Skip to content
Opens in a new window
Listen to this chapter • 5:51

[1] ဤသည်ကား ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​ဖြစ်​၏။ ဤ​ဗျာဒိတ်​တော်​သည် မကြာမီ​အတွင်း​ဖြစ်ပျက်​ရ​မည့်​အရာ​များ​ကို မိမိ​၏​အစေအပါး​တို့​အား​ပြသ​ရန် ခရစ်တော်​၌ ဘုရားသခင်​ပေးအပ်​တော်မူ​သော​အရာ​ဖြစ်​၏။ ခရစ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​၍ မိမိ​အစေအပါး​ယောဟန်​အား ဤ​ဗျာဒိတ်​တော်​အရိပ်အယောင်​ကို ဖော်ပြ​တော်မူ​၏။

[2] ယောဟန်​သည်​လည်း သူ​တွေ့မြင်​သမျှ​သော ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​ခရစ်တော်​နှင့်​ဆိုင်သည့် သက်သေခံ​ချက်​တို့​ကို သက်သေခံ​လေ​၏။

[3] အချိန်​နီးကပ်​ပြီ​ဖြစ်၍ ဤ​ပရောဖက်ပြု​ဟောပြော​သော​စကား​ကို ဖတ်ကြား​သော​သူ​နှင့် ဤ​စကား​ကို​ကြားနာ​၍ ၎င်း​တွင်​ရေး​ထား​သော​အရာ​များ​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။

[4] ငါ​ယောဟန်​သည် အာရှ​ပြည်​ရှိ အသင်းတော်​ခုနစ်​ပါး​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့်​အရှင် ​ထံမှ​လည်းကောင်း၊ ပလ္လင်​တော်​ရှေ့​၌​ရှိ​သော ဝိညာဉ်​ခုနစ်​ပါး​ထံမှ​လည်းကောင်း၊

[5] သစ္စာ​ရှိ​သော​သက်သေ၊ သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ၊ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​ကို​အုပ်ချုပ်​သူ ဖြစ်တော်မူ​သော ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေ​သော။ ငါ​တို့​ကို​ချစ်​တော်မူ​၍ မိမိ​၏​သွေး​တော်​အားဖြင့် ငါ​တို့​အပြစ်​များ​မှ ငါ​တို့​ကို​ဖြေလွှတ် ​ကာ

[6] ငါ​တို့​အား နိုင်ငံ​တော် ​ဖြစ်​စေ​လျက် မိမိ​ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သော ​အရှင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​အသရေ​နှင့်​တန်ခိုး​အရှိန်အဝါ​ရှိ​ပါစေသော။ အာမင် ။

[7] ကြည့်ရှု​လော့။ ကိုယ်တော်​သည် မိုးတိမ်​များ​ဖြင့်​ကြွလာ​တော်မူ​၏။ ထိုအခါ ကိုယ်တော်​ကို​ထိုးဖောက်​ခဲ့​သူ​တို့​မှစ၍ လူ​အပေါင်း​တို့​သည် မိမိ​တို့​မျက်စိ​ဖြင့် ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​နွယ်စု​အားလုံး​သည် ကိုယ်တော်​ကြောင့် ရင်ဘတ်​စည်တီး​လျက်​မြည်တမ်း​ကြ​လိမ့်မည်။ မှန်​ပေ​၏။ အာမင် ။

[8] ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင် ​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။

[9] ယေရှု ​၌​ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ နိုင်ငံ​တော်​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​ကို​လည်းကောင်း သင်​တို့​နှင့်အတူ မျှဝေ​ခံစား​သူ​ဖြစ်​သော သင်​တို့​၏​ညီအစ်ကို ငါ​ယောဟန်​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု ​နှင့်ဆိုင်သော​သက်သေခံ​ချက်​တို့​ကြောင့် ပတ်မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။

[10] သခင်​ဘုရား​၏​နေ့​တွင် ငါ​သည် ဝိညာဉ်​တော်​၌​ရှိ​စဉ် တံပိုးခရာသံ​ကဲ့သို့ ကျယ်လောင်​သော​အသံ​ကို ငါ့​နောက်၌​ကြား​ရ​၏။

[11] ထို​အသံ​က“ သင် မြင် ရ သော အရာ ကို စာစောင် တွင် ရေးသား ၍ ဧဖက် မြို့ ၊ စမုရန မြို့ ၊ ပေရဂံ မြို့ ၊ သွာတိရ မြို့ ၊ သာဒိ မြို့ ၊ ဖိလဒေလဖိ မြို့ နှင့် လောဒိကိ မြို့ တို့ ၌ ရှိ သော အသင်းတော် ခုနစ် ပါး ထံသို့ ပေးပို့ လော့ ” ​ဟု ဆို​၏။

