Skip to content
Opens in a new window
Listen to this chapter • 10:20

[1] ထိုဒေသနာတော်ကို ယေရှုသည် ပရိတ်သတ်တို့အား အကုန်အစင်ဟောတော်မူပြီးမှ ကပေရနောင်မြို့ သို့ ကြွဝင်တော်မူ၏။

[2] ထိုမြို့၌ တပ်မှူး၏ကျွန်တယောက်သည်နာ၍ သေခါနီးရှိ၏။ သူ၏သခင်သည် သူ့ကိုချစ်၍၊

[3] ယေရှု၏ သိတင်းတော်ကိုကြားလျှင်၊ ယုဒအမျိုး အကြီးအကဲတို့အလိုငှါ နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံ တရားကိုဟောလေ၏။

[4] ထိုသူတို့သည် ယေရှုထံတော်သို့ရောက်လျှင်၊ ကျေးဇူးတော်ကို ခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။

[5] သူသည် အကျွန်ုပ်တို့အမျိုးကို နှစ်သက်၍ အကျွန်ုပ်တို့အဘို့ တရားစရပ်ကို ဆောက်ပါပြီဟု၍ ကျပ် ကျပ်တောင်းပန်ကြ၏။

[6] ယေရှုသည် သူတို့နှင့်အတူကြွတော်မူ၏။ တပ်မှူးအိမ်နှင့်မနီးမဝေးရောက်တော်မူသောအခါ၊ တပ်မှူး သည် မိမိအဆွေတို့ကို စေလွှတ်၍၊ သခင်၊ ကိုယ်ကို ပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မခံထိုက်ပါ။

[7] ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရောက်ထိုက်သောသူမဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့်တော်တခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။

[8] ဥပမာကား၊ အကျွန်ုပ်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟု ဆိုလျှင်သွားပါ၏။ တဦးကိုလာခံဟုခေါ်လျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ် တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်စေ၏။

[9] ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့ဩခြင်းရှိ၍ နောက်တော်သို့လိုက်သောသူများကို လှည့် ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေးဟု မိန့်တော်မူ၏။

[10] တပ်မှူးစေလွှတ်သော သူတို့သည် အိမ်သို့ ပြန်ရောက်လျှင်၊ အနာရာဂါစွဲသော ကျွန်သည် ကျန်းမာ လျက်ရှိသည်ကို တွေ့ကြ၏။

[11] နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်တို့များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။

[12] မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုတ်ဆိုးမ၌ တယောက်တည်းသောသားအသေလောင်းကို သင်္ဂြိုဟ် ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။

[13] သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျှက် အနီးသို့ ကြွ၍ တလားကို လက်နှင့်တို့တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏၊

[14] ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အားငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊

[15] သေသောသူသည် ထိုင်၍စကားပြော၏၊ ကိုယ်တော်သည်လည်း ထိုသူကိုမိခင်အား အပ်ပေးတော်မူ ၏။

[16] လူအပေါင်းတို့သည် ကြောင့်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှု ကြွတော်မူပြီ ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။

[17] ထိုသိတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။

[18] ယောဟန်၏ တပည့်တို့သည် ထိုအကြောင်းအရာအလုံးစုံတို့ကို မိမိဆရာအားကြားပြောကြ၏။

[19] ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေရှုထံတော်သို့စေလွှတ်၍၊ ကိုယ် တော်သည် ကြွလာသောသူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက် စေ၏။

[20] ထိုသူတို့သည် အထံတော်သို့ရောက်လျှင်၊ ကိုယ်တော်သည်ကြွလသောသူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်ဟု မေးလျှောက်စေခြင်းငှါ၊ ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်ပါပြီဟု လျှောက်ကြ၏။

[21] ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေ တော်မူ၏။ မျက်စိကန်းသောသူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှါ ကျေးဇူးပြုတော်မူ၏။

[22] ထိုအခါယေရှုက၊ သင်တို့သည်ကြားရသမျှ၊ မြင်ရသမျှတို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြ လော့။ မျက်စီကန်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်သောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။

[23] ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သိတင်းကိုကြားရကြ၏။ ငါ့ကြောင့်စိတ်မပျက်သောသူ သည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။

[24] ယောဟန်စေလွှတ်သောသူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ဟောဟန်ကို အကြောင်းပြု၍ ပရိတ်သတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော့။

