောက်ပ သော ကြေးဝါ နှင့် တူ သော ခြေ ရှိ သည့် ဘုရားသခင် ၏ သား တော် က ဤသို့ မိန့် တော်မူ ၏ ။
[19] သင် ၏ လုပ်ဆောင် မှု များ မှစ၍ သင် ၏ ချစ် ခြင်း ၊ ယုံကြည် ခြင်း ၊ အမှု တော် ဆောင် ခြင်း နှင့် သည်းခံ ခြင်း တို့ ကို ငါ သိ ၏ ။ သင် ၏ နောက်ပိုင်း လုပ်ဆောင် မှု များ သည် ကနဦး လုပ်ဆောင် မှု များ ထက် သာလွန် ကြောင်း ကို လည်း ငါ သိ ၏ ။
[20] သို့သော် သင့် အား ငါ အပြစ် ဆို စရာ ရှိ ၏ ။ အကြောင်းမှာ သင် သည် မိမိကိုယ်ကို ပရောဖက်မ ဟု ခေါ် သော ထို မိန်းမ ယေဇဗေလ ကို ပြု လို ရာ ပြု ခွင့်ပေး ထား သဖြင့် သူ သည် ငါ ၏ အစေအပါး တို့ အား တရားနှင့်မညီ မေထုန် ပြု ကြ ရန် နှင့် ရုပ်တု အား ပူဇော် ထား သော အရာ များ ကို စား ကြ ရန် သွန်သင် လျက် သူ တို့ ကို လှည့်ဖြား နေ ၏ ။
[21] ငါ သည် သူ့ အား နောင်တရ ရန် အချိန် ပေး ခဲ့ သော်လည်း သူ သည် မိမိ ၏ တရားနှင့်မညီ မေထုန်ပြု ခြင်း အတွက် နောင်တရ လို သော စိတ် မ ရှိ ။
[22] ကြည့်ရှု လော့ ။ ငါ သည် သူ့ ကို အိပ်ရာ ပေါ်တွင် လဲ စေ မည် ။ သူ နှင့် အိမ်ထောင်ရေး ဖောက်ပြန် မှု ကျူးလွန် သော သူ တို့ ကို လည်း မိမိ ပြု သော အမှု များ အတွက် နောင်တ မ ရ ပါက ကြီးစွာ သော ဆင်းရဲ ဒုက္ခ သို့ ရောက် စေ မည် ။
[23] သူ ၏ သားသမီး တို့ ကို လည်း သေ ဘေး ဖြင့် ငါ အဆုံး စီရင် မည် ။ ထိုအခါ ငါ သည် စိတ်နှလုံး နှင့် အတွင်း သဘော ကို စူးစမ်း သော သူ ဖြစ် ကြောင်း အသင်းတော် အားလုံး သိ ရ ကြ လိမ့်မည် ။ သင် တို့ အသီးသီး ကို လည်း မိမိ တို့ ပြု သော အမှု များ နှင့်အညီ အကျိုး အပြစ် ကို ငါ ပေး မည် ။
[24] သို့သော် ထို မိန်းမ ၏ အယူဝါဒ ကို မ ခံယူ ၊ စာတန် ၏ နက်နဲ သော အရာ ဟု သူ တို့ ခေါ်ဝေါ် သော အရာ များ ကို မ သိ သော သွာတိရ မြို့ မှ ကျန်ရှိ သူ အပေါင်း တို့ အား ငါ ဆို သည် ကား သင် တို့ အပေါ်၌ အခြား သော ဝန်ထုပ်ဝန်ပိုး ကို ငါ မ တင် ။
[25] သင် တို့ ၌ ရှိ သော အရာ ကို သာ ငါ ကြွလာ သည့် တိုင်အောင် စွဲကိုင် ထား ကြ လော့ ။
[26] အောင်မြင် သော သူ နှင့် ငါ ၏ အမှု ကို အဆုံး တိုင်အောင် စောင့်ထိန်း သော သူ အား လူမျိုး တကာ တို့ ကို အုပ်စိုး ရ သော အခွင့် ကို ငါ ပေး မည် ။
[27] သူ သည် မြေ အိုး များ ကို ကြေမွ စေ သကဲ့သို့ သံ လှံတံ ဖြင့် သူ တို့ ကို အုပ်ထိန်း လိမ့်မည် ။ ဤသည်ကား ငါ ကိုယ်တိုင် ငါ့ ခမည်းတော် ထံမှ ရရှိ သော အုပ်စိုး ခွင့် နှင့်တူ ၏ ။
[28] ငါ သည် မိုးသောက် ကြယ် ကို လည်း ထို သူ အား ပေး မည် ။
[29] ဝိညာဉ် တော် က အသင်းတော် များ အား မိန့် တော်မူ သော အရာ ကို နား ရှိ သော သူ သည် ကြား ပါစေ ။