[12] ထိုအခါ ငါ​သည် ငါ့​အား​မြွက်ဆို​သော​အသံ​ပိုင်ရှင်​ကို​တွေ့မြင်​ရန် လှည့်ကြည့်​လိုက်​၏။ ထိုသို့​လှည့်ကြည့်​လိုက်​ရာ ရွှေ​ဆီမီးခုံ​ခုနစ်​ခု​နှင့်

[13] ထို​ဆီမီးခုံ​များ ​အလယ်​၌ ခြေဖျား​တိုင်အောင်​ရောက်​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​လျက် ရင်ဘတ်​၌ ရွှေ​ရင်စည်း​ကို​စည်း​ထား​သည့် လူ့သား​နှင့်​တူ​သော​သူ​တစ်​ဦး​ကို ငါ​မြင်​ရ​၏။

[14] ထို​သူ​၏​ဦးခေါင်း​နှင့်​ဆံပင်​တို့​သည် ဖြူ​သော​သိုးမွေး​ကဲ့သို့​လည်းကောင်း၊ နှင်းပွင့်​ကဲ့သို့​လည်းကောင်း ဖြူ​၍ သူ​၏​မျက်စိ​တို့​သည် မီးလျှံ​ကဲ့သို့​ဖြစ်​ကြ​၏။

[15] သူ​၏​ခြေ​တို့​သည် မီးပြင်းဖို​တွင်​ချွတ်​၍​သန့်စင်​ထား​သည့် တောက်ပ​သော​ကြေးဝါ​နှင့်​တူ​၍ သူ​၏​အသံ​သည် များစွာ​သော​ရေ​ဟုန်​၏​အသံ​ကဲ့သို့​ဖြစ်​၏။

[16] သူ​၏​လက်ယာ​လက်​တွင် ကြယ်​ခုနစ်​လုံး​ရှိ​၍ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ ထွက်​နေ​၏။ သူ​၏​မျက်နှာ​သည် မိမိ​အရှိန်အဝါ​ဖြင့် ထွန်းလင်း​နေ​သော​နေ​ကဲ့သို့​ဖြစ်​၏။

[17] ငါ​သည် ထို​သူ​ကို​မြင်​ရ​သောအခါ သူ​၏​ခြေရင်း​၌​လဲကျ​၍ လူသေ​ကဲ့သို့​ဖြစ်​၏။ ထိုအခါ သူ​သည် ငါ့​အပေါ်၌ သူ​၏​လက်ယာ​လက်​ကို​တင်​လျက်“ မ ကြောက် နှင့် ။ ငါ သည် အဦးဆုံး နှင့် နောက်ဆုံး ဖြစ် ၏ ။

[18] အသက်ရှင် သော သူ လည်း ဖြစ် ၏ ။ ငါ သည် သေ ခဲ့ ၏ ။ သို့သော် ကြည့်ရှု လော့ ။ ငါ သည် ကမ္ဘာ အဆက်ဆက် အသက်ရှင် လျက် ရှိ ၏ ။ သေ ခြင်း နှင့် မရဏာ နိုင်ငံ တို့ ၏ သော့ များ ကို လည်း ငါ ကိုင် ထား ၏ ။

[19] ထို့ကြောင့် သင် မြင် ခဲ့ ရ သော အရာ များ ၊ ယခု ဖြစ် နေ သော အရာ များ နှင့် နောင်တွင် ဖြစ်ပျက် တော့ မည့် အရာ များ ကို ရေး ထား လော့ ။

[20] ငါ ၏ လက်ယာ လက် တွင် သင် မြင် ရ သော ကြယ် ခုနစ် လုံး နှင့် ရွှေ ဆီမီးခုံ ခုနစ် ခု တို့ ၏ လျှို့ဝှက် နက်နဲ သော အဓိပ္ပာယ် မှာ ကြယ် ခုနစ် လုံး သည် အသင်းတော် ခုနစ် ပါး ၏ စေတမန် များ ဖြစ် ကြ ပြီး ဆီမီးခုံ ခုနစ် ခု သည် အသင်းတော် ခုနစ် ပါး ဖြစ် ကြ ၏ ။

ဗျာဒိတ်ကျမ်း — Chapters