[25] သို့မဟုတ်နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော။ တင့်တယ်သော အဝတ်ကိုဝတ်ဆင်၍ ကောင်းမွန်စွာ စားသောက်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။

[26] ပရောဖက်ကို ကြည့်ရှုခြင်းငှါ သွားသလော့။ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို၏။

[27] ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြရသော ငါ၏တမန်ကိုသင့်ရှေ့၌ ငါစေ လွှတ်၏ဟုဆုရာ၌ ထိုသူကိုဆိုလိုသနည်း။

[28] ငါဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက် တ ယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ ကြီး မြတ်၏။

[29] အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏စကားကို ကြားနာရလျှင်၊ ဘုရားသခင်ကို ချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံကို ခံကြ၏။

[30] ဖာရိရှဲနှင့် ကျမ်းတတ်တို့မူကား၊ သူတို့အကျိုး အလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော် ကို ပယ်၍ ယောဟန်၏ ဗတ္တိဇံကို မခံဘဲနေကြ၏။

[31] ထိုကြောင့် ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း။ အဘယ်သူနှင့်တူသနည်း။

[32] ပွဲသဘင်၌ ထိုင်နေသောသူငယ်ချင်းတို့သည် တယောက်ကိုတယောက် အသံလွှင့်ကြ၍၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည်မကကြ။ ညည်းတွားစွာမြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြော ဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။

[33] အကြောင်းမူကား၊ ဗတ္တိဇံဆရာယောဟန်သည် မုန့်ကိုမစား၊ စပျစ်ရည်ကိုမသောက်ဘဲ လာသည်ရှိ သော် သင်တို့က၊ ဤသူသည် နတ်ဆိုးစွဲသော သူပါတကားဟု ဆိုကြ၏။

[34] လူသားသည် စားသောက်လျက်လာသည်ရှိသော်၊ ဤသူသည် စားကြူးသောသူ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူပါတကားဟု ဆိုပြန်ကြ၏။

[35] သို့သော်လည်း ပညာတရားသည် မိမိသားရှိသမျှတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်လွတ်၏ဟု မိန့်တော် မူ၏။

[36] ဖာရိရှဲတယောက်သည် အစာကို သုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ ထိုဖာရိရှဲ၏ အိမ်သို့ကြွ၍ စားပွဲ၌လျောင်းတော်မူ၏။

[37] ထိုသို့စားပွဲ၌လျောင်းတော်မူသည်ကိုထိုမြို့၌ဆိုးသောမိန်းမတယောက်သည် သိလျှင်၊ ဆီမွှေး ကျောက်ဖြူ ခွင်တလုံးကို ယူခဲ့၍၊

[38] နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကြလျှင် မိမိဆံပင် နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ၏။

[39] ကိုယ်တော်ကို ခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကို ကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။

[40] ယေရှုကလည်း၊ အချင်းရှိမုန်၊ သင့်အား ငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော်၊

[41] ယေရှုက၊ ဥစ္စာရှင်တဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ကား ဒေနာရိအပြားငါးရာ၊ တယောက်၌ ကား ငါးဆယ်ကြွေးရှိ၏။

[42] သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူနှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။

[43] ရှိမုန်ကလည်း၊ သာ၍ကျေးဇူးကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ဟု လျှောက် လျှင်၊ ယေရှုက၊ သင်ထင်သည်အတိုင်း မှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊

[44] ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကိုမြင်သလော။ သင်၏အိမ်သို့ ငါဝင်သော် သင်သည် ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေ ပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။

[45] သင်သည် ငါ့ကိုမနမ်း၊ သူမူကား၊ အိမ်သို့ဝင်သောအချိန်မှစ၍ ငါ့ခြေကို နမ်းလျက်မစဲဘဲနေ၏။

[46] သင်သည်ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကို ဆီမွှေးနှင့်လိမ်းလေပြီ။

[47] ထိုကြောင့် ငါဆိုသည်ကား၊ သူသည် များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ်လွတ်သောသူသည် အနည်းငယ်မျှသာ ချစ်တတ်သည်ဟု မိန့်တော်မူ၏။

[48] ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။

[49] စားပွဲ၌လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။

[50] ယေရှုသည် ထိုမိန်းမအားသင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလောဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင်။ — Chapters