
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမှာ ဖမ်းခံရတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ လူမှုကွန်ရက်အကောင့်ကို စစ်အာဏာရှင်တပ်က အသုံးပြုနေတဲ့အကြောင်း
- ထမင်းမစားရွာ စခန်းကို ပြန်သိမ်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ် ထိခိုက်သေဆုံးမှုရှိပြီး ပြန်ဆုတ်ခွာသွားခဲ့ရတာ
- စစ်အာဏာရှင်တပ်က မြိတ်မြို့မှ နာရေးအိမ်ကိုဝင်စီးပြီး အရပ်သားနှစ်ဆယ်ကျော်ကို ဖမ်းဆီးခဲ့တဲ့အခြေအနေ
- ကျွန်းစုပင်လယ်ပြင်မှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်း
- မော်လမြိုင်မှာ ဓားပြတိုက်ခံရလို့ ရွှေနဲ့ပစ္စည်း သိန်းထောင်ကျော်ပါတဲ့အခြေအနေ
- မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်နေတဲ့ မြန်မာ တစ်ရာနီးပါး ထပ်မံဖမ်းဆီးခံခဲ့ရတာ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။