Skip to content
Opens in a new window
Behold Your King! (Lenten Devotion 2026)
Behold Your King! (Lenten Devotion 2026)
Hope For Youth (WOH-LHM)

Behold Your King! (Lenten Devotion 2026)

“သင်တို၏ဘုရင်ကိုကြည့်လော့” Behold Your King!
Lenten Devotion (ခရစ်ယာန်တို၏ ဝါတွင်းအချိန်အခါ ဆင်ခြင်ခွန်အားယူစရာ

ဘုရားသခင်သည် လောကသားတိုကို ချစ်လွန်းသဖြင့် အပြစ်မှရွေးနှုတ်ရန် သားတော်ယေရှုကို စေလွှတ်ခဲ့သည်။ သိုသော် ကိုယ်တော်သည် လူသားတို၏ငြင်းပယ် ခြင်း၊ ကဲ့ရဲ့ခြင်းနှင့် အရှက်ခွဲခြင်းတိုကိုခံကာ ကျွန်ုပ်တိုကိုယ်စား ကားတိုင်ထက်၌ အသက်စွန့်ခဲ့သည်။
အပြစ်စီရင်ခြင်းခံရသူအဖြစ် လူအများ ထင်မှတ်ခဲ့သော်လည်း၊ ကိုယ်တော်သည် အမှန်တကယ်တွင် ကျွန်ုပ်တိုကို အပြစ်မှလွတ်မြောက်စေရန် လူ့ဇာတိခံယူ၍ ကြွလာသော ဘုရင်မြတ်ဖြစ်ပါသည်။ လူသားတိုအတွက် အသက်ကိုပင် စွန့်လွှတ်ခဲ့ခြင်းမှာ ဘုရားသခင်၏အတိုင်းအဆမရှိသော မေတ္တာတော်ပင် ဖြစ်ပါသည်။ 

ထိုကြောင့် သခင်ယေရှု၏အသက်စွန့်ချစ်ခြင်းမေတ္တာတော်ကို အောက်မေ့သတိရလျက် ဆင်ခြင်ခွန်အားယူဖိုရန် မိတ်ဆွေများကို ဖိတ်ခေါ်အပ်ပါသည်။


#LentenDevotion #2026 #BeholdYourKing! #WOHLHMMyanmar #wordofhopelhm #woh #hope4you #Devotion

Episodes

6th April_Lenten Devotions 2026 _ WOH
06 April 2026

6th April_Lenten Devotions 2026 _ WOH

သက်ဝင်လှုပ်ရှားမှု။အီစတာတနင်္လာနေ့၊ ဧပြီလ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတိုကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တိုသည် စည်းဝေးကြသောအရပ်သို ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ တပည့်တော်တိုသည် သခင်ကိုမြင်လျှင်...
5th April_Lenten Devotions 2026 _ WOH
05 April 2026

5th April_Lenten Devotions 2026 _ WOH

တစ်ဦးတည်းသော အရေးပါသူ။အီစတာတနင်္ဂနွေနေ့၊ ဧပြီလ ၅ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ၍တွင်းထဲသို ကြည့်လျှင်ကောင်းကင်တမန်နှစ်ပါးတိုသည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်ကြသည်ကိုမြင်လေ၏။ ထိုသူတိုက၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွားကြပြီ။...
4th April_Lenten Devotions 2026 _ WOH
04 April 2026

4th April_Lenten Devotions 2026 _ WOH

မေတ္တာလက်ဆောင်။သန့်ရှင်းသောစနေနေ့၊ ဧပြီလ ၄ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ ထိုနောက်မှ အရိမသဲမြိုသားယောသပ်သည် ယုဒလူတိုကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသိုဝင်၍ ယေရှု ၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ အထက်က ညအခါ ယေရှုထံသိုလာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပေါင်းကို ဆောင်လျက်လာ၏။ ထိုသူတိုသည်...
3rd April_Lenten Devotions 2026 _ WOH
03 April 2026

3rd April_Lenten Devotions 2026 _ WOH

မေတ္တာဇာတ်လမ်း။မဟာသောကြာနေ့၊ ဧပြီလ ၃ ရက်၊ ၂၀၂၆ခုနှစ်။ကျမ်းချက်။ ။ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ နေအရောင် ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အို အဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။(ရှင်လုကာ...
2nd April_Lenten Devotions 2026 _ WOH
02 April 2026

2nd April_Lenten Devotions 2026 _ WOH

တို့ထိနိုင်သော။သန့်ရှင်းသောကြာသပတေးနေ့၊ ဧပြီလ ၂ ရက်၊ ၂၀၂၆ ခုနှစ်ကျမ်းချက်။ ။ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တိုအား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတိုအားပေးတော်မူ၍ သင်တိုရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍...
1st April_Lenten Devotions 2026 _ WOH
01 April 2026

1st April_Lenten Devotions 2026 _ WOH

အမှုပြီးပြီ။ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။ (ရှင်ယောဟန် ၁၉:၃၀)မည်သည့်အမှုပြီးမြောက်သွားသနည်း။။ အထင်ရှားဆုံးမှာ သခင်ယေရှု၏ဒုက္ခဝေဒနာများ ပြီးဆုံးသွားပြီ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ထံသူ၏ ဝိ ညာဉ်ကို အပ်နှံပြီး အသက်စွန့်တော်မူသည်။သိုရာတွင် သခင်ယေရှုသည်...
31st March_Lenten Devotions 2026 _ WOH
31 March 2026

31st March_Lenten Devotions 2026 _ WOH

ပုံးရည်အင်္ဂါနေ့၊ မတ်လ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတိုသည် ရေမှိတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သိုကပ်ထားကြ၏။ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊အမှုပြီးပြီဟု မိန့်တော်မူ၏။(ရှင်ယောဟန်...
30th March_Lenten Devotions 2026 _ WOH
30 March 2026

30th March_Lenten Devotions 2026 _ WOH

မှောင်မိုက်တနင်္လာနေ့၊ မတ်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။ (ရှင်မဿဲ ၂၇: ၄၅-၄၆)သခင်ယေရှုမှ ဘုရားသခင်ကို “အကျွန်ုပ်ဘုရား၊အ...
29th March_Lenten Devotions 2026 _ WOH
29 March 2026

29th March_Lenten Devotions 2026 _ WOH

နောက်ဆုံးဖွင့်ပြသောသမ္မာတရားသဲလွင်ခက်တနင်္ဂနွေနေ့၊ မတ်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ မြည်းကျောပေါ်မှာ မိမိတိုအဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။ ခရီးသွားတော်မူစဉ်တွင် လူများတိုသည် မိမိတို အဝတ်ကို လမ်း၌ခင်းကြ၏။ တပည့်တော်များအပေါင်းတိုသည် မိမိတိုမြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည်...
28th March_Lenten Devotions 2026 _ WOH
28 March 2026

28th March_Lenten Devotions 2026 _ WOH

မည်သည့်အခါမျှ လက်လှမ်း၍မမီသော။စနေနေ့၊ မတ်လ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတိုကိုလည်းကောင်း၊ ကယ်တင်လော့ဟုကိုယ်တော်ကိုကဲ့ရဲ့၍ဆိုလေ၏။တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ငါတိုသည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား...