[1] ထို့နောက် ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ကြည်လင်တောက်ပသော အသက်ရေစီးရာမြစ်ကို ငါ့အားပြလေ၏။ ထိုမြစ်သည် ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်မှ ထွက်၍
[2] မြို့၏လမ်းမအလယ်တစ်လျှောက် စီးဆင်းနေ၏။ မြစ်၏တစ်ဖက်တစ်ချက်စီ၌ကား အသီးတစ်ဆယ့်နှစ်မျိုးသီး၍ မိမိအသီးကို လစဉ်ပေးတတ်သည့်အသက်ပင်ရှိ၏။ ထိုအပင်မှ အရွက်များသည်လည်း လူမျိုးတကာတို့၏ကျန်းမာခြင်းအတွက်ဖြစ်၏။
[3] ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်သည် ထိုမြို့တွင်ရှိ၍ ကိုယ်တော်၏အစေအပါးတို့သည် ကိုယ်တော်ကိုဝတ်ပြုကြလိမ့်မည်။
[4] သူတို့သည် ကိုယ်တော်၏မျက်နှာကိုဖူးမြင်ရကြလိမ့်မည်။ ကိုယ်တော်၏နာမတော်သည်လည်း သူတို့၏နဖူးပေါ်၌ရှိလိမ့်မည်။
[5] ညသည် ရှိတော့မည်မဟုတ်။ ထာဝရအရှင်ဘုရားသခင်သည် သူတို့အပေါ်ထွန်းလင်းတော်မူသည်ဖြစ်၍ ဆီမီး၏အလင်းနှင့်နေ၏အလင်းတို့ မလိုအပ်တော့ပေ။ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံကြလိမ့်မည်။
[6] ထို့နောက် ကောင်းကင်တမန်က “ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏။ ပရောဖက်တို့၏ဝိညာဉ်များကိုပိုင်သတော်မူသော ထာဝရအရှင်ဘုရားသခင်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိအစေအပါးတို့အားပြသရန် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏”ဟု မြွက်ဆိုလေ၏။
[7] “ ကြည့်ရှု လော့ ။ ငါ သည် အလျင်အမြန် လာ မည် ။ ဤ စာစောင် ထဲမှ ပရောဖက်ပြု ဟောပြော သော စကား တို့ ကို လိုက်နာ စောင့်ထိန်း သော သူ သည် မင်္ဂလာရှိ ၏ ။ ”
[8] ငါယောဟန်သည် ဤအကြောင်းအရာများကို မြင်ရကြားရသောသူဖြစ်၏။ ငါသည် မြင်ရကြားရသောအခါ ၎င်းတို့ကို ငါ့အားပြသသော ကောင်းကင်တမန်ကိုရှိခိုးရန် သူ၏ခြေရင်း၌ ပျပ်ဝပ်လေသော်
[9] သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ သင့်ညီအစ်ကိုများဖြစ်ကြသည့် ပရောဖက်များနှင့် ဤစာစောင်၌ပါသောစကားတို့ကို လိုက်နာစောင့်ထိန်းသောသူများ၏အစေအပါးချင်းဖြစ်၏။ ဘုရားသခင်ကိုရှိခိုးလော့”ဟု ဆို၏။
[10] တစ်ဖန် သူက “ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို ချိပ်ပိတ်မထားနှင့်။ အကြောင်းမူကား အချိန်နီးကပ်လာလေပြီ။
[11] မတရားသဖြင့်ပြုသောသူသည် ဆက်၍မတရားသဖြင့်ပြုပါစေ။ ညစ်ညူးသောသူသည် ဆက်၍ညစ်ညူးလျက်နေပါစေ။ ဖြောင့်မတ်သောသူသည် ဆက်၍ဖြောင့်မတ်သောအမှုကိုပြုပါစေ။ သန့်ရှင်းသောသူသည် ဆက်၍သန့်ရှင်းခြင်းရှိပါစေ”ဟု ငါ့အားဆို၏။
[12] “ ကြည့်ရှု လော့ ။ ငါ သည် အလျင်အမြန် လာ မည် ။ ငါ ပေး မည့် အကျိုး အပြစ် ကို ယူဆောင် လာ ၍ လူ အသီးသီး တို့ အား မိမိ တို့ ပြု သော အမှု အတိုင်း ငါ ပေးဆပ် မည် ။
[13] ငါ သည် အာလဖာ နှင့် အိုမီဂါ ဖြစ် ၏ ။ အဦးဆုံး နှင့် နောက်ဆုံး ဖြစ် ၏ ။ အစ နှင့် အဆုံး ဖြစ် ၏ ။
[14] မိမိ တို့ ၏ ဝတ်လုံ များ ကို လျှော်ဖွပ် ၍ အသက် ပင် နှင့် သက်ဆိုင် ရ သော အခွင့် ကို ရရှိ ကာ တံခါး များ မှ မြို့ ထဲသို့ ဝင် ခွင့် ကို ရရှိ သော သူ တို့ သည် မင်္ဂလာရှိ ကြ ၏ ။
[15] အပြင် ၌ ကား ခွေး များ ၊ ပြုစား သော သူ များ ၊ တရားနှင့်မညီ မေထုန်ပြု သူ များ ၊ လူသတ်သူ များ ၊ ရုပ်တု ကိုးကွယ် သူ များ နှင့် မုသား ကို နှစ်သက် ၍ ကျင့်သုံး သော သူ အပေါင်း တို့ ရှိ ကြ ၏ ။
[16] ငါ ယေရှု သည် အသင်းတော် များ အတွက် ဤ အကြောင်းအရာ များ ကို သင် တို့ အား သက်သေခံ ရန် ငါ ၏ ကောင်းကင် တမန် ကို စေလွှတ် လိုက် ၏ ။ ငါ သည် ဒါဝိဒ် ၏ အမြစ် နှင့် အမျိုးအနွယ် ဖြစ် ပြီး တောက်ပ သော မိုးသောက် ကြယ် ဖြစ် ၏ ။ ”
[17] ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။
[18] ဤစာစောင်၌ပါသည့် ပရောဖက်ပြုဟောပြောသောစကားတို့ကို ကြားရသူတိုင်းအား ငါသက်သေခံသည်ကား မည်သူမဆို ၎င်းတို့အပေါ် ထပ်မံဖြည့်စွက်လျှင် ဘုရားသခင်သည် ဤစာစောင်၌ရေးထားသောဘေးဒဏ်များကို ထိုသူအပေါ်၌ သက်ရောက်စေတော်မူလိမ့်မည်။
[19] မည်သူမဆို ဤပရောဖက်ပြုဟောပြောသောစာစောင်ထဲမှ စကားလုံးများကိုနုတ်ပယ်လျှင် ဤစာစောင်၌ရေးထားသောအသက်ပင်မှလည်းကောင်း၊ သန့်ရှင်းသောမြို့တော်မှလည်းကောင်း ထိုသူရမည့်ဝေစုကို ဘုရားသခင်သည်နုတ်ပယ်တော်မူလိမ့်မည်။
[20] ဤအကြောင်းအရာများကို သက်သေခံသောအရှင်က“ မှန် ပေ ၏ ။ ငါ သည် အလျင်အမြန် လာ မည် ” ဟု မိန့်တော်မူ၏။ အာမင် ။ သခင်ယေရှု၊ ကြွလာတော်မူပါ။
[21] သခင်ယေရှု ၏ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့နှင့်အတူရှိပါစေသော။ အာမင